Jun 23, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေစဉ်အတွင်း Phoenix သတင်းဌာန၊ Phoenix TV မှ Ms. Liu Meixi ၏ တွေ့ဆုံမေးမြန်းမှုများကို ဇွန် ၁၉ ရက်က လက်ခံဖြေကြားခဲ့သည်။ ထိုသို့ Phoenix သတင်းဌာန၏ မေးမြန်းမှုအပေါ် နိုင်ငံတော်သမ္မတက ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်များကို ဖော်ပြအပ်ပါသည်-
Jun 23, 2026
2nd International Forum of the Union State “Great Heritage – Common Future” ဖိုရမ်သို့တက်ရောက်ရန် ဘယ်လာရုစ်နိုင်ငံ ဘရက်စ်မြို့၌ ရောက်ရှိနေသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီဦးဆောင်သည့် မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ဒေသစံတော်ချိန် ၁၂ နာရီတွင် ဘရက်စ်မြို့ Brest Regional Community and Cultural Center ၌ ကျင်းပပြုလုပ်သည့် 2nd International Forum of the Union State “Great Heritage – Common Future” ဖိုရမ်သို့ ဖိတ်ကြားထားသော နိုင်ငံ ၁၇ နိုင်ငံမှ လွှတ်တော်ဥက္ကဋ္ဌများ၊ အဆင့်မြင့်နိုင်ငံတကာ ကိုယ်စားလှယ်အဖွဲ့များနှင့်အတူ တက်ရောက်ကာ စုံညီအစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက မိန့်ခွန်းတစ်ရပ် ပြောကြားသည်။
Jun 23, 2026
နည်းပညာတိုးတက်လာမှုနှင့်အတူ နေ့စဉ်နှင့်အမျှ အကြောင်းအကျိုး၊ အကောင်းအဆိုးတို့ကို အလွယ်တကူသိမြင်လာရသည်။ ပြည်သူများ၏ အသိဉာဏ်ပညာဗဟုသုတရှိမှုအလိုက် အကြောင်းအကျိုး၊ အကောင်းအဆိုးတို့ကို ခွဲခြမ်းစိတ်ဖြာသုံးသပ်လာနိုင်ကြသည်။ မြန်မာနိုင်ငံအပေါ် အကောင်းမြင်စိတ်ထားရှိကြသူများနှင့် အပြုသဘောမဆောင် အကောင်းမမြင်သူများကြား၌ သတင်းတု၊ သတင်းမှား၊ မမှန်သတင်းဖြန့််ချိနေသူများ၏ နေ့စဉ်နှင့်အမျှ နှောင့်ယှက်မှုများရှိနေသည်။ မိမိနိုင်ငံ၏ ပုံရိပ်များကောင်းမွန်မှ မိမိနိုင်ငံ၏ ဂုဏ်သိက္ခာကောင်းမွန်မည်ဖြစ်၍ နိုင်ငံ့ပုံရိပ်ထိခိုက်အောင် နှောင့်ယှက်နေမှုများအား ရှောင်ရှားခြင်း၊ ပြန်လည်တုံ့ပြန်ခြင်း၊ ဝိုင်းဝန်းဆန့်ကျင် တိုက်ဖျက်ခြင်းတို့ ပြုလုပ်ကြရမည်ဖြစ်သည်။
Jun 23, 2026
လူတိုင်း ကျန်းမာအသက်ရှင်နိုင်ရေးအတွက် နေ့စဉ်မဖြစ်မနေ စားသောက်နေကြရသည့် ရေနှင့် အစားအစာတို့ ကျန်းမာရေးနှင့်ညီညွတ်ရန်၊ ဘေးကင်းလုံခြုံရန်လိုသည်။ မိမိတို့နိုင်ငံတွင် အရည်အသွေး စစ်မှန်ကောင်းမွန်ပြီး ဘေးဥပဒ်အန္တရာယ်ကင်းရှင်းသော အစားအသောက်ကို အများပြည်သူတို့ စားသုံးနိုင်ရန်၊ ဘေးဥပဒ်အန္တရာယ်ဖြစ်စေနိုင်သော၊ ကျန်းမာရေးကို ထိခိုက်စေနိုင်သော အစားအသောက်ကို အများပြည်သူတို့ စားသုံးမိခြင်းမှ ကာကွယ်ရန်၊ ထိန်းချုပ်အစားအသောက်ထုတ်လုပ်ခြင်းကို စနစ်တကျကြီးကြပ်ကွပ်ကဲနိုင်ရန်၊ အစားအသောက်များထုတ်လုပ်ခြင်း၊ ပြည်တွင်းသို့ တင်သွင်းခြင်း၊ ပြည်ပသို့တင်ပို့ခြင်း၊ သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ဖြန့်ဖြူးခြင်း၊ ရောင်းချခြင်းများကို စနစ်တကျ ကွပ်ကဲထိန်းသိမ်းရန်အတွက် အမျိုးသားအစားအသောက်ဥပဒေကို ပြဋ္ဌာန်းထားရာ စားစရာ၊ သောက်စရာ ထုတ်လုပ်သူ၊ တင်သွင်းသူ၊ တင်ပို့သူ၊ သိုလှောင်သူ၊ သယ်ယူပို့ဆောင်သူ၊ ဖြန့်ဖြူးရောင်းချသူတိုင်း လိုက်နာကြရန်လိုသည်။
Jun 22, 2026
PDF အမည်ခံအကြမ်းဖက်သမားများသည် အနာဂတ်ရင်သွေးငယ်များ၏ ပညာသင်ကြားသင်ယူခွင့် အခွင့်အလမ်းများပျက်ပြား၍ ပညာမဲ့လူတန်းစားများ ဖြစ်စေရန်နှင့် ၎င်းတို့ကို အကြောက်တရားဖြင့် ထောက်ခံအားပေးလာစေရန် ယုတ်မာသည့် ရည်ရွယ်ချက်များဖြင့် ပညာသင်ကြားပေးလျက်ရှိသည့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများအား ခြိမ်းခြောက်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ စာသင်ကျောင်းများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း၊ Drop Bomb ချ တိုက်ခိုက်ခြင်းများကို နည်းလမ်းမျိုးစုံဖြင့် ပညာရေးကဏ္ဍမြင့်မားရေးကို နှောင့်ယှက်ဖျက်ဆီးလျက်ရှိကြသည်။
Jun 22, 2026
သဘာဝပတ်ဝန်းကျင်အား ထိန်းသိမ်းနိုင်စေရန်နှင့် ရာသီဥတုကို အထောက်အကူဖြစ်စေရန်၊ အရိပ်အာဝါသ ရရှိစေရန်၊ နိုင်ငံ့စီးပွားရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် တိုင်းစစ်ဌာနချုပ် အသီးသီးတို့တွင် ၂၀၁၁ ခုနှစ်မှစ၍ နှစ်စဉ် မိုးရာသီ တစ်အုပ်တစ်မ သစ်ပင်စိုက်ပျိုးပွဲများ ကျင်းပပြုလုပ်လျက်ရှိသည်။
Jun 22, 2026
နိုင်ငံတော်အစိုးရအနေဖြင့် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူကာ ကမ္ဘာတစ်ဝန်းရှိ လူသားမျိုးနွယ်အားလုံး၏ လူမှုဘဝများကို ထိခိုက်ပျက်စီးစေပြီး အများပြည်သူ အကျိုးစီးပွားကို ထိခိုက်ပျက်စီးအောင် အလုံးစုံအန္တရာယ်ပေးလျက်ရှိသည့် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အလေးထားဆောင်ရွက်လျက်ရှိပြီး ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံ အစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ အဆက်မပြတ် အရှိန်အဟုန်မြှင့်တင် ပြတ်ပြတ်သားသား နှိမ်နင်းတိုက်ဖျက်လျက်ရှိသည်။
Jun 22, 2026
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ဘင်းမ်စတက် အတွင်းရေးမှူးချုပ် H.E. Mr. Indra Mani Pandey ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင်တော်၌ လာရောက်ဂါရဝပြု တွေ့ဆုံသည်။
Jun 22, 2026
ဂျပန်နိုင်ငံ ဖူကူအိုကာမြို့အခြေစိုက် အာရှ - ပစိဖိတ်ဒေသ ကလေးများဆိုင်ရာကွန်ဗင်းရှင်းက ဦးစီး၍ နှစ်စဉ် ဇူလိုင်လ၌ ကျင်းပမည့် နွေရာသီအပြည်ပြည်ဆိုင်ရာ ကျောင်းသားလူငယ်များ တွေ့ဆုံစခန်းချပွဲ (BRIDGE Summer Camp – 2026) သို့ Junior Ambassadors များအဖြစ် မြန်မာနိုင်ငံမှ ပါဝင်တက်ရောက်ရန် မြန်မာ - ဂျပန်ချစ်ကြည်ရေးအသင်း (MJA) က ဦးစီးပြီး အခြေခံပညာကျောင်းသား ကျောင်းသူ ခြောက်ဦးအား မတ်လမှစ၍ ရွေးချယ်ဖွဲ့စည်းလေ့ကျင့်ပေးခဲ့သည်။
Jun 22, 2026
အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ၏ ပင်လယ်ရေမျက်နှာပြင်အပူချိန်နှင့် လေထုဖြစ်စဉ်များမှာ အားအနည်းငယ်ရှိသော အယ်လ်နီညိုအခြေအနေတွင် ဆက်လက်တည်ရှိနေသည်။ နိုင်ငံတကာမိုးလေဝသဌာနများ၏ သင်္ချာပုံစံပြုမော်ဒယ်လ်များခန့်မှန်းချက်အရ ၂၀၂၆ ခုနှစ် ဇူလိုင်လအတွင်း အားအသင့်အတင့်ရှိသော အယ်လ်နီညိုအခြေအနေသို့လည်းကောင်း၊ ၂၀၂၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် အားအလွန်ကောင်းသော အယ်လ်နီညိုအခြေအနေသို့လည်းကောင်း ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရသည်။
Jun 22, 2026
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Jun 22, 2026
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ဇွန် ၁၈ ရက်က ကျိုင်းတုံတက္ကသိုလ် ခေမရဌ်ခန်းမ၌ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း နည်းပြသင်တန်းမှ သင်တန်းသား သင်တန်းသူ ဆရာ ဆရာမများနှင့် တွေ့ဆုံအားပေးစကားပြောကြားပြီး ဗလာစာအုပ်နှင့် စာရေးကိရိယာပစ္စည်းများ ပေးအပ်သည်။
Jun 22, 2026
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ၌ ယနေ့တွင် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးတင်မောင်ဝင်း၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်နှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
Jun 22, 2026
ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးသည် ဇွန် ၂ဝ ရက်တွင် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်ဥပဒေရုံးအား စံပြရှေ့ပြေး ဥပဒေရုံးသစ်တိုးချဲ့ဖော်ဆောင်မှုအခြေအနေနှင့် စံပြရှေ့ပြေးဥပဒေရုံးများဖြစ်သည့် ပြင်ဦးလွင်ခရိုင်ဥပဒေရုံးနှင့် ချမ်းအေးသာစံမြို့နယ်ဥပဒေရုံးတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဆီသယ်ယာဉ်များအား သတ်မှတ်လမ်းကြောင်းများအတိုင်း သွားလာမှု ရှိ၊ မရှိ စောင့်ကြည့်အရေးယူဆောင်ရွက်လျက်ရှိ
Jun 22, 2026
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနအနေဖြင့် ဆီသယ်ယာဉ် (ဘောက်ဆာ) များတွင် GPS များတပ်ဆင်ထားရှိစေပြီး သတ်မှတ်လမ်းကြောင်းအတိုင်း မောင်းနှင်သွားလာမှု ရှိ၊ မရှိနှင့် စက်သုံးဆီများအား မသက်ဆိုင်သည့်နေရာများသို့ ရောက်ရှိမှုမရှိစေရေး Online Monitoring Center မှ တိုက်ရိုက်စောင့်ကြည့်စစ်ဆေးလျက်ရှိသည်။
Jun 22, 2026
၂၀၂၆ ခုနှစ် ဇွန် ၂၆ ရက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဆောင်ပုဒ်၊ ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာ၊ တေးသီချင်း၊ ဓာတ်ပုံ၊ ကွန်ပျူတာပိုစတာ၊ ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီနှင့် Documentary (သို့) ပညာပေးဇာတ်လမ်းတို (Short Film) ပြိုင်ပွဲများအတွက် ဆုရသူများစာရင်းကို ယနေ့ထုတ်ပြန်ကြေညာသည်။
Jun 22, 2026
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ဒုတိယဝန်ကြီး ဒေါက်တာရဲထွန်းဝင်းနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် တပ်ကုန်းမြို့နယ် ရွှေမြို့ တိုးချဲ့မွေးမြူရေးဇုန်၌ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ မျိုးထုတ်ဥစားဘဲမွေးမြူထားရှိမှု၊ ဒေသနွား ငါးမျိုး မွေးမြူထားရှိမှု၊ တိုင်းရင်းကြက်စံပြမျိုး ထုတ်လုပ်မွေးမြူနိုင်ရေး ဆောင်ရွက်နေမှုနှင့် ဘဲဥဖောက်စက်အသုံးပြု၍ ဘဲသားပေါက်များ ဖြန့်ဖြူးနေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
Jun 22, 2026
အမျိုးသမီးရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ဇင်သည် ကလေးဆေးရုံကြီး ရန်ကုန် အထူးကြပ်မတ်ကုသဆောင်၌ ဆေးကုသမှုခံယူလျက်ရှိသော ရင်ချင်းဆက်အမြွှာမိန်းကလေးများဖြစ်သည့် မကြာညိုသင်းနှင့် မကြာညိုသိမ့်တို့ကို ယနေ့တွင်သွားရောက်ကြည့်ရှုအားပေးသည်။
Jun 22, 2026
ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ ပြောင်းရွှေ့ခန့်ထားခြင်း၊ ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ အတည်ပြုခန့်ထားခြင်းနှင့် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ ခန့်ထားခြင်း
Jun 22, 2026
PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များသည် တော်လှန် ရေးဟုကြွေးကြော်ပြီး ဒေသခံပြည်သူများ ဒုက္ခဆင်းရဲရောက်အောင် နည်းအမျိုးမျိုးအဖုံဖုံ ပြုလုပ်နေသည်။ ၎င်းတို့သည် အုပ်ချုပ်ရေးယန္တရားပျက်ပြားစေရေး အကြောင်းပြုပြီး ဒေသတွင်းတည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန်၊ ကုန်စည်စီးဆင်းမှုရပ်တန့်စေရန်၊ ဒေသခံပြည်သူများ အေးချမ်းစွာ လုပ်ကိုင်စားသောက်နိုင်ခြင်းမပြုနိုင်စေရန်၊ ခရီးသွားပြည်သူများ ထိခိုက်အန္တရာယ်ဖြစ်စေပြီး လမ်းပန်းဆက်သွယ်ရေး အခက်အခဲဖြစ်စေရန်ရည်ရွယ်၍ အများပြည်သူ သွားလာအသုံးပြုနေသော လမ်းမကြီးများ၊ ရထားလမ်းများအား မိုင်းထောင်ခြင်း၊ ဖောက်ခွဲဖျက်ဆီးခြင်းများ ပြုလုပ်နေသည်ကို မြင်တွေ့ကြားသိရမည်ဖြစ်သည်။
