Jun 26, 2026
တတိယအကြိမ်အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဒသမနေ့ကို ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ အမျိုးသားလွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jun 26, 2026
တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၄ ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
Jun 26, 2026
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Barnaby Jones အား ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
Jun 26, 2026
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေထံ ကုလသမဂ္ဂအမျိုးသမီးများအဖွဲ့ (UN Women) ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်အသစ် Ms. Geeta Kuttiparambil သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လာရောက်ဂါရဝပြုတွေ့ဆုံပြီး ၎င်း၏ ခန့်အပ်လွှာကို ပေးအပ်သည်။
Jun 26, 2026
အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ရှိ Indonesia Convention Exhibition (ICE) ၌ ကျင်းပလျက်ရှိသည့် ၂၀၂၆ ခုနှစ်ကမ္ဘာလုံးဆိုင်ရာ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေးညီလာခံကို ယမန်နေ့က တတိယနေ့အဖြစ် ဆက်လက်ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန် ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ဆက်လက်တက်ရောက်ကြသည်။
Jun 26, 2026
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် ပြည်ပရှိ မြန်မာသံရုံး၊ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးများသို့ သွားရောက်တာဝန် ထမ်းဆောင်ကြမည့် အရာထမ်း၊ အမှုထမ်းများအား ယနေ့နံနက် ၁၁ နာရီခွဲတွင် နိုင်ငံခြားရေးဝန်ကြီးဌာန စတုရင်္ဂဗလခန်းမ၌ တွေ့ဆုံအမှာစကား ပြောကြား သည်။
Jun 26, 2026
လူသားမျိုးနွယ်တစ်ရပ်လုံးကို လူညွန့်တုံးစေရန်နှင့် ကမ္ဘာ့လူသားများကို ခြိမ်းခြောက်လျက်ရှိသည့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကို မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများက အလေးထားတိုက်ဖျက်နှိမ်နင်းလျက်ရှိသည်။ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို ခေတ်အဆက်ဆက်အစိုးရများက တိုက်ဖျက်နှိမ်နင်းလျက် ရှိသော်လည်း ဘိန်းစိုက်ပျိုးမှု၊ ဘိန်းထုတ်လုပ်မှု၊ စိတ်ကြွဆေးများထုတ်လုပ်မှုနှင့် သယ်ဆောင်ရောင်းဝယ်ဖောက်ကားမှု၊ မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အဓိကအသုံးပြုသည့် ဓာတုဗေဒပစ္စည်းများ နယ်စပ်မှတစ်ဆင့်ဝင်လာမှုတို့သည် မြန်မာနိုင်ငံအတွက် စိန်ခေါ်မှုအဖြစ်ရှိနေဆဲဖြစ်သည်။
Jun 26, 2026
မူးယစ်ဆေးဝါး ဒုစရိုက်လုပ်ငန်းများသည် ကမ္ဘာပေါ်တွင် အမြတ်အစွန်း အကြီးမားဆုံးသော ရာဇဝတ်မှုလုပ်ငန်းများပင်ဖြစ်သည်။ သို့သော် မူးယစ်ဆေး ဒုစရိုက်ဂိုဏ်းသားတို့ ရရှိကြသည့် ကြီးမားလှသော အကျိုးအမြတ်များဆိုသည်မှာ မူးယစ်ဆေးသားကောင်ဘဝသို့ ကျရောက်ကြရသူများ၏ ပျက်စီးသွားသော လူမှုစီးပွားဘဝများမှ ထွက်ပေါ်လာရခြင်းဖြစ်သည်။
Jun 25, 2026
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီးကျော်စွာလင်းသည် ဇနီးဒေါ်နန်းကူးကူ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် သူရဇော်လွင်စိုးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်ရှိ အောင်ဆန်းခန်းမ၌ မော်လမြိုင်တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား တွေ့ဆုံ၍ အမှာစကားပြောကြားသည်။
Jun 25, 2026
အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို အခြေချလုပ်ကိုင်ခဲ့ကြသည့် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများရှိ တရားမဝင် အဆောက်အအုံများအား အပြီးတိုင်ဖြိုချဖျက်ဆီးခြင်းများနှင့် လုပ်ငန်းလုပ်ဆောင်ရာတွင် အသုံးပြုခဲ့သည့်ပစ္စည်းများအား စနစ်တကျဖျက်ဆီးခြင်းများကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရွှေကုက္ကိုလ်နယ်မြေအတွင်းရှိ တရားမဝင် ၇ ထပ်လူနေ အဆောက်အအုံ ၁ လုံးကို ထပ်မံ၍ စနစ်တကျ ဖောက်ခွဲဖြိုချဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။
Jun 25, 2026
ပြည်ထောင်စုနယ်မြေနေပြည်တော်ကို မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအတွက် စိမ်းလန်းစိုပြည်သောမြို့(Green City)၊ သန့်ရှင်းသောမြို့(Clean City)နှင့် ခေတ်မီနည်းပညာအခြေပြုမြို့ပြ(Smart City)အဖြစ် ဘက်စုံကဏ္ဍစုံမှ အကောင်အထည်ဖော်တည်ဆောက်လျက်ရှိပြီး နေပြည်တော်မြို့အဝင်မုခ်ဦး(Naypyitaw Gate)ကိုလည်း မြို့တော်အဝင် အထင်ကရအမှတ်အသားဖြစ်စေရန်၊ မြို့တော်အတွင်းသို့ ဝင်ရောက်လာသူများကို မင်္ဂလာရှိစွာကြိုဆိုရန်၊ နိုင်ငံ၏ မြို့ပြဂုဏ်သိက္ခာနှင့် အဆင့်အတန်းကို မြှင့်တင်နိုင်ရန်၊ မြန်မာ့ယဉ်ကျေးမှုနှင့် သမိုင်းကြောင်းအား ထိန်းသိမ်းဖော်ပြရန် စသည့်ရည်ရွယ်ချက်များဖြင့် တည်ဆောက်လျက်ရှိသည်။
Jun 25, 2026
အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
Jun 25, 2026
၂၀၂၆ ခုနှစ်-မိုးရာသီ နိုင်ငံတော်အဆင့် ဒုတိယအကြိမ်သစ်ပင်စိုက်ပျိုးပွဲတော်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ တော်ဝင်ရတနာလမ်းအနီး၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်၍ ပိတောက်ပျိုးပင်ကို ဦးဆောင်စိုက်ပျိုးပေးသည်။
Jun 25, 2026
နိုင်ငံတော်အစိုးရအနေဖြင့် ကမ္ဘာတစ်ဝန်းရှိ လူသားမျိုးနွယ်အားလုံး၏ လူမှုဘဝများကို ထိခိုက်ပျက်စီးစေပြီး အများပြည်သူအကျိုးစီးပွားကို ထိခိုက်ပျက်စီးအောင် အလုံးစုံအန္တရာယ်ပေးလျက်ရှိသည့် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူကာ အလေးထားဆောင်ရွက်လျက်ရှိပြီး ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံ အစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ အဆက်မပြတ်အရှိန်အဟုန်မြှင့်တင် ပြတ်ပြတ်သားသား နှိမ်နင်းတိုက်ဖျက်လျက်ရှိသည်။
Jun 25, 2026
နေပြည်တော်ကောင်စီဥက္ကဋ္ဌ နေပြည်တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးကံမြင့်သန်းသည် ဒုတိယမြို့တော်ဝန်နှင့်အတူ ယနေ့နံနက်ပိုင်းက ပုဗ္ဗသီရိမြို့ သောက်သုံးရေပေးဝေရေးအတွက် ချောင်းမကြီးဆည်မှ ပုဗ္ဗသီရိမြို့သို့ရေကူပေးပို့သည့် ပိုက်လိုင်းကို OD - 450mm HDPE ပိုက်ပေ ၉၀၀၀ အစားထိုးသွယ်တန်းခြင်းလုပ်ငန်းခွင်ကို ကြည့်ရှုစစ်ဆေးသည်။
Jun 25, 2026
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အထူးရန်ပုံငွေ (၂၀၂၄) ဖြင့် အကောင်အထည် ဖော်ဆောင်ရွက်သည့် သီးနှံအခြေခံတန်ဖိုးမြှင့်စားသောက်ကုန်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Horizon Lake View Resort ဟိုတယ်၌ကျင်းပရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း၊ ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှကောင်စစ်ဝန်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပညာရှင်များ၊ လုပ်ငန်းရှင်များနှင့် မိတ်ဖက်အဖွဲ့အစည်းများ၊ သတင်းမီဒီယာများ တက်ရောက်ကြသည်။
Jun 25, 2026
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင်ကျင်းပသည့် ၂၀၂၆ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေးညီလာခံ (Global Sustainable Development Congress 2026 – GSDC 2026) တက်ရောက်ရန် ဇွန် ၂၂ ရက်တွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့်ထွက်ခွာရာ ညနေပိုင်းတွင် ဂျကာတာမြို့သို့ရောက်ရှိကြသည်။
Jun 25, 2026
ပန်းတောင်းမြို့နယ်နှင့် မှော်ဘီမြို့နယ်တို့၌ ငွေကျပ် ၂ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား ၁၄ သိန်းကျော် ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
