May 05, 2026
အရှေ့တောင်အာရှတွင် အစောဆုံး မြို့ပြလူ့အဖွဲ့အစည်းကို တည်ထောင်နိုင်ခဲ့သည့် မိမိတို့နိုင်ငံတွင် မီးဘေးကာကွယ်ရေးကိုလည်း ရှေးကတည်းကပင် အလေးအနက်ထားခဲ့ကြသည်။ လူနေရပ်ရွာများ မီးလောင်ကျွမ်းမှုမဖြစ်ရေးအတွက် ထုတ်ဆင့်သည့် ဘုရင့်အမိန့်မှတ်တမ်းများအရ စည်းကမ်းတကျ မီးဘေးကာကွယ်ခဲ့ကြကြောင်း သိရသည်။
May 04, 2026
မြန်မာနိုင်ငံအစိုးရအနေဖြင့် တစ်ကမ္ဘာလုံးကိုအန္တရာယ်ပေးနေသည့် အွန်လိုင်းလိမ်လည်မှုများ၊ အွန်လိုင်းလောင်းကစားမှုများတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အလေးထားတိုက်ဖျက် ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေးအတွက် ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ အဆိုပါဒုစရိုက်မှုနှိမ်နင်းရေး လုပ်ငန်းများကို တက်ကြွစွာဆောင်ရွက်လျက်ရှိသည်။
May 04, 2026
နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အချိန်ကိုအကျိုးရှိစွာအသုံးချတတ်ပြီး လူငယ်များကွန်ပျူတာဘာသာရပ်ဆိုင်ရာများ၊ ခေတ်မီနည်းပညာများ သိရှိနားလည်စေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ တပ်မတော်သား မိသားစုဝင် ကျောင်းသား/ကျောင်းသူများအတွက် ကွန်ပျူတာအခြေခံသင်တန်းအမှတ်စဉ် (၁/၂၀၂၆) သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်ရှိ အနော်ရထာခန်းမ၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ် တင်မင်းလတ်နှင့်အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ သင်တန်းနည်းပြ ဆရာ/ဆရာမများ၊ သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြသည်။
May 04, 2026
ကျောင်းသား၊ ကျောင်းသူ မျိုးဆက်သစ်လူငယ်မောင်မယ်များကို နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အသိပညာများဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ရက်များ အကျိုးရှိစေရန်၊ မိမိဝါသနာပါသည့်ပညာရပ်များကို လေ့လာဆည်းပူးနိုင်စေရန်နှင့် နိုင်ငံတော်အတွက် ရေကြောင်းပညာ၊ လေကြောင်းပညာကျွမ်းကျင်သော အနာဂတ် မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ တပ်မတော် (ရေ) က ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းများ၊ တပ်မတော် (လေ) က အခြေခံလေကြောင်းလူငယ်သင်တန်းနှင့် တန်းမြင့်လေကြောင်း လူငယ်သင်တန်းဖွင့်ပွဲများကို ဧပြီ ၂၇ ရက်တွင် သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ သင်တန်းစခန်းများ၌ တစ်ပြိုင်တည်း စတင်ဖွင့်လှစ်ခဲ့ပြီး လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။
May 04, 2026
နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသား/ကျောင်းသူ မျိုးဆက်သစ် လူငယ်မောင်မယ်များကို ရေကြောင်းပညာနှင့် လေကြောင်းပညာဆိုင်ရာဗဟုသုတများ ရရှိတိုးပွားစေရန်နှင့် နိုင်ငံတော်အတွက် ရေကြောင်းပညာ၊ လေကြောင်းပညာ ကျွမ်းကျင်သော အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ တပ်မတော် (ရေ) က ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းများ၊ တပ်မတော် (လေ) က အခြေခံလေကြောင်းလူငယ်သင်တန်းနှင့် တန်းမြင့်လေကြောင်း လူငယ်သင်တန်းများကို ဧပြီလ ၂၇ ရက်က သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ သင်တန်းစခန်းများ၌ စတင်ဖွင့်လှစ်ခဲ့ပြီး လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။
May 04, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သို့ ချစ်ကြည်ရေးခရီးလည်ပတ်ရန်အတွက် အိန္ဒိယရေတပ်မှ စစ်ရေယာဉ် INS Satpura (F-48) နှင့် INS Sunayna (P-57) တို့သည် ယနေ့ ညနေပိုင်းတွင် ရန်ကုန်မြို့ရှိသီလဝါဆိပ်ကမ်း MITT တံတားသို့ရောက်ရှိလာရာ တပ်မတော် (ရေ) မှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်များနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
May 04, 2026
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် အိန္ဒိယရေတပ်ဦးစီးချုပ် Admiral Dinesh Kumar Tripathi ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
May 04, 2026
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
May 04, 2026
၁။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးလုပ်ငန်းများကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ကော်မရှင်အပါအဝင် ပြည်ထောင်စုဝန်ကြီးဌာန/အဖွဲ့အစည်းများတွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါသည်။
May 04, 2026
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က စာပေဗိမာန်စာမူဆုဝတ္ထုရှည် ဒုတိယဆုရရှိသည့် စာရေးဆရာ ချစ်ညွန့်ကျော်၏ “ကွယ်လေးရဲ့ မောင့်ခြုံထည် တန်းသွယ်လို့မိုး” စာအုပ်ကို ရောင်းဈေးကျပ် ၅၅၀၀ ဖြင့် ဖြန့်ချိရောင်းချလျက်ရှိသည်။
May 04, 2026
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က ပခုက္ကူစာပေဆု သုတေသနစာပေပထမဆုရရှိသည့် စာရေးသူ အောင်ကြည်ညွန့် (တက္ကသိုလ်) ၏ “မြန်မာနိုင်ငံ၏ လူထုပညာရေး ကြိုးပမ်းဆောင်ရွက်မှုသမိုင်းကို လေ့လာတင်ပြခြင်း (၁၉၄၈-၂ဝဝ၂)” စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိသည်။
May 04, 2026
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က ပခုက္ကူစာပေဆု၊ ဝတ္ထုတိုပေါင်းချုပ် ဒုတိယဆုရရှိသည့် စာရေးဆရာမ သက်ဦးခင်၏ “အရုဏ်ဦးမှာ ကြည်နူးစွာနှင့် အခြားဝတ္ထုတိုများ” စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိသည်။
May 04, 2026
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးမျိုးမြင့်အောင်သည် ယနေ့ နံနက်ပိုင်းက လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ် ရန်ကုန်-ပုသိမ်လမ်းသို့ သွားရောက်၍ လမ်းတစ်လျှောက် ရေမြောင်းရေစီးရေလာအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ရေမြောင်းတစ်လျှောက် ပိတ်ဆို့မှုမရှိစေရေး၊ ရေစီးရေလာကောင်းမွန်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် မှာကြားသည်။
May 04, 2026
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ လေကြောင်းပို့ကုန်/ သွင်းကုန်ကုန်ပစ္စည်းစစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ပြည်ပခရီးသည် ဝင်/ထွက်သွားလာမှုနှင့် စစ်ဆေးခြင်းလုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
May 04, 2026
အေဒီ ၁၁ ရာစု ပုဂံမင်းများ လက်ထက်၌ စည်ကားဖွံ့ဖြိုးခဲ့သည့် ပုဂံဒေသတွင် ဘုရား၊ စေတီ၊ ပုထိုးများနှင့် ဂူများအတွင်း နံရံဆေးရေးပန်းချီများကို ရေးဆွဲခဲ့ကြရာ အဆိုပါနံရံဆေးရေးပန်းချီများနှင့် ရှေးဟောင်းလက်ရာများကို တက္ကသိုလ်ကျောင်းသား ကျောင်းသူများ လက်တွေ့လေ့လာ သုတေသနပြုနိုင်ခြင်းသည် မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို လက်ဆင့်ကမ်းထိန်းသိမ်းနိုင်ခြင်းဖြစ်ပြီး နိုင်ငံအတွက်လည်း ဂုဏ်ယူဖွယ်ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ပုဂံရုံးခွဲမှ သိရသည်။
May 04, 2026
ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့် အထိမ်းအမှတ် မဟာမင်္ဂလာအထိမ်းအမှတ် အထူးပြပွဲကို ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ မဟာပါသာဏလိုဏ်ဂူတော် ပရိဝုဏ်အတွင်း၌ မေ ၁၀ ရက်အထိ ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
May 04, 2026
ပြင်ဦးလွင်၊ အင်းလေး၊ နေပြည် တော်၊ ငွေဆောင်နှင့် ချောင်းသာလူရည်ချွန်စခန်းများသို့ လေ့လာရေးခရီးသွားရောက်ကြမည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် နဝမတန်းလူရည်ချွန် ကျောင်းသား ကျောင်းသူ ၉၆ ဦး၊ ဒသမတန်းလူရည်ချွန်ကျောင်းသား ကျောင်းသူ ၁၃၂ ဦး၊ ဧကာဒသမတန်းလူရည်ချွန်ကျောင်းသား ကျောင်း သူ ၁၃၃ ဦး၊ ဒွါဒသမတန်းလူရည်ချွန် ကျောင်းသား ကျောင်းသူ ၉၉ ဦး၊ တက္ကသိုလ်ပထမနှစ်နှင့် ဒုတိယနှစ်လူရည်ချွန်ကျောင်းသား ကျောင်းသူ ၂၉၁ ဦး၊ စုစုပေါင်း လူရည်ချွန်ကျောင်းသား ကျောင်း သူ ၇၅၁ ဦးနှင့် ကြီးကြပ်ဆရာ ဆရာမ ၁၀၂ ဦးတို့သည် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံများသို့ သွားရောက်လေ့လာကြပြီး လူရည်ချွန်ကျောင်းသား ကျောင်းသူများ၏ သိရှိလိုသည်များကို တာဝန်ရှိသူများက ရှင်းလင်းဖြေကြားကြသည်။
May 04, 2026
၂၀၂၆ ခုနှစ် မေ ၅ ရက်တွင် ကျရောက်မည့် နှစ် (၈၀) ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များ စုပေါင်းသွေးလှူဒါန်းပွဲကို ယမန်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံး (ဗဟိုမီးသတ်) စခန်း၌ကျင်းပရာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများ၊ မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ တက်ရောက်ကြည့်ရှုအားပေးကြသည်။
May 04, 2026
ဥဇဘတ်ကစ္စတန်နိုင်ငံ၌ ယနေ့ကျင်းပသည့် (၂၉) ကြိမ်မြောက် အာဆီယံ+၃ ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများအစည်းအဝေး (29th ASEAN+3 Finance Ministers’ and Central Bank Governors’ Meeting – 29th AFMGM+3) သို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က Video Conferencing ဖြင့် တက်ရောက်ကြသည်။
May 04, 2026
ပိဋကသုံးပုံအဋ္ဌကထာကွန်ပျူတာ စာစီမူကျမ်းစာအုပ်များ ဆက်ကပ်လှူဒါန်းပွဲမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ မဟာ ပါသာဏလိုဏ်ဂူ သိမ်တော်၌ ကျင်းပသည်။
