Nov 01, 2023
အမျိုးသားရေးစိတ်ဓာတ်နှင့် ရိုးရာယဉ်ကျေးမှုဟူသည် ဒင်္ဂါးတစ်ပြား၏ ခေါင်းနှင့်ပန်းသဖွယ်ဖြစ်ပြီး နိုင်ငံတိုင်း၊ လူမျိုးတိုင်းတွင် ရှိနေကြသောအရာများလည်း ဖြစ်သည်။ ကမ္ဘာ့နိုင်ငံများကို လေ့လာပါက တစ်နိုင်ငံတွင် လူမျိုးတစ်မျိုးတည်းသာ နေထိုင်နေကြခြင်းမဟုတ်ဘဲ ဘာသာစကား၊ ဓလေ့ထုံးစံ၊ ယဉ်ကျေးမှုစသည်တို့ မတူကွဲပြားသည့်လူမျိုးများ စုပေါင်းနေထိုင်ကြခြင်းဖြစ်သည်ကို တွေ့နိုင်သည်။ အချို့ဘာသာစကားတစ်မျိုးတည်းကိုသာ တစ်နိုင်ငံလုံးတွင် ပြောနေကြစေကာမူ ဒေသတစ်ခုနှင့်တစ်ခု၊ တစ်မြို့နှင့်တစ်မြို့ လေယူလေသိမ်း၊ အသုံးအနှုန်းစသည်တို့တွင် ကွဲပြားခြားနားတတ်ကြပြန်သည်။ ယင်းသို့ နိုင်ငံတစ်နိုင်ငံအတွင်းရှိ လူမျိုးနွယ်အလိုက်၊ ဒေသအလိုက် မတူညီမှု၊ ကွဲပြားခြားနားမှုများကို ညီညွတ်အောင်စုစည်းပေးသောအရာမှာ အမျိုးသားရေးစိတ်ဓာတ်နှင့် ရိုးရာယဉ်ကျေးမှုပင်ဖြစ်သည်။
Oct 31, 2023
ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်အောင်မြင်ခဲ့သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်တော်မူသော မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရဟန်း၊ ရှင်လူအများပြည်သူများ ဖူးမြော်ကြည်ညိုနိုင်ရေးအတွက် ဩဂုတ်လ ၈ ရက်နေ့မှစ၍ စတင်ခွင့်ပြုပေးခဲ့ရာ ပြည်တွင်းပြည်ပမှ ဘုရားဖူးလာရောက်သူများဖြင့် နေ့စဉ်မပြတ်စည်ကားလျက်ရှိသည်။
Oct 31, 2023
တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့နှင့် ကျန်းမာရေးဝန်ကြီးဌာန နယ်လှည့်အထူးကုဆေးအဖွဲ့တို့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သည့် တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ် (သံလွင်) သည် ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းပတ်ဝန်းကျင်ကျေးရွာများနှင့် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်ရှိမြို့နယ်၊ ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် ယနေ့နေလယ်ပိုင်းတွင် ရန်ကုန်မြို့၊ အမှတ်(၃)ရေတပ်ဆိပ်ခံတံတား (သီလဝါ) မှ ထွက်ခွာကြရာ တပ်မတော် (ရေ) မှ အရာရှိကြီးများနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများက ပို့ဆောင်နှုတ်ဆက်ကြသည်။
Oct 31, 2023
KIA နှင့် ပူးပေါင်းအင်အားစုများအနေဖြင့် ယနေ့နံနက်ပိုင်းတွင် အများပြည်သူအသုံးပြုလျက်ရှိသော မြစ်ကြီးနား-ဗန်းမော် အဓိကဆက်သွယ်ရေး ကားလမ်းမကြီးအား လုံခြုံရေး ဆောင်ရွက်လျက်ရှိသည့် ကန်တော်ယန်တစ်ဝိုက်ရှိ လုံခြုံရေးအဖွဲ့အား အင်အားအလုံးအရင်းဖြင့် အလစ်အငိုက်ရယူ၍ ဝင်ရောက်တိုက်ခိုက်ခဲ့သည်။
Oct 31, 2023
ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးအတွင်း ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ မြစ်ဝကျွန်းပေါ်နေ ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့နှင့် ကျန်းမာရေးဝန်ကြီးဌာန နယ်လှည့်အထူးကုဆေးအဖွဲ့တို့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ် (ရွှေပုဇွန်) နှင့် မြစ်ရေယာဉ် (စကု) တို့သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ အမှတ်(၄) ရေတပ်ဗောတံတားမှ ထွက်ခွာရာ တပ်မတော် (ရေ) မှ အရာရှိကြီးများနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများက ပို့ဆောင်နှုတ်ဆက်ကြသည်။
Oct 31, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုး အမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်၍ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာသူများကို လိုအပ်သည့်ကူညီပံ့ပိုးမှုများ
Oct 31, 2023
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Oct 31, 2023
ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ (၃၀-၁၀-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၃၁-၁၀-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၂,၅၉၆) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၂) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၀၈) ရာခိုင်နှုန်း ဖြစ်ပါသည်။ ယနေ့တွင် COVID-19 ရောဂါဖြင့် သေဆုံးသူ မရှိပါ။
Oct 31, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းအား တရုတ်ပြည်သူ့သမ္မတနိုင်ငံ Phoenix New Media မှ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်နေ့တွင် လာရောက်တွေ့ဆုံမေးမြန်းခဲ့ပါသည်။ တွေ့ဆုံမေးမြန်းမှုအကျဉ်းချုပ်အား အောက်ပါအတိုင်း ဖော်ပြအပ်ပါသည်-
Oct 31, 2023
မြတ်စွာဘုရားရှင်အား ရည်မှန်းပူဇော်သည့် မြန်မာ့ရိုးရာသီတင်းကျွတ် ဆီမီး ၅၀၀၀ မီးထွန်းပွဲတော်ကို မြန်မာတို့၏ နေ့ထူးနေ့မြတ်ဖြစ်သော သီတင်းကျွတ်လပြည့်နေ့မှစတင်၍ မန္တလေးမြို့ နန်းမြို့ရိုးနှင့် ကျုံးရေပြင်အကြားရှိ ရတနာပုံဥယျာဉ်၌ ကျင်းပလျက်ရှိရာ ယနေ့အောက်တိုဘာ ၃၀ ရက် ညပိုင်းတွင်လည်း အနယ်နယ်အရပ်ရပ်မှ လာရောက်ပါဝင်ဆင်နွှဲသည့် ပြည်သူများဖြင့် အထူးစည်ကားလျက်ရှိသည်။
Oct 31, 2023
မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ မိသားစုတို့၏ (၇၉)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတော် ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက အောင်မြေသာစံမြို့နယ် နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် (မန္တလေး)၏ မဟာဘွဲ့နှင်းသဘင် ခန်းမတွင် ကျင်းပရာ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် (မန္တလေး)ပါမောက္ခချုပ် ဆရာတော် ဒေါက်တာဘဒ္ဒန္တကေသရ အမှူးပြုပြီး ဆရာတော်သံဃာတော် အပါး ၃၃၀ ကြွရောက်ချီးမြှင့်၍ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ အလှူ ရှင်များ၊ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူး၊ ကော်မတီဝင်များ၊ ဌာနမှူးများ၊ မြို့တော်စည်ပင်ဌာန အသီးသီးမှအရာထမ်း၊ အမှုထမ်းဝန်ထမ်းများနှင့် မိသားစုများ တက်ရောက်ကြည်ညိုကြသည်။
Oct 31, 2023
မန္တလေးတိုင်းဒေသကြီးကို မြန်မာမင်းများ လက်ထက်က တမ္ပဝတီတိုင်းဟုခေါ်ပြီး တိုင်းချစ်ပြည်ချစ် မျိုးချစ်စိတ်ဓာတ်တို့ ထွန်းကားရာဒေသဟု ပညာရှင်များက သတ်မှတ်ခဲ့ကြသည်။ ယင်းဒေသအတွင်းရှိ အမရပူရ၊ တောင်သမန်၊ ရွှေစာရံ၊ ပုပ္ပားစသည့်ဒေသတစ်ဝိုက်တွင် ကျောက်ခေတ်ကာလမှစ၍ မြန်မာ့ယဉ်ကျေးမှု အခြေခံတစ်ရပ်ထူထောင်ခဲ့ခြင်း၊ သရေခေတ္တရာ၊ ဟန်လင်း၊ ဗိဿနိုးမြို့ ဟောင်းများနှင့်ခေတ်ပြိုင် မိုင်းမော၊ ဝတီးစသည့် ပျူရှေးဟောင်းမြို့များ တည်ရှိခြင်း၊ တကောင်း၊ ပုဂံ၊ အမရပူရ၊ ပင်းယ၊ အင်းဝ၊ ညောင်ရမ်း၊ ရတနာပုံစသော မြန်မာမင်းနေပြည်တော်များ တည်ထောင်ခဲ့ခြင်း၊ ပုဂံအနော်ရထာမင်းလက်ထက်တွင် ပထမမြန်မာနိုင်ငံတော် ထူထောင်ခဲ့ခြင်း၊ လယ်တွင်းကိုးခရိုင်တွင် လယ်ယာစိုက်ပျိုးမှု ထွန်းကားခဲ့ခြင်း၊ အေဒီ-၁၁၁၂ မှစ၍ မြန်မာစာအရေးအသားပေါ်ပေါက်ခဲ့ခြင်း၊
Oct 31, 2023
နိုင်ငံတော်အနေဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် အားပေးဆောင်ရွက်လျက် ရှိပါသည်။ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို အခြေခံ၍ MSME လုပ်ငန်းများဖြင့် ကုန်ထုတ်လုပ်မှုများ ဒေသအသီးသီးတွင် ကဏ္ဍအလိုက် ဆောင်ရွက်လျက်ရှိသည်။
Oct 31, 2023
(၂၄)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (ဗဟိုအဆင့်) ပြိုင်ပွဲအသီးသီး၌ သီဆို၊ တီးမှုတ်ကြရာတွင် ရွှေနှဲ၊ ငွေနှဲ၊ ရွှေစောင်းတော်၊ မင်္ဂလာ ရွှေဆိုင်းတော် စသည်ဖြင့် မြန်မာ့ရိုးရာတူရိယာတို့၏ တင့်တယ်ခမ်းနားခြင်း၊ ပြိုင်ပွဲဝင်အနုပညာရှင်တို့၏ အံ့မခန်းတီးကွက်များမှ ထွက်ပေါ်လာသော သောတမငြီးဖွယ် သံစဉ်များက ပြိုင်ပွဲဝင်အနုပညာရှင်များနှင့် အားပေးသူပရိသတ်အပေါ် လွှမ်းခြုံလျက် မိမိတို့ရိုးရာယဉ်ကျေးမှုအနုပညာအပေါ် မြတ်နိုးဂုဏ်ယူစိတ်များ တဖွားဖွားဖြစ်ပေါ်လာရပေသည်။