Oct 28, 2023
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးသည် ကော်မရှင်အဖွဲ့ဝင် ဦးသန်းထွန်း နှင့်အတူ ယနေ့ မွန်းလွဲပိုင်းတွင် ပုသိမ်မြို့ ဧရာရွှေဝါခန်းမ၌ နိုင်ငံရေးပါတီ ၇ ပါတီမှ တိုင်းဒေသကြီးအဆင့် ပါတီဥက္ကဋ္ဌများ၊ တာဝန်ခံများနှင့် မြို့နယ်တာဝန်ခံများအားတွေ့ဆုံ၍ ပါတီဝင်အင်အားများ စုဆောင်းမှုမှအစ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်း ဥပဒေများအပါအဝင် သက်ဆိုင်ရာ တည်ဆဲဥပဒေများနှင့်အညီ နိုင်ငံရေးပါတီ ထူထောင်ဆောင်ရွက်ခြင်းဖြင့် မိမိဒေသအကျိုး၊ နိုင်ငံတော်အကျိုး သယ်ပိုးနိုင်သည့် ခိုင်မာအား ကောင်းသောနိုင်ငံရေး ပါတီများဖြစ်လာစေရေး ကြိုးပမ်းဆောင်ရွက်ရန် မှာကြားသည်။
သိပ္ပံနှင့် နည်းပညာဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးကွန်ဖရင့် (၂၀၂၃) သတ္တမအကြိမ် အောင်မြင်စွာ ကျင်းပပြီးစီး
Oct 28, 2023
အဆင့်မြင့်ပညာဖွံ့ဖြိုးတိုးတက်ရေးနှင့် သိပ္ပံနှင့်နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကွန်ဖရင့် (၂၀၂၃) “Conference on Science and Technology Development – 2023 ” ကို အောက်တိုဘာ ၂၆ ရက်မှ စတင်ကျင်းပခဲ့ပြီး ပိတ်ပွဲအခမ်းအနားကို ယနေ့ ညနေ ၄ နာရီတွင် ပြင်ဦးလွင်တပ်နယ် စစ်တက္ကသိုလ်အဆင့်မြင့်စာပေပညာဗဟိုဌာန ငါးထပ်စာသင်ဆောင်၌ ကျင်းပပြုလုပ်သည်။
Oct 28, 2023
နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်/မန္တလေး) ၂၀၂၃-၂၀၂၄ (၁၃၈၅-၁၃၈၆)ခု၊ ပညာသင်နှစ်အတွက် သာသနတက္ကသီလ ဓမ္မာစရိယ(ပထမနှစ်)သို့ တက်ရောက်လိုသော ရဟန်း/ သာမဏေများသည် အစိုးရပထမကြီးတန်း၊ စေတိယင်္ဂဏစာသင်တန်း၊ သကျသီဟ စာသင်တန်းတစ်ခုခု အောင်မြင်ပြီး သက်တော် (၃၀)နှစ်၊ သိက္ခာ (၁၀)ဝါအောက် ရှိရမည်။
Oct 28, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ကြူကြူလှသည် ယနေ့ညနေပိုင်းတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနရှိ ယဉ်ကျေးမှုရတနာခန်းမ၌ ကျင်းပသည့် ရုပ်စုံသဘင်အဖွဲ့လိုက် ပြိုင်ပွဲသို့ တက်ရောက် ကြည့်ရှုအားပေးသည်။
Oct 28, 2023
နိုင်ငံတော်အစိုးရသည် ပြည်ပတွင် အလုပ်လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသားများကို အစဉ်ကြည့်ရှုစောင့်ရှောက်လျက်ရှိပြီး အခက်အခဲများကြုံတွေ့လာပါက ကူညီဆောင်ရွက်ပေးလျက်ရှိရာ အစ္စရေးနိုင်ငံတွင် ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများကို ပြန်လည်ခေါ်ယူနိုင်ရေး နိုင်ငံတော်အစိုးရက စီမံဆောင်ရွက်ခဲ့ရာတွင် အောက်တိုဘာ ၂၆ ရက် ည ၉ နာရီကျော်တွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိလာရာ မိဘဆွေမျိုးများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လှိုက်လှဲဝမ်းမြောက်စွာ ကြိုဆိုခဲ့ကြသည်။
Oct 28, 2023
အမျိုးသားရေးဆိုသည်မှာ နိုင်ငံတော်နှင့် နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့် ပြည်သူအားလုံး၏ အကျိုးစီးပွားဖြစ်သည်။ ဆိုလိုရင်းအချက်မှာ မိမိတိုင်းပြည် ကောင်းစားရေးဖြစ်သည်။ မျက်မှောက်ကာလ မြန်မာနိုင်ငံ၏ နိုင်ငံရေးရည်မှန်းချက်မှာ စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးဖြစ်သည်။
Oct 28, 2023
နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို မျှော်လင့် နေကြသော ပြည်သူများအဖို့ အောက်တိုဘာ ၂၇ ရက် နံနက်ပိုင်း တွင် လူမှုကွန်ရက်စာမျက်နှာများ၌ တွေ့မြင်ရသည့် တိုက်ခိုက်မှု၊ ဖျက်ဆီးမှုပုံရိပ်များနှင့် သတင်းများမှာ ဝမ်းနည်းဖွယ်၊ စိတ်မချမ်းမြေ့ဖွယ်ပင် ဖြစ်သည်။ ထို့အပြင် လက်နက်ကိုင်ဆောင်ထား သူများမဟုတ်သည့် အရပ်သားအပြစ်မဲ့ ပြည်သူများကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားမှုမှာလည်း စိုးရိမ်ပူပန်စရာ ဖြစ်သည်။
Oct 27, 2023
၁။ ရှမ်းပြည်နယ်မြောက်ပိုင်း ချင်းရွှေဟော်နှင့်အနီးတစ်ဝိုက်၌ ၂၇-၁၀-၂၀၂၃ ယနေ့နံနက်ပိုင်းတွင် သောင်းကျန်းသူများက အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ပြီး အရပ်သားများအား ဓားစာခံများအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြသည်။
Oct 27, 2023
၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် ယခုချိန်တွင် စစ်မှန်စည်းကမ်း ပြည့်ဝသော ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ လျှောက်လှမ်းနိုင်ရန် ကြိုးပမ်းနေချိန်ဖြစ်ပြီး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) (၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို အောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့ပြီးဖြစ်ပါသည်။ ယခုလို အချိန်တွင် ပြည်တွင်းမငြိမ်မသက်ဖြစ်စေရန်နှင့် ပြည်သူလူထုအား ကြောက်ရွံ့ထိတ်လန့်မှုများ ဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် လက်နက်ကိုင်သောင်းကျန်းသူအချို့သည် ယနေ့ ၂၇-၁၀-၂၀၂၃ ရက် သောကြာနေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်မြောက်ပိုင်း မြို့နယ်များရှိ နေရာအချို့ကို တိုက်ခိုက်ဖျက်စီးမှုများပြုလုပ်ခဲ့ပြီး အပြစ်မဲ့ပြည်သူအချို့အား အကြမ်းဖက်ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြကြောင်း သိရှိရပါသည်။
Oct 27, 2023
ယနေ့(၂၇.၁၀.၂၀၂၃) ရက်နေ့တွင် ရှမ်းပြည်နယ်အတွင်းရှိ နေရာအချို့ကို တိုက်ခိုက် ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ပြီး အပြစ်မဲ့ ပြည်သူအချို့အား အဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် အကြမ်းဖက်လုပ်ရပ်များအပေါ် မြန်မာနိုင်ငံဂီတ အစည်းအရုံး(ဗဟို)အနေဖြင့် လက်မခံနိုင် ပါကြောင်းနှင့် ပြင်းထန်စွာကန့်ကွက် ရှုတ်ချပါကြောင်း သဘောထားထုတ်ပြန် ကြေညာအပ်ပါသည်။
Oct 27, 2023
၁။ စစ်မှန်၍ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ လျှောက်လှမ်းရန် ကြိုးပမ်းနေချိန်တွင် တိုင်းပြည်အတွင်းမငြိမ်မသက် ဖြစ်စေရန်နှင့် ပြည်သူလူထုအား စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်စေရန် ရည်ရွယ်လျက် လက်နက်ကိုင် သောင်းကျန်းသူအချို့က ယနေ့ (၂၇-၁၀-၂၀၂၃) ရက်နေ့တွင်ရှမ်းပြည်နယ်အတွင်းရှိ နေရာအချို့ကို တိုက်ခိုက်ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ပြီး အပြစ်မဲ့ ပြည်သူအချို့အား အဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရပါသည်။
Oct 27, 2023
နိုင်ငံတော်အစိုးရက နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိရာ ဝိသမလောဘသားများ အနေဖြင့် Online မှတစ်ဆင့် ငွေကြေးလိမ်လည်မှုများပြုလုပ်နိုင်ရန် ရန်ကုန်မြို့တွင် အခြေပြု၍ ပြည်ပနိုင်ငံသားများ၏ အချက်အလက်များ ရှာဖွေစုဆောင်းကာ တစ်ဖက်လိမ်လည်သူများထံသို့ ပေးပို့ရောင်းချ လျက်ရှိကြောင်း သတင်းရရှိသည့် အတွက် လုံခြုံရေးအဖွဲ့အစည်းများမှဖော်ထုတ်ဖမ်းဆီးနိုင်ရေး ဆောင်ရွက်ခဲ့သည်။
Oct 27, 2023
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Oct 27, 2023
ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ (၂၆-၁၀-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၇-၁၀-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၂,၅၈၃) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၂) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၀၈) ရာခိုင်နှုန်း ဖြစ်ပါသည်။ ယနေ့တွင် COVID-19 ရောဂါဖြင့် သေဆုံးသူ မရှိပါ။
Oct 27, 2023
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး ၂၀၂၃ ခုနှစ်၊ စက်မှုထုတ်ကုန်နှင့် ရေထွက်ကုန်ပစ္စည်း သီတင်းကျွတ်ဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ဒဂုံမြို့နယ် ပြည်သူ့ရင်ပြင်တွင်ကျင်းပသည်။
Oct 27, 2023
ပြည်မြို့ပေါ်ရှိဈေးများသို့ အာတာလွတ်ဥ(ခေါ်) ဝါးဥများ စက်တင်ဘာလ နောက်ဆုံးပတ်မှ စပြီးဝင်ရောက်မှုရှိလာကာ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ဝါးတောဝါးလည် ကျေးရွာတွင် အဓိကစိုက်ပျိုးထွက်ရှိပြီး ဈေးကွက်သို့ ဖြန့်ချီရောင်းချလျက်ရှိကြောင်း သိရပါသည်။ အာတာလွတ်ဥ (ခေါ်) ဝါးဥကို အချို့အရပ်ဒေသများတွင် ကလားဝါးဥဟု ခေါ်ဆိုကြောင်း သိရပါပြီး အရသာမှာ စိမ့်စိမ့်လေးနှင့် ဆီ၊ ဆား၊ နှမ်းတို့ဖြင့် သုပ်ကာစားကြပြီး ဝါးဥကို မုန့်နှစ်ဖြင့်လည်း အကြွပ်ကြော်စားလေ့ရှိကြောင်း သိရပါသည်။ သတ်သတ်လွတ်သမားများ ပိုမိုဝယ်ယူစားသုံးကြပြီး မုန့်ပဲသရေစာအဖြစ် စားသောက်ကြပါသည်။
Oct 27, 2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့အနေဖြင့် ဒေသထုတ်ကုန် အစားအစာများစွာ ရှိသည့်အနက် ပြည်ထမင်းသုပ်နှင့် ပြည်ကော်ရည်ခေါက်ဆွဲသည် လူသိများ၍ အကြိုက်များသော အစားအစာဖြစ်ပါသည်။ ပြည်ထမင်းသုပ်နှင့် ပြည်ကော်ရည်ခေါက်ဆွဲကို ဒေသတွင်းစားသုံးသူများက ဝယ်ယူစားသုံးခြင်းဖြင့် သာမကဘဲ အခြားမြို့ကြီးများသို့ တင်ပို့ရောင်းချနိုင်ရန်အတွက် နိုင်ငံတော်အစိုးရမှ ဒေသထုတ်ကုန် အရောင်းပြခန်းများကို ဖွင့်လှစ်၍ ရောင်းချစေခဲ့ပါသည်။ ထိုသို့ ဒေသထုတ်ကုန်အစားအစာများအား ရောင်းချခြင်းကြောင့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေး လုပ်ငန်းလုပ်ကိုင်လိုသူများအနေဖြင့် ဈေးကွက်ပိုမိုရရှိစေရန်၊ စီးပွားရေး လုပ်ငန်းရှင်များအား အစုအဖွဲ့ဖြင့် ဆောင်ရွက်ခြင်းဖြင့် စီးပွားရေးလုပ်ငန်းမှား ပိုမိုတွင်ကျယ်လာစေခြင်း၊ မိသားစုဝင်ငွေ တိုးပွားလာစေခြင်း၊ ဒေသထုတ်ကုန်အပေါ်အခြေခံ၍ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိစေခြင်း၊ ဒေသအတွင်း စားရေးရိက္ခာဖူလှုံစေခြင်းနှင့် ဒေသဖွံ့ဖြိုးမှုကို အထောက်အကူပြုစေခြင်း စသည့်တို့ကိုရည်ရွယ်၍ ဒေသထုတ်ကုန် အရောင်းပြခန်းများဖွင့်လှစ် ရောင်းချစေခြင်းဖြစ်ပါသည်။ ထိုမှတစ်ဆင့် လူသိများပြီး တစ်နိုင်ငံလုံးသာမက တစ်ဆင့်မြှင့်ထုတ်ကုန်အဖြစ် ထပ်မံဖြည့်ဆည်း၍ ထုတ်လုပ်လာနိုင်မည်ဆိုပါက ပြည်ပနိုင်ငံများသို့လည်း တင်ပို့ရောင်းချနိုင်မှာဘဲဖြစ်ပါသည်။
Oct 27, 2023
မြန်မာ့ရိုးရာရက်ကန်းအထည်အလိပ်များသည် နိုင်ငံ၏ယဉ်ကျေးမှု၊ ကြွယ်ဝမှုနှင့် ရာစုနှစ် များစွာရှိ လက်မှုပညာကိုရောင်ပြန်ဟပ်ကာ စွဲမက်ဖွယ်ကောင်းသော ဆွဲဆောင်မှုတစ်ခုဖြစ်သည်။ ချည်ထည်တစ်ခုစီသည် ရိုးရာ၊ သမိုင်းနှင့် ကျွမ်းကျင်မှုဆိုင်ရာ ဇာတ်လမ်းတစ်ပုဒ်ကိုသရုပ်ဖော်ထားပြီး ယင်းအထည်များမှာ မြန်မာ့အမွေအနှစ်၏ အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်လာစေပါသည်။
Oct 27, 2023
တောင်ငူမြို့တွင် တစ်ပိုင်တစ်နိုင် မှိုစိုက်ပျိုးသူများရှိပါသည်။ အိမ်၌နေရင်း အိမ်တွင်းစီးပွားအဖြစ်လည်း ခြံထဲတွင်စိုက်ပျိုးကြပါသည်။ မှိုစိုက်ပျိုးရာတွင် ဘောင်လုပ်၍ စိုက်ပျိုးရပါသည်။ ဘောင်တစ်ဘောင်လျှင် မှိုထုပ် ၅ ထုပ် စိုက်ပျိုးရပါသည်။
Oct 27, 2023
တောင်ငူမြို့၊ ညောင်ပင်ဈေးရှိ သစ်သီးဆိုင်များတွင် ပင်မှည့်သီး(ခေါ်) လိုင်းမချူးသီး တစ်ပိဿာလျှင် ၃၀၀၀ ကျပ်ဖြင့် ရောင်းချပါသည်။ ပင်မှည့်သီးကို သကြားနှင့် တို့စားနိုင်သည့်အပြင် ဖျော်ရည်အဖြစ်လည်း သောက်သုံးနိုင်ပါသည်။ ပင်မှည့်သီးဖျော်ရည်ကို ပုံမှန်သောက်သုံးပေးခြင်းအားဖြင့် ကျန်းမာရေးကို များစွာအထောက်အကူပြုပါသည်။