Skip to main content

Jun 29, 2024

ရုရှားနိုင်ငံတရားရေးဝန်ကြီးဌာန တရားရေးဝန်ကြီး H.E. Honorable Mr.Konstantin A. Chuychenko ၏ ဖိတ်ကြားချက်အရ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်မြို့၌ ကျင်းပလျက်ရှိသော (၁၂) ကြိမ်မြောက် စိန့်ပီတာစဘတ်အပြည်ပြည်ဆိုင်ရာ ဥပဒေရေးရာဖိုရမ် (12th St. Petersburg International Legal Forum)သို့ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 29, 2024

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ၂၀၂၄ ခုနှစ် မိုးရာသီ ငါးမျိုးစိုက်ထည့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ဇမ္ဗူသီရိမြို့နယ်ရှိ မင်္ဂလာကန်၌ကျင်းပရာ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းရှိန်၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့်အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 29, 2024

မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ စောင့်ကြည့်အကဲဖြတ်စိစစ်ရေးလုပ်ငန်းကော်မတီ စတုတ္ထအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အလုပ်သမားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 29, 2024

မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှုဗဟို ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၄)ကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 29, 2024

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၆/၂၀၂၄) ကြိမ်မြောက်အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ရုံးအမှတ်(၁၈) အစည်းအဝေးခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့် ကော်မရှင်အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 29, 2024

ကုလသမဂ္ဂအထွေထွေညီလာခံမှ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းကို ၁၉၈၉ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့တွင် အတည်ပြု ပြဋ္ဌာန်းခဲ့သည်။ မြန်မာနိုင်ငံသည် ၁၉၉၁ ခုနှစ် ဩဂုတ်လ ၁၅ ရက်နေ့၌ ကွန်ဗင်းရှင်းသဘောတူစာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးပြီး အဖွဲ့ဝင်နိုင်ငံဖြစ်လာခဲ့သည်။ မြန်မာနိုင်ငံသည် အဖွဲ့ဝင်နိုင်ငံများ လိုက်နာဆောင်ရွက်ရမည့် တာဝန်(၅)ရပ်တွင်ပါသည့် နိုင်ငံတော်ဆောင်ရွက်ချက်များကို ကုလသမဂ္ဂက လေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီသို့ အစီရင်ခံစာများ တင်သွင်းလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jun 29, 2024

ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁) သင်တန်းဆင်းပွဲ အခမ်းအနားများကို ဇွန်လ ၂၇ ရက် နံနက်ပိုင်းက တိုင်းစစ်ဌာနချုပ်များအလိုက် နယ်မြေခံသင်တန်းကျောင်းများတွင် ကျင်းပခဲ့ပြီဖြစ်သည်။ သင်တန်းဆင်းခဲ့ကြသည့် နိုင်ငံ့သားကောင်းစစ်သည်များမှာ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ကိုယ်တိုင်ပါဝင်ထမ်းဆောင်နိုင်ရေးအတွက် မိမိသဘောဆန္ဒအလျောက် စာရင်းပေးသွင်းပြီး သင်တန်းတက်ရောက်ခဲ့ကြသူများဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 28, 2024

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ကိုယ်တိုင်ပါဝင် ထမ်းဆောင်နိုင်ရေးအတွက် မိမိသဘောဆန္ဒအလျောက် စာရင်းပေးသွင်းပြီး သင်တန်းတက်ရောက်ခဲ့ကြသည့် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁)သင်တန်းဆင်းပွဲ အခမ်းအနားများကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်များအလိုက် နယ်မြေခံ သင်တန်းကျောင်းများအသီးသီးတွင် ကျင်းပပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 28, 2024

ဇွန်လ ၂၆ ရက်နေ့ ၁၂:၃၀ အချိန် ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဘားအံမြို့နယ်၊ လှာကာကျေးရွာအုပ်စု၊ လှာကာကျေးရွာရှိ သန်းဦး(ခ)မောင်ကျော်ပိုင်၏နေအိမ်ကို ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၅၅ ပြား သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ၁၃:၃၀ အချိန် တစ်ရွာတည်းနေသူများဖြစ်သည့် စောမြင့်အေး(ခ)ယောက်ချို၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃,၁၉၄ ပြားအားလည်းကောင်း၊ ၁၄:၃၀ အချိန် မနန်းမြင့်မြင့်ခင်၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀,၀၀၀ ပြားအား လည်းကောင်း၊ ၁၈:၀၀ အချိန် ဘားအံမြို့နယ်၊ ကော့ထမ္မလိန်းကျေးရွာအုပ်စု၊ ကော့ထမ္မလိန်းကျေးရွာရှိ မနန်းဝင်းခင်၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ ၎င်းအားမတွေ့ရှိဘဲ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၆၈၀၀၀၀ ပြားအားလည်းကောင်း အသီးသီးသိမ်းဆည်းရမိခဲ့သဖြင့် သန်းဦး(ခ)မောင်ကျော်ပိုင် (၄၅)နှစ်၊ စောမြင့်အေး(ခ)ယောက်ချို(၅၂)နှစ်၊ မနန်းမြင့်မြင့်ခင်(၅၄)နှစ်နှင့် မနန်းဝင်းခင်(ဖမ်းမမိ)တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jun 28, 2024

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်