Skip to main content

Oct 27, 2023

ပြည်ထောင်စုရွေးကောက်ပွဲ‌ကော်မရှင်က မဲဆန္ဒရှင်ပြည်သူများနှင့်တွေ့ဆုံ၍ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)နှင့် စပ်လျဉ်းပြီး ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ဇေယျာသီရိမြို့နယ်၌ စတုတ္ထနေ့အဖြစ် ယနေ့နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတို့က ဇေယျာသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆက်လက်ဆောင်ရွက်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 27, 2023

ထောပတ်သီးနှံ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်လာစေရန်၊ ထောပတ်သီးနှံမှ ပြည်ပပို့ကုန်ဝင်ငွေတိုးမြှင့် ရရှိစေရန်နှင့် ထောပတ်သီးနှံ၏ တန်ဖိုးကွင်းဆက်တစ်လျှောက် အားသာချက်၊ အားနည်းချက်၊ အခွင့်အလမ်းနှင့် စိန်ခေါ်မှုများကို ဆွေးနွေးဖော်ထုတ်ရန် ရည်ရွယ်ကျင်းပသည့် “ထောပတ်သီးနှံစိုက်ပျိုးထုတ်လုပ်မှု၊ ပြည်ပတင်ပို့မှုနှင့်စိန်ခေါ်မှုများ” အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရုံးအမှတ်(၁၅) စုဝေးဆောင်ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 27, 2023

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ဖိတ်ကြားချက်အရ ယနေ့မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ရှိ Wyndham Grand Yangon Hotel ၏ Grand Ballroom ၌ ကျင်းပသည့် ရပ်ဝန်းနှင့်ပိုးလမ်းမ ပူးပေါင်း ဆောင်ရွက်ရေး ဆွေးနွေးပွဲသို့ တက်ရောက်အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Oct 27, 2023

ပြန်ကြားရေးဝန်ကြီးဌာန၏ ဝန်ထမ်းများအတွက် သီတင်းကျွတ်ကာလ ပျော်ပွဲရွှင်ပွဲနှင့် ဖျော်ဖြေပွဲကို ယနေ့ညနေပိုင်း ရုံးဆင်းချိန်တွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 27, 2023

တပ်မတော်အနေဖြင့် သိပ္ပံနှင့်နည်းပညာဆိုင်ရာများ အထောက်အကူပြုနိုင်ရန်နှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ သိပ္ပံနှင့်နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ဖရင့် (၂၀၂၃) (Conference on Science and Technology Development – 2023) (CSTD-2023) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်တပ်နယ် စစ်တက္ကသိုလ် အဆင့်မြင့်စာပေ ပညာဗဟိုဌာန ငါးထပ်စာသင်ဆောင်ရှိ Multifunction Hall ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 27, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီးဒေါ်ကြူကြူလှသည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂) Plenary Hall ၌ကျင်းပသည့် အခြေခံပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ် အတွင်း) အမျိုးသမီးအကပြိုင်ပွဲသို့ တက်ရောက်ကြည့်ရှုအားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Oct 27, 2023

​​​​​​​အသေးစား၊ အငယ်စားနှင့်အလတ်စား MSME စီးပွားရေးလုပ်ငန်းများသည် နိုင်ငံတစ်နိုင်ငံအတွက် အရေးပါသော အခြေခံကျသည့်လုပ်ငန်းများဖြစ်သည်။ နိုင်ငံများသည် MSME လုပ်ငန်းများကို အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်ပြီး စီးပွားရေးဦးမော့လာကြသည်။ ထို့ကြောင့် အဓိကကျသည့် MSME လုပ်ငန်းများကို အားပေးမြှင့်တင်ခြင်းဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်လာစေပြီး နိုင်ငံသားများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ မြှင့်တင်ပေးနိုင်မည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 27, 2023

ယနေ့ကမ္ဘာတွင် လူ့အခွင့်အရေးနှင့်စပ်လျဉ်း၍ အကျယ်လောင်ဆုံး ထုတ်ဖော်ပြောဆိုနေကြသည့်နိုင်ငံများမှာ အတိတ်ကာလက ကမ္ဘာတစ်ခွင်နယ်ချဲ့ဝါဒဖြင့် လွတ်လပ်သည့်နိုင်ငံများကို ကျူးကျော်သိမ်းပိုက်ခဲ့ကြသည့် ကိုလိုနီအင်ပါယာရှင် နိုင်ငံဟောင်းများ၊ လူ့အခွင့်အရေးကို အကြီးအကျယ်ချိုးဖောက်ခဲ့သည့် နိုင်ငံများသာဖြစ်ကြသည်ကို တွေ့ရှိနိုင်သည်။ ထို့အပြင် အဆိုပါနိုင်ငံများသည် လူ့အခွင့်အရေးဟူသောခေါင်းစဉ်ကို လက်နက်သဖွယ်စွဲကိုင်၍ အုပ်စုဖွဲ့လှုပ်ရှားကာ ၎င်းတို့လိုလားသည့် နိုင်ငံများအပေါ်တွင် စံတစ်မျိုး၊ ၎င်းတို့မလိုလားသည့် နိုင်ငံများအပေါ်တွင် စံတစ်မျိုးဟူ၍ စံနှစ်မျိုးကိုလည်း ခွဲခြားကျင့်သုံးကြသေးသည်။

ဆက်လက်ဖတ်ရှုရန်

Oct 26, 2023

​​​​​​​ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ (၂၅-၁၀-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၆-၁၀-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၂,၅၅၇)ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၀၄) ရာခိုင်နှုန်း ဖြစ်ပါသည်။ ယနေ့တွင် COVID-19 ရောဂါဖြင့် သေဆုံးသူမရှိပါ။

ဆက်လက်ဖတ်ရှုရန်

Oct 26, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊  ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး အသစ်အဖြစ် ခန့်အပ်ခြင်းခံရသည့် မစ္စတာ အီစ်ကန်ဒဲ အာဇီဇော့ဖ် အား ၂၆-၁၀-၂၀၂၃ ရက်နေ့ ၁၃၃၀ နာရီတွင် နေပြည်တော်၊ ရုံးအမှတ်(၁၀)၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 26, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယနေ့ညနေပိုင်းတွင် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E.Mr. Iskander Azizov အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး သံတမန်ဆောင် ဧည်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Oct 26, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး(၅/၂၀၂၃)ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Oct 26, 2023

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (လမ်း/တံတား) မှ တာဝန်ယူတည်ဆောက်မည့် ရွှေတိဂုံစေတီတော် (အနောက်ဖက်မုခ်နှင့် ပြည်သူ့ရင်ပြင်ပန်းခြံကြား) မြေအောက်လမ်းကူး လူသွားဥမင် (Underpass) အဆောက်အဦ ရတနာပန္နက်တော်တင်မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊  ဦးဝိစာရလမ်း၌ ပြုလုပ်ရာ အခမ်းအနားသို့ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် တိပိဋက ဩဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ စေတိယင်္ဂဏပဝရ သီရိမဟာဓမ္မာဂုရု သ.စ.အဓမ္မာစရိယ (ဝဋံသကာ) ပါဠိပါရဂူ၊ လှရတနာဆရာတော် ဘဒ္ဒန္တနာရဒါဘိဝံသ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 26, 2023

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်၊ နံနက် ၃ နာရီ ၄၀ မိနစ်တွင် မော်လမြိုင်မြို့၊ ပန်းဘဲတန်းရပ်ကွက်၊ အမှတ်(၉)ကျောင်းလမ်းရှိ အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်း၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူးဦးစီးသော မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများမှ မီးသတ်ယာဉ် ၈ စီး၊ ရေသယ်ယာဉ် ၃ စီး၊ အုပ်ချုပ်မှုယာဉ် ၁ စီးတို့ဖြင့် ဝိုင်းဝန်းငြိမ်းသက်ခဲ့ရာ နံနက် ၇ နာရီ ၃၀ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း၊ မီးလောင်မှုကြောင့် အလျား ၉၅ ပေ၊ အနံ ၃၀ ပေရှိ သွပ်မိုး၊ အုတ်ခံ၊ ပျဉ်ထောင် ၂ ထပ်ကျောင်းဆောင်အဆောက်အဦ ၁ လုံးနှင့် အလျား ၄၀ ပေ၊ အနံ ၃၀ ပေရှိ RC ၂ ထပ် သင်ထောက်ကူအဆောက်အဦ ၁ လုံးတို့ မီးလောင်ပျက်စီးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ငွေကျပ်ကိုးဆယ့်သုံးသိန်းခုနှစ်သောင်းငါးထောင်ကျပ်ခန့်ဖြစ်ကြောင်း၊ ဖြစ်စဉ်နှင့်ပတ်သက်၍ သံသယဖြစ်ဖွယ်အမျိုးသမီးတစ်ဦးအား ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးလျက်ရှိကြောင်း၊ မီးလောင်မှုဖြစ်စဉ်ကြောင့် ပျက်စီးသွားသော အဆောက်အဦများအား ပြန်လည်ပြုပြင်တည်ဆောက်သွားမည်ဖြစ်ကြောင်းနှင့် ကျောင်းသူ၊ကျောင်းသားများအား ကျောင်းပြန်လည်ဖွင့်ချိန်တွင် နှစ်သုတ်တက်စနစ်ဖြင့် အရှိန်မပျက်ပညာသင်ကြားနိုင်ရေး စီစဉ်ထားပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 26, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံ သံအမတ်ကြီး H.E. Mr. Iskander Azizov ကို ယနေ့ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးရုံးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Oct 26, 2023

မြန်မာနိုင်ငံသွားဘက်ဆိုင်ရာဆေးပညာညီလာခံ(၂၀၂၃)

ဆက်လက်ဖတ်ရှုရန်

Oct 26, 2023

တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၏ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်)တွင် သံဃာတော် ၄၁၇ ပါးအား ဆွမ်းဆက်ကပ် လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ရှိ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်(ရန်ကုန်)၌ ကျင်းပရာ ဒုတိယဝန်ကြီး ဦးဇော်အေးမောင် နှင့် မိသားစုဝင်များ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန တာဝန်ခံ ညွှန်ကြားရေးမှူး ဦးပြေဟိန်းနိုင်၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူဝင်း၊ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ တာဝန်ခံ ဦးစန်းလှိုင်နှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက် ကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 26, 2023

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ စာသင်တိုက်များ၊ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများတွင် သီတင်းသုံးလျက်ရှိသည့် သံဃာတော်များနှင့် သီလရှင်များအား အစာအိမ် အူလမ်းကြောင်းနှင့် အသည်းရောဂါဖောင်ဒေးရှင်း(မြန်မာ)မှ ကမ္ဘာ့အသည်းရောင်ရောဂါနေ့ အထိမ်းအမှတ် အသည်းရောင်/အသားဝါဘီပိုး ရောဂါကာကွယ်ဆေးထိုးနှံခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ် မဟာဓမ္မိကာရာမ အုန်းတောပရိယတ္တိစာသင်တိုက်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 26, 2023

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ယနေ့ နံနက် ၁၁ နာရီတွင် နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) တွင် တက်ရောက်ကုသနေသော(၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ရုပ်သေးအကဲဖြတ် ပညာရှင်အဖြစ် ဆောင်ရွက်ရန်ရောက်ရှိနေသည့် ရုပ်သေးအကဲဖြတ်ပညာရှင် ဦးစိန်ထွန်းကြည် အသက် (၈၄)နှစ်ကို သွားရောက်ကြည့်ရှုအားပေးကာ လိုအပ်သည်များ ပံ့ပိုးဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Oct 26, 2023

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ မြန်မာ-ရုရှား ခရီးသွားမြှင့်တင်ရေး ရင်းနှီးကျွမ်းဝင်မှုဆိုင်ရာခရီးစဉ် (Familiarization Trip-FAM Trip) အစီအစဉ်ဖြင့် မြန်မာနိုင်ငံသို့ ဖိတ်ခေါ်သည့်ခရီးစဉ်တွင် လိုက်ပါလာသည့် ရုရှားခရီးသွားကိုယ်စားလှယ်များအား ယနေ့ နံနက်ပိုင်းတွင် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်၍ အမှတ်တရပန်းစည်း ပေးအပ်သည်။

ဆက်လက်ဖတ်ရှုရန်