Skip to main content

Feb 26, 2026

အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အကာအကွယ်ပေးရေးဥပဒေ(မူကြမ်း)နှင့်စပ်လျဉ်းသည့် အပြီးသတ်ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 26, 2026

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ယနေ့တွင် ရန်ကုန် - မန္တလေးပြည်ထောင်စုလမ်းမကြီး (လမ်းဟောင်း) ၏ တပ်ကုန်း-ရမည်းသင်း လမ်းပိုင်း ပြုပြင်ထိန်းသိမ်းဆောင်ရွက်နေမှုအခြေအနေနှင့် မိတ္ထီလာ - တောင်ကြီး - ကျိုင်းတုံ - တာချီလိတ်လမ်း (မိတ္ထီလာ- တောင်ကြီးလမ်းပိုင်း) ပြုပြင်ထိန်းသိမ်းထားရှိမှုအခြေအနေကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Feb 26, 2026

နိုင်ငံခြားရေးဝန်ကြီးဌာန မြန်မာသံတမန်သင်တန်းကျောင်းအဆောက်အအုံ ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ပရိဝုဏ်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 26, 2026

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု အကူအညီ‌ပေးရေး ညှိနှိုင်းမှုဗဟိုဌာန (AHA Centre) အမှုဆောင်ဒါရိုက်တာ မစ္စတာလီယန်မင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက် ၁၁ နာရီ တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Feb 26, 2026

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာနက ကြီးမှူး၍ အခွန်နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ အရာထမ်းများအတွက် အခွန်ဆိုင်ရာအခြေခံသင်တန်းအမှတ်စဉ် (၁/၂၀၂၆) သင်တန်းဖွင့်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြည်တွင်းအခွန်များဦးစီးဌာန ရုံးအမှတ် (၄၆) ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 26, 2026

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၂/၂၀၂၆) ကြိမ်မြောက်အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ရုံးအမှတ် (၅) အစည်းအဝေးခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးနှင့် ကော်မရှင်အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 26, 2026

တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (ဗထူး) ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၁၂၉) သီဟတပ်ခွဲ ပြန်တမ်းဝင်အရာရှိခန့်အပ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (ဗထူး)၊ စစ်ရာထူးခန့်ထားရေးခန်းမဆောင်၌ ကျင်းပရာ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ စစ်ရာထူးခန့်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်း၊ ဒုတိယတပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဗိုလ်ချုပ်ဝင်းဗိုလ်၊ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် မင်းသီဟ၊ ကျောင်းဆင်းဗိုလ်လောင်းများ၊ ၎င်းတို့၏မိဘဆွေမျိုးများနှင့် နည်းပြများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 26, 2026

စားအုန်းဆီဈေးကွက်ဈေးနှုန်း အလားအလာ

ဆက်လက်ဖတ်ရှုရန်

Feb 26, 2026

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး အတည်ပြုခန့်ထားခြင်း

ဆက်လက်ဖတ်ရှုရန်

Feb 26, 2026

အာဆီယံကျေးလက်ဒေသဖွံ့ဖြိုးရေးပင်မစီမံချက် (ASEAN Rural Development Master Plan) နှင့် မူဘောင်လုပ်ငန်းစီမံချက် (ASEAN RDPE Framework) ပါ လုပ်ငန်းတစ်ရပ်ဖြစ်သော ကျေးလက်အသက်မွေးဝမ်းကျောင်းများ ဖွံ့ဖြိုးရေးရည်ရွယ်၍ ရေရှည်တည်တံ့သောကျေးလက် အသက်မွေးဝမ်းကျောင်းဖွံ့ဖြိုးရေးအတွက် စွန့်ဦးတီထွင်လုပ်ငန်းများဖွံ့ဖြိုးရေး အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ KMA Naypyitaw ဟိုတယ်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 26, 2026

ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ (၃၅) နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်၊၊

ဆက်လက်ဖတ်ရှုရန်

Feb 26, 2026

နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ဇနီး ဒေါ်သန်းသန်းနွယ်နှင့် အဖွဲ့ဝင်များလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ရပ်စောက်မြို့ရှိ မြို့မဘုရားကြီးကျောင်းတိုက် ဆရာတော်အား သွားရောက်ဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ပြည်သူ့ဆေးရုံ၌ တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသည့် ပြည်သူများအား သွားရောက်ကြည့်ရှုအားပေးစကားပြောကြားကာ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ( ဗထူး) သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Feb 26, 2026

ရန်ကုန်မြို့ပြပတ်ဝန်းကျင်ကောင်းကင်ယံတွင် ယခုရက်ပိုင်းအတွင်း လေထုများ အုံ့ဆိုင်းမှုန်မှိုင်းနေသည်ကို မြို့နေပြည်သူအားလုံး ကြုံတွေ့ကြရသည်။ အဆိုပါဖြစ်စဉ်သည် မိုးအုံ့ခြင်း၊ မြူခိုးများအုံ့ဆိုင်းနေခြင်းမဟုတ်ဘဲ လေထုညစ်ညမ်းမှုကြောင့်ဖြစ်နေသည်ကို သတိပြုမိရမည်ဖြစ်သည်။ လေထုညစ်ညမ်းမှုသည် မွန်းလွဲပိုင်း၌ အဆင့် ၁၁ ရှိရာမှ ညနေပိုင်းတွင် IQ Air အရ ကမ္ဘာ့အဆင့် ၄ သတိပြုရမည့်အခြေအနေသို့ ရောက်နေသည်။ လေထုညစ်ညမ်းမှုသည် လေထုထဲ၌ မီးခိုး၊ ဓာတ်ငွေ့၊ ဖုန်မှုန့်၊ မြူခိုး၊ အနံ့အသက်နှင့် ရေခိုးရေငွေ့များ ရှိသင့်သည့်ပမာဏထက် ပိုမိုများပြားနေသောကြောင့်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 26, 2026

ဆောင်းတစ်ဝက် နွေတစ်ဝက် တပေါင်းလလွန်သော် နွေရာသီသို့ မကြာမီရောက်တော့မည်ဖြစ်သည်။ နွေကြိုကာလ၊ နွေကာလနှင့် မိုးကြိုကာလတို့မှာ သတိထားကြရမည့် သဘာဝဘေးတစ်ခုမှာ လေပြင်းဘေးအန္တရာယ်ဖြစ်သည်။ နွေကြိုကာလနှင့် နွေကာလတို့တွင် နေ့အပူချိန်များ တဖြည်းဖြည်းမြင့်တက်လာရာမှ အပူပျံတက်တိမ်များ ဖြစ်ထွန်းပြီး မွန်းလွဲပိုင်းနှင့် ညနေပိုင်းတို့တွင် မိုးတိမ်တောင်များ ဖြစ်ပေါ်နိုင်သည်။ အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာနေရာ တစ် လျှောက်တွင် စိုက်ဆင်းလေပြင်းများတိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် နေရာကွက်ကျား မိုးထစ်ချုန်းရွာခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်သည်ကို သတိပြုကြရန် လိုသည်။

ဆက်လက်ဖတ်ရှုရန်

Feb 25, 2026

နိုင်ငံတော်အစိုးရနှင့် တပ်မတော်အနေဖြင့် မူးယစ်ဆေးဝါးများ တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူ၍ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ နိုင်ငံတစ်ဝန်း မူးယစ်းဆေးဝါးထုတ်လုပ်မှုနှင့် တရားမဝင်ရောင်းဝယ်မှုများ တားဆီးကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို အင်တိုက်အားတိုက် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီလ ၂၄ ရက် မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊မိုင်းခုတ်မြို့အနီး၌ မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Feb 25, 2026

KNPP၊ KNDF အဖွဲ့များနှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများသည် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန်နှင့် ဒေသတွင်းကုန်စည်စီးဆင်းမှုများ ပျက် ပြားစေရန်ရည်ရွယ်၍ အများပြည်သူသွားလာအသုံးပြုလျက်ရှိသည့် လမ်း၊ တံတားများ အားမိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းများကို ယုတ်မာရိုင်းစိုင်းစွာ ဥပဒေမဲ့ကျူးလွန်လျက်ရှိကြရာ ဖားဆောင်းမြို့အနီးရှိ သံလွင်မြစ်ကူးတံတားတစ်စင်းဖြစ်သော သံလွင်တံတား (ဖားဆောင်း) အား အကြမ်းဖက်သမားများက ယနေ့နံနက်ပိုင်းတွင် ဒုတိယအကြိမ် ထပ်မံ၍ ယုတ်မာရိုင်းစိုင်းစွာ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Feb 25, 2026

တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(ဗထူး) ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၁၂၉) သီဟတပ်ခွဲသင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဗထူးမြို့၊ တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (ဗထူး) စစ်ရေးပြကွင်း၌ ကျင်းပရာ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် (ကိုယ်စား) နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီ မဟာသရေစည်သူ စိုးဝင်း တက်ရောက်မိန့်ခွန်းပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Feb 25, 2026

နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊နှင့် လပွတ္တာမြို့နယ် ဒေသတဝိုက် နယ်မြေလုံခြုံရေးတာဝန်များကို ထမ်းဆောင်၍ ပြန်လည်ရောက်ရှိလာသော ရှေ့တန်းပြန် နိုင်ငံ့သားကောင်းတပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုခြင်းကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်ရှိ နယ်မြေခံတပ်ရင်း၌ ပြုလုပ်ရာ ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ မှော်ဘီတပ်နယ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းသား/ကျောင်းသူများနှင့် ဒေသခံပြည်သူများ ပါဝင်တက်ရောက် ဂုဏ်ပြုကြိုဆိုကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 25, 2026

ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သို့ တရားဝင်ချစ်ကြည်ရေးခရီးစဉ်ရောက်ရှိလာသည့် ထိုင်းဘုရင့်လေတပ်ဦးစီးချုပ် Air Chief Marshal Sakesan Kantha နှင့် ဇနီးဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဖေဖော်ဝါရီ ၂၄ ရက်တွင် ထိုင်းဘုရင့်လေတပ်မှ လေယာဉ်ဖြင့် ရန်ကုန်မြို့ရှိ မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်သို့ ရောက်ရှိကြရာ တပ်မတော် (လေ) မှ အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းဘုရင့်လေတပ် စစ်သံမှူးနှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 25, 2026

နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ယနေ့နံနက်ပိုင်းတွင် ဗထူးတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် သင်တန်းနည်းပြများအား တွေ့ဆုံအမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်