Skip to main content

Oct 30, 2023

ချင်းပြည်နယ်၊ ထန်တလန်မြို့တွင် လုံခြုံရေးတာဝန်ထမ်းဆောင်လျက်ရှိသည့် တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား အလစ်အငိုက် အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ပြီး ထန်တလန်မြို့အတွင်းသို့ ဝင်ရောက်ကာ ငါနဲ့မတူ၊ ငါ့ရန်သူဟုသဘောထား၍ ဒေသခံပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ဆက်ကြေးကောက်ခြင်း၊ လူနေအိမ်များနှင့် နိုင်ငံပိုင်အဆောက်အဦများအား ဖျက်ဆီးခြင်း၊ မီးရှို့ခြင်း၊ ၎င်းအဆောက်အဦများကို အကာအကွယ်ရယူ၍ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ပစ်ခတ်တိုက်ခိုက်ခြင်း၊

ဆက်လက်ဖတ်ရှုရန်

Oct 30, 2023

အရေးပြိုင်ပွဲမှာ အဆင့်(၃)ဆင့်ပြီးသွားပါပြီ။ ဝါသနာရှင်ပထမတန်း၊ အခြေခံပညာအသက် ၁၅-၂၀၊ အဆင့်မြင့်ပညာတို့ဖြစ်ပါတယ်။ အခု ပြီးသွားတဲ့အဆင့်အထိ ပြိုင်ပွဲဝင်ကလေးတွေ ရေးသွားတာတွေ အလွန်အင်မတန်မှ ချီးကျူးလောက်ပါတယ်။ အံ့ဩလောက်အောင်တော်တော် ကောင်းပါတယ်။ လေ့လာမှုအားရော၊ စပ်ဆိုသွားတာတွေရောက စွန့်ပစ်စရာမရှိလောက်အောင် ကောင်းပါတယ်။ ဒီနှစ်ပြိုင်ပွဲဝင်ကလေးတွေကို တော်တော်အားရတယ်။ ကျွန်တော်တို့ သီချင်းရေးတဲ့ပညာရပ်ကတော့ နှစ်ပိုင်းပေါင်းစပ်ထားတာဖြစ်ပါတယ်။ စာပေနဲ့ ဂီတပေါင်းစပ်ထားတာပါ။ စာပေမှာဆို အလင်္ကာတို့၊ နဘေတို့၊ ကာရန်တို့ စပ်ပုံစပ်နည်း သတ်မှတ်ချက်စည်းကမ်းတွေရှိသလို သံစဉ်ပိုင်းဆိုင်ရာတွေကလည်း တော်တော်လေးလေးနက်နက် လေ့လာရတယ်။ တီးပေါက်တွေ၊ ဆိုပေါက်တွေ၊ ရေးဟန်တွေ အများကြီးရှိပါတယ်။ ဒါတွေကို စဉ်ဆက်မပြတ် လေ့လာဖို့လိုပါတယ်။

ဆက်လက်ဖတ်ရှုရန်

Oct 30, 2023

(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို နေပြည်တော်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ပြိုင်ပွဲဝင်များ၊ အကဲဖြတ်ပညာရှင်များ၊ အုပ်ချုပ်သူများနှင့်တွေ့ဆုံ၍ ပြိုင်ပွဲကြီးအပေါ်ထားရှိသည့် ၎င်းတို့၏သဘောထားခံစားချက်များကို တွေ့ဆုံမေးမြန်း ရေးသားဖော်ပြလိုက်ရပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 30, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းအား တရုတ်ပြည်သူ့သမ္မတနိုင်ငံ Phoenix New Media မှ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်နေ့တွင် လာရောက်တွေ့ဆုံ မေးမြန်းခဲ့ပါသည်။ တွေ့ဆုံ မေးမြန်းမှုအကျဉ်းချုပ်အား အောက်ပါအတိုင်း ဖော်ပြအပ်ပါသည်-

ဆက်လက်ဖတ်ရှုရန်

Oct 30, 2023

ညီလာခံတက်ရောက်သူများသည် ယူရေးရှားဒေသ လုံခြုံရေးအတွက် တစ်ကမ္ဘာလုံးနှင့် ဒေသတွင်းပထဝီနိုင်ငံရေးဆိုင်ရာ လိုအပ်ချက်များ၊ ယူရေးရှားဒေသအတွင်းရှိ နိုင်ငံများနှင့် ဒေသတွင်းအဖွဲ့အစည်းများအကြား အပြန်အလှန်ဆက်ဆံမှုဆိုင်ရာ ကိစ္စရပ်များကို အဓိကဆွေးနွေးခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 30, 2023

မြန်မာတို့၏ ၁၂ လရာသီ ယဉ်ကျေးမှုပွဲတော်များတွင် သီတင်းကျွတ် မီးထွန်းပွဲတော်သည် ဘာသာတရားကို အခြေခံသည့် မွန်မြတ်သော အစဉ်အလာပွဲတော်တစ်ခုဖြစ်သည်။ မြတ်စွာဘုရားရှင် တာဝတိံသာနတ်ပြည်မှ လူ့ပြည် သင်္ကဿနဂိုရ်ပြည်သို့ နတ်ဗြဟ္မာအပေါင်းခြံရံလျက် ဆင်းသက်တော်မူသည်ကို ကြိုဆိုသည့်အနေဖြင့် ဆီမီးထွန်းပူဇော်သည်ကို အကြောင်းပြု၍ အစဉ်အလာမပျက် သီတင်းကျွတ်မီးထွန်းပွဲတော် ဖြစ်လာပေသည်။

ဆက်လက်ဖတ်ရှုရန်

Oct 30, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ အခွင့်အရေးများ နစ်နာမှုမရှိစေရေးနှင့် နည်းလမ်းကျနမှန်ကန်မှုရှိသည့် အထွေထွေရွေးကောက်ပွဲတစ်ရပ်ဖြစ်စေရေး ဆောင်ရွက်ခြင်း၊ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ခြင်းတို့ပြီးစီးပါက လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပ၍ ထွက်ပေါ်လာသည့်အစိုးရအား နိုင်ငံတော်တာဝန်လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဟူသော လုပ်ငန်းစဉ်လည်း ပါဝင်သည်။ ဤသည်မှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အန္တိမရည်မှန်းချက်လည်း ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 30, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (၂) နှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန လေ့ကျင့်ရေးကဇာတ်ရုံ၌ ကျင်းပပြုလုပ်လျက်ရှိသည့် (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆဋ္ဌမမြောက်နေ့ ပြိုင်ပွဲများသို့ တက်ရောက်ကြည့်ရှု အားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Oct 29, 2023

ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ (၂၈-၁၀-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၉-၁၀-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၁,၉၃၈) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် မတွေ့ရှိရပါ။ ယနေ့တွင် COVID-19 ရောဂါဖြင့် သေဆုံးသူ မရှိပါ။

ဆက်လက်ဖတ်ရှုရန်

Oct 29, 2023

ကမ္ဘာ့နိုင်ငံအသီးသီးရှိ လူမျိုးတိုင်းတွင် ကိုယ်ပိုင်အမျိုးသားယဉ်ကျေးမှုနှင့် ရိုးရာဓလေ့ထုံးတမ်း အမွေအနှစ်များရှိကြသည်။ မြန်မာတိုင်းရင်းသားတို့တွင်လည်း ကိုယ်ပိုင်ယဉ်ကျေးမှုစရိုက်လက္ခဏာများဖြစ်သော စာပေ၊ ဂီတ၊ ရိုးရာထုံးတမ်းဓလေ့များ၊ ဒြပ်ရှိဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်များ နှစ်ပေါင်းထောင်ချီရှိခဲ့သည့် သမိုင်းအထောက်အထားများ ရှိခဲ့ပေသည်။

ဆက်လက်ဖတ်ရှုရန်

Oct 29, 2023

နေပြည်တော်ကောင်စီက ကြီးမှူးကျင်းပသော ဒက္ခိဏသီရိမြို့နယ်လုံးဆိုင်ရာ သတ္တမအကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲမင်္ဂလာ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ဒက္ခိဏသီရိမြို့နယ် ရန်အောင်မြင်ကျေးရွာအုပ်စု တပ်ပိုးကျေးရွာ ရန်အောင်မြင် ထန်းတောကျောင်းတိုက်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 29, 2023

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် အသံမစဲမဟာ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနားကို ယနေ့ညနေ ၅ နာရီတွင် ရွှေတိဂုံစေတီတော်ရင်ပြင်ရှိ ချမ်းသာကြီးတန်ဆောင်း၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 29, 2023

၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော နိုင်ငံသားအပေါင်းသည် ငြိမ်းချမ်းစွာနေထိုင်လိုကြသူများဖြစ်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 29, 2023

မြန်မာ့ရိုးရာယဉ်ကျေးမှု အနုသုခုမအမွေအနှစ်များကို ဖော်ထုတ်နိုင်ရန်နှင့် လူငယ်မျိုးဆက်သစ်များကို နိုင်ငံနှင့်လူမျိုး၊ အမျိုးသားယဉ်ကျေးမှုတို့၏ ဂုဏ်သိက္ခာကို အလေးထားတန်ဖိုးထားထိန်းသိမ်းနိုင်ရန်အတွက် (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို နေပြည်တော်တွင် ကြီးကျယ်ခမ်းနားစွာ ကျင်းပလျက်ရှိရာ အဆိုပါပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ပြိုင်ပွဲဝင်များ၊ အကဲဖြတ်ပညာရှင်များနှင့်တွေ့ဆုံ၍ ၎င်းတို့၏ ရင်တွင်းခံစားချက်များကို ဖော်ထုတ်ရေးသားတင်ပြလိုက်ရပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 29, 2023

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်) သင်တန်းအမှတ်စဉ် (၁၉) သင်တန်းဆင်းပွဲနှင့် အလုပ်ခန့်အပ်လွှာပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ ဒီဂရီကောလိပ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 29, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်ဦးကို အစမ်းခန့်ကာလ (၁)နှစ် ပြည့်မြောက်သည့်နေ့မှစ၍ အတည်ပြုခန့်ထားလိုက်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 29, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ကြူကြူလှသည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂) Signing Room ၌ကျင်းပသည့် “အမျိုးဂုဏ်၊ ဇာတိဂုဏ်မြှင့်တင်ရေး” တေးသီချင်း အဆိုပြိုင်ပွဲသို့ တက်ရောက်ကြည့်ရှုအားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Oct 29, 2023

ယနေ့သည် ၁၃၈၅ ခုနှစ် သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့ဖြစ်သည်။ သီတင်းကျွတ်လတွင် သင်္ကဿမှ မင်းနှင့်တကွသော ပြည်သူတို့သည် မြတ်စွာဘုရားရှင်အား ဆီမီးတန်ဆောင် ညှိထောင်ထွန်းလင်းပူဇော်ခြင်းဟူသော အစဉ်အလာအတိုင်း သီတင်းကျွတ်လတွင် မီးထွန်းပွဲပြုလုပ်ကြသည်။ တာဝတိံသာနတ်ပြည်၌ အဘိဓမ္မာတရား ဟောကြားတော်မူခဲ့သည်ကိုအကြောင်းပြု၍ သီတင်းကျွတ်လပြည့်နေ့ကို အဘိဓမ္မာအခါတော်နေ့မြတ်ဟု သတ်မှတ်ပူဇော်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 29, 2023

သီတင်းကျွတ်လသည် ရဟန်း၊ သာမဏေတို့ ဝါတွင်းသုံးလပတ်လုံး အရပ်တစ်ပါးသို့မသွားဘဲ သီတင်းသုံးနေထိုင်ကြရာမှ ကျွတ်လွတ်သွားလာခွင့်ရသောလဖြစ်သည်။ ‘‘မီးမြင်းမိုရ်နှင့်၊ ဝါဆိုကင်းလွတ်၊ သီတင်းကျွတ်မို့၊ ဘုံထွတ်ကယ်ဥကင်၊ ဖွင့်စံပယ်ရွှင်သောခါ၊ တိုင်းခွင်ကြီးအောင်ချာမှာ၊ ဆီမီးဝါထိန်ထိန်ဝင်းလို့၊ လင်းလှတယ်လေး”ဟူ၍ မဟာအတုလမင်းကြီးက ဖွဲ့ဆိုခဲ့သည်နှင့်အညီ လူတို့နေထိုင်ရာ ရပ်ရွာတို့တွင်မူ မီးမြင်းမိုရ်ပွဲ သို့မဟုတ် မီးထွန်းပွဲကျင်းပကာ မြတ်စွာဘုရားကို ပူဇော်သည့်လဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 28, 2023

(၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ဗဟိုအဆင့်) ပြိုင်ပွဲ ပဉ္စမနေ့ကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ သတ်မှတ်နေရာ အသီးသီးတွင် စည်ကားသိုက်မြိုက်စွာ ဆက်လက်ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်