Skip to main content

ရှမ်းပြည်နယ်(တောင်ပိုင်း) မြို့နယ်အသီးသီးရှိ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များအား တွေ့ဆုံ၊ စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများပေးအပ်

နေပြည်တော် မတ် ၉

ရှမ်းပြည်နယ် (တောင်ပိုင်း) မြို့နယ်အသီးသီးရှိ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များကို ယနေ့မွန်းလွဲပိုင်းတွင် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းနှင့် တာဝန်ရှိသူများက ခရေရိပ်သာ၌ တွေ့ဆုံသည်။

ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များ၏ တင်ပြချက်များကို လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအတွက် အာဟာရဖြည့်စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများကို ချီးမြှင့်ထောက်ပံ့ပေးအပ်ရာ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်အသီးသီးမှ တာဝန် ရှိသူများက လက်ခံရယူခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်