Oct 23, 2025
နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်သည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Arnaud de Baecque အား ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီး ဌာန၌ လက်ခံတွေ့ဆုံသည်။
Oct 23, 2025
၂၀၂၅ ခုနှစ် စွမ်းအင်အသွင်ကူးပြောင်းရေး အပြည်ပြည်ဆိုင်ရာဖိုရမ် တက်ရောက်ရန်နှင့် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား စွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များဆောင်ရွက်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ ရောက်ရှိနေသည့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ပေကျင်းမြို့ရှိ နိုင်ငံပိုင် China National Oil & Gas Exploration and Development Corporation (CNODC) ဧည့်ခန်းမဆောင်၌ CNODC ဥက္ကဋ္ဌ ဦးဆောင်သောအဖွဲ့နှင့် တွေ့ဆုံသည်။
Oct 23, 2025
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂယာယီဌာနေ ညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူးဖြစ်သူ Ms.Gwyn Lewis အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
Oct 23, 2025
ပြည်ထောင်စုဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုဗိုစီဗစ်ဒေသဆိုင်ရာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စအန်နာဆာဂျီယဲဗ်နာ့ ဗင်နီကော့ဗာ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့သည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ Jasmin Naypyitaw Hotel ၌တွေ့ဆုံ ဆွေးနွေးကြသည်။
Oct 23, 2025
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး အမှုဆောင်ချုပ် ဦးအောင်လင်းဒွေးသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုဗိုစီဗစ်ဒေသဆိုင်ရာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စအန်နာဆာဂျီယဲဗ်နာ့ ဗင်နီကော့ဗာ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး ဧည့်တွေ့ဆောင်၌ လက်ခံတွေ့ဆုံသည်။
Oct 23, 2025
တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ပြီး ဂုဏ်ယူဖွယ်နိုင်ငံတစ်နိုင်ငံဖြစ်စေရန်အတွက် အသိဉာဏ်ပညာနှင့် အမြော်အမြင်ကြီးမားသည့် ခေါင်းဆောင်များရှိနေရုံဖြင့် မလုံလောက်ပေ။ အသိဉာဏ်ပညာဗဟုသုတနှင့် တွေးခေါ်ဆင်ခြင်နိုင်မှုမြင့်မားသော နိုင်ငံသူနိုင်ငံသားများလည်း ပေါများနေရန်လိုအပ်သည်။ အစိုးရကနိုင်ငံတော်ကို ကောင်းမွန်လာအောင် ကြိုးပမ်းဆောင်ရွက်သလို နိုင်ငံသူနိုင်ငံသားများကလည်း နိုင်ငံ့သားကောင်းပီသစွာဖြင့် ပါဝင်ဆောင်ရွက်မှသာ မျှော်မှန်းထားသည့်အတိုင်း ဖြစ်လာနိုင်ပေသည်။
Oct 23, 2025
နိုင်ငံသူ နိုင်ငံသားတို့၏ ပညာရေးအဆင့်အတန်းအခြေအနေမှာ နိုင်ငံကို ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်မှုအပေါ်တွင် သက်ရောက်မှုရှိသည်။ နိုင်ငံသူ နိုင်ငံသားတို့ ပညာရည်မြင့်မားမှသာ နိုင်ငံကိုကောင်းမွန်အောင်၊ မြင့်မားအောင် တည်ဆောက်နိုင်မည်ဖြစ်သည်။ သို့ရာတွင် လက်ရှိမိမိတို့နိုင်ငံ၏ နိုင်ငံသူနိုင်ငံသားများ ပညာရေးအခြေအနေမှာ ပျမ်းမျှအားဖြင့်ဆိုရလျှင်မကောင်း။ ဘွဲ့ရပညာတတ်ဦးရေမှာလည်း နိုင်ငံလူဦးရေနှင့်စာလျှင် အချိုးအစားနည်းပါးလျက်ရှိရာ အမျိုးသားပညာရေးကို မဖြစ်မနေမြှင့်တင်ရမည့်အခြေအနေဖြစ်သည်။
Oct 22, 2025
တပ်မတော်က ပြည်သူလူထုအေးချမ်းစွာနေထိုင်နိုင်ရေးအတွက် အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter- Terrorism Operation)ကို ဆောင်ရွက်ပြီး ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့အား အလုံးစုံပြန်လည် ထိန်းချုပ်ရရှိပြီးချိန်တွင် အစိုးရ၏အုပ်ချုပ်မှုယန္တရား ပြန်လည်လည်ပတ်နိုင်ရေး၊ ကလေးသူငယ်များ ပညာသင်ကြားနိုင်ရေးနှင့် ဒေသခံပြည်သူလူထုအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပြန်လည်ဆောင်ရွက်ရေး စသည်တို့အပြင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။
Oct 22, 2025
ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီမြို့-ရွှေကုက္ကိုလ်နှင့် မဲ့ထော်သလေး(KK Park) နယ်မြေများတွင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် နိုင်ငံခြားသားများအား စစ်ဆေးဖော်ထုတ်ထိန်းသိမ်းကာ မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ပြန်လည်လွှဲပြောင်းပေးခြင်းများအား ဆောင်ရွက်ပေးလျက်ရှိသည်။
Oct 22, 2025
၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသည့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရှိ တပ်မတော်သား မိသားစုဝင် ကျောင်းသား၊ ကျောင်းသူများအား(ဒုတိယအကြိမ်)ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ်အေးမင်းဦးနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
Oct 22, 2025
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး(၄/၂၀၂၅)ကို ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၊ ရုံးအမှတ်(၁၈) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစော တက်ရောက်အမှာစကား ပြောကြားသည်။
Oct 22, 2025
ပြည်သူ့ကြားက ပြည်သူ့စကားအစီအစဉ်ထုတ်လွှင့်မည်
Oct 22, 2025
အရာထမ်းငယ်သင်တန်း အမှတ် စဉ်(၁၃၅) သင်တန်းဖွင့်ပွဲကိုယနေ့ နံနက် ၇ နာရီခွဲတွင် နိုင်ငံ့ဝန်ထမ်း တက္ကသိုလ်(အောက်မြန်မာပြည်)ရှိ ရတနာသိင်္ဃခန်းမ၌ကျင်းပရာ ပါမောက္ခချုပ် ဦးကျော်ထွေး၊ ဒုတိယပါမောက္ခချုပ်များ၊ ဌာနကြီးမှူးများ၊ ပညာဌာနများမှ ပါမောက္ခများ၊ ဆရာ ဆရာမများ၊ ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများမှ သင်တန်းသားသင်တန်းသူများ တက်ရောက်ကြသည်။
Oct 22, 2025
မွန်ပြည်နယ်အတွင်းတည်ဆောက်လျက်ရှိသည့် တံတားလုပ်ငန်းများကို ယမန်နေ့က ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးတင်စန်းနိုင်နှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Oct 22, 2025
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် ယမန်နေ့က ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) အစည်းအဝေးခန်းမ၌ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
Oct 22, 2025
နိုင်ငံပိုင်ကဏ္ဍအတွက် နိုင်ငံတကာစာရင်းစံများဒီပလိုမာသင်တန်းအမှတ်စဉ်(၂) အပိုင်း(၂)(Diploma in International Public Sector Accounting Standards - Dip IPSAS) သင်တန်းဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပသည်။
Oct 22, 2025
ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၁၆)ကြိမ်မြောက်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဝင် များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Oct 22, 2025
နိုဝင်ဘာ ၇ ရက်တွင် ကျရောက်မည့် နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘားအံမြို့နယ် နောင်ပလိန်ကျေးရွာအုပ်စုသုတပညာစာကြည့်တိုက်သစ်ဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက အဆိုပါ စာကြည့်တိုက်သစ်တည်နေရာ၌ ကျင်းပသည်။
Oct 22, 2025
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးကျော်မြင့်နှင့် ဦးသန်းဝင်းတို့ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ကော်မရှင်ဥပဒေပုဒ်မ ၂၂ (င)၊ ၄၃ ပြဋ္ဌာန်းချက်များနှင့်အညီ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီးရွှေပြည်သာမြို့နယ်ရှိ အမျိုးသမီးများပြုစုစောင့်ရှောက်ရေးစင်တာသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
