Jun 27, 2026
တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း၊ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ Jeng Phang နော်တောင်နှင့် လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
Jun 27, 2026
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေး ဗဟိုကော်မတီအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နိုင်ငံတော်သမ္မတရုံးတော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
Jun 27, 2026
စားရေရိက္ခာမူဝါဒကော်မရှင်အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်သမ္မတရုံးတော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ စားရေရိက္ခာမူဝါဒကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
Jun 27, 2026
“ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် ပြည်ပသွင်းကုန်များကို အများအားဖြင့် တင်သွင်း ဆောင်ရွက်ကြရပြီး မိမိတို့အနေဖြင့်လည်း ပြည်ပမှသွင်းကုန်များကို နှစ်စဉ်တင်သွင်းနေရကြောင်း၊ ထို့ကြောင့် ပြည်ပသွင်းကုန်များကို လျှော့ချနိုင်ရေး ပြည်တွင်းကုန်ထုတ်လုပ်မှုကို တိုးမြှင့်ဆောင်ရွက်သွားမည်ဆိုပါက နိုင်ငံခြားငွေသုံးစွဲမှုနှင့် ကုန်သွယ်မှုလိုငွေများကို လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ MSME လုပ်ငန်းများ တိုးတက်အောင်ဆောင်ရွက်ပြီး ကုန်ထုတ်လုပ်မှုကို မြှင့်တင်ဆောင်ရွက်နိုင်ခြင်းဖြင့် ပြည်တွင်းသုံးစွဲမှုဖူလုံပြီး ပြည်ပသို့လည်း တင်ပို့နိုင်မည်ဖြစ်ကြောင်း” နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဇွန် ၂၅ ရက်တွင် ပြုလုပ်သည့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီအစည်းအဝေးတွင် ပြောကြားခဲ့သည်။
Jun 27, 2026
ယနေ့ မိမိတို့၏နိုင်ငံသည် နိုင်ငံရေးအရ ဒီမိုကရေစီစနစ်ကို ကျင့်သုံးပြီး စီးပွားရေးအရ ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးသည်။ ဖွံ့ဖြိုးဆဲနိုင်ငံ တစ်နိုင်ငံဖြစ်သည့်အလျောက် အတိတ်ကာလတစ်လျှောက်လုံးတွင် မိရိုးဖလာအသက်မွေးဝမ်းကျောင်းလုပ်ငန်းဖြစ်ခဲ့သော စိုက်ပျိုးရေးကို မျက်မှောက်ကာလအထိ အဓိကမှီခိုအားထားမှုပြုနေရသေးသည်။ နိုင်ငံကို ခေတ်မီဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရာတွင် စိုက်ပျိုးရေးအခြေခံမှသည် စိုက်ပျိုးရေးအခြေခံ စက်မှုလုပ်ငန်း၊ စက်မှုလုပ်ငန်း၊ အဆင့်မြင့်နည်းပညာလုပ်ငန်းစသည်ဖြင့် တစ်ဆင့်ပြီးတစ်ဆင့် ကြိုးစားတက်လှမ်းသွားကြရမည်ဖြစ်သည်။
Jun 26, 2026
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ဥတ္တရခရိုင်ရုံး အဆောက်အအုံ ဆောက်လုပ်ခြင်းနှင့် ရုံးချုပ်သင်တန်းကျောင်း တိုးချဲ့ဆောက်လုပ်ခြင်းလုပ်ငန်းများအတွက် ၂၆-၆-၂၀၂၆ ရက်နေ့၌ ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး စုပေါင်းခန်းမတွင် တင်ဒါကော်မတီ၏ ဈေးနှုန်းစိစစ်ချက်အရ အောက်ဖော်ပြပါကုမ္ပဏီများက ယှဉ်တွဲပါဈေးနှုန်းဖြင့် တင်ဒါအောင်မြင်ကြောင်း ကြေညာအပ်ပါသည်-
Jun 26, 2026
ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနအတွက် ၂ဝ၂၆ - ၂ဝ၂၇ ဘဏ္ဍာနှစ်၊ ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်မည့် Game City (၃) ထပ် အဆောက်အဦအား စာပေဗိမာန်ပြည်သူ့စာကြည့်တိုက်အဖြစ် ပြုပြင်မွမ်းမံခြင်းလုပ်ငန်းအတွက် ပြည်တွင်း/ပြည်ပပစ္စည်းများ ဝယ်ယူရေးနှင့် ထုခွဲရောင်းချရေးကော်မတီမှ (၂၆ - ၆ - ၂ဝ၂၆) ရက်နေ့၊ နံနက် (၁၁:ဝဝ) နာရီအချိန်တွင် စိစစ်ခဲ့သည့် ဈေးနှုန်းများအနက် အောက်ဖော်ပြပါကုမ္ပဏီအမည်အား ယှဉ်တွဲပါဈေးနှုန်းဖြင့် တင်ဒါအောင်မြင်ကြောင်းကို (၂၆ - ၆ - ၂ဝ၂၆) ရက်တွင် ကြေညာအပ်ပါသည်-
Jun 26, 2026
ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနအတွက် ၂ဝ၂၆ - ၂ဝ၂၇ ဘဏ္ဍာနှစ်၊ ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်မည့် ဖိုတိုလစ်သိုပုံနှိပ်စက်ရုံ ဝန်ထမ်းအိမ်ရာ RC (၆) ခန်းတွဲ (၂) ထပ် ဝန်ထမ်းအိမ်ရာအသစ် တည်ဆောက်ခြင်း (အလျား ၁၀၈ ပေ x အနံ ၃၂ ပေ x အမြင့် ၂၂ ပေ) မြို့ပြလုပ်ငန်း၊ လျှပ်စစ်လုပ်ငန်းနှင့် ရေသန့်လုပ်ငန်းများအပါအဝင် အုတ်စီချောလုပ်ငန်းအထိ အကြမ်းထည်လုပ်ငန်းအတွက် ပြည်တွင်း/ ပြည်ပပစ္စည်းများ ဝယ်ယူရေးနှင့်ထုခွဲရောင်းချရေး ကော်မတီမှ (၂၆ - ၆ - ၂ဝ၂၆) ရက်နေ့၊ နံနက် (၁၁:ဝဝ) နာရီအချိန်တွင် စိစစ်ခဲ့သည့် ဈေးနှုန်းများအနက် အောက်ဖော်ပြပါကုမ္ပဏီအမည်အား ယှဉ်တွဲပါဈေးနှုန်းဖြင့် တင်ဒါအောင်မြင်ကြောင်းကို (၂၆ - ၆ - ၂ဝ၂၆) ရက်တွင် ကြေညာအပ်ပါသည်-
Jun 26, 2026
ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနအတွက် ၂ဝ၂၆ - ၂ဝ၂၇ ဘဏ္ဍာနှစ်၊ ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်မည့် ဗဟိုပုံနှိပ်စက်ရုံ ဝန်ထမ်းအိမ်ရာ RC (၆) ခန်းတွဲ (၄) ထပ် ဝန်ထမ်းအိမ်ရာအသစ် တည်ဆောက်ခြင်း (အလျား ၁၄၄ ပေ x အနံ ၂၆ ပေ x အမြင့် ၄ဝ ပေ) (ရေ၊ မီး၊ မိလ္လာ၊ Apron Drain အပါအဝင်) လုပ်ငန်းအတွက် ပြည်တွင်း/ ပြည်ပပစ္စည်းများ ဝယ်ယူရေးနှင့် ထုခွဲရောင်းချရေးကော်မတီမှ (၂၆ - ၆ - ၂ဝ၂၆) ရက်နေ့၊ နံနက် (၁၁:ဝဝ)နာရီ အချိန်တွင် စိစစ်ခဲ့သည့် ဈေးနှုန်းများအနက် အောက်ဖော်ပြပါကုမ္ပဏီအမည်အား ယှဉ်တွဲပါဈေးနှုန်းဖြင့် တင်ဒါအောင်မြင်ကြောင်းကို (၂၆ - ၆ - ၂ဝ၂၆) ရက်တွင် ကြေညာအပ်ပါသည်-
Jun 26, 2026
ပွင့်ဖြူမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနက ယနေ့နံနက် ၈ နာရီခွဲတွင် ပွင့်ဖြူမြို့ရှိ မုန်းချောင်းသဘာဝရေပြင်အတွင်း ငါးမျိုးစိုက်ထည့် ခြင်းအခမ်းအနားကျင်းပရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးလင်းလင်းအောင်နှင့် ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်ငါးသားဖောက်စခန်းတာဝန်ခံနှင့် ဒေသခံပြည်သူများ တက်ရောက်ကြပြီး ငါးသယံဇာတ ဖူလုံစေရေးအတွက် နှစ်လက်မအရွယ် ငါးမြစ်ချင်း ငါးမျိုးစိတ်ကောင်ရေ ၁၅၀၀၀၀၊ ငါးခုံးမကြီး ၁၅၀၀၀၀ စုစုပေါင်း ကောင်ရေ ၃၀၀၀၀၀ အား စုပေါင်းမျိုးစိုက်ထည့်ပေးခဲ့ကြသည်။
Jun 26, 2026
တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ်၌ မိုးစပါးပန်းတိုင်အထွက် နှုန်းရရှိရေး စံပြကျေးရွာ(မကျည်းကုန်း)ရှိ အကျိုးဆောင် တောင်သူ ၇၈ ဦးအား မိုးစပါးစိုက်ဧက ၃၀၀ အတွက် သဘာဝမြေဩဇာအိတ် ၃၀၀ နှင့် ကွန်ပေါင်းဓာတ်မြေဩဇာအိတ် ၁၅၀ ပေးအပ်ခဲ့သည်။
Jun 26, 2026
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့၌မြို့နယ်အတွင်း ချင်းတွင်းမြစ်ရေ မြင့်တက်လာမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားလာနိုင်သဖြင့် မြေနိမ့်ပိုင်းများနှင့် ရေဝင်ရောက်နိုင်သည့် နေရာများတွင်နေထိုင်ကြသည့် ပြည်သူများကြိုတင် သတိပြုနေထိုင်စေရေး အသိပေးနှိုးဆော်မှုကို ယနေ့နံနက် ၉ နာရီခွဲက ဟုမ္မလင်းမြို့အနီးတစ်ဝိုက် ချင်းတွင်းမြစ်ကမ်းဘေး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Jun 26, 2026
ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာစီမံကိန်း သုံးသပ်ဆွေးနွေးပွဲနှင့် စံပြကျေးရွာ ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jun 26, 2026
ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ စက်ပစ္စည်းများနှင့် ပရိဘောဂများ ဝယ်ယူရေးအတွက် (၂၆-၆-၂၀၂၆) ရက်နေ့တွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်တွင်း/ ပြည်ပပစ္စည်းများ ဝယ်ယူရေးနှင့် ထုခွဲရောင်းချရေးကော်မတီမှ ဈေးနှုန်းစိစစ်ခဲ့ရာ ဖော်ပြပါကုမ္ပဏီများမှ ယှဉ်တွဲပါဈေးနှုန်းများဖြင့် တင်ဒါအောင်မြင်ကြောင်း ကြေညာပါသည်-
Jun 26, 2026
၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်ရေကူးပြိုင်ပွဲဆုချီးမြှင့်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ဒဂုံမြို့နယ် (ဦးဝိစာရလမ်း)ရှိ အမျိုးသားရေကူးကန်၌ ကျင်းပရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဒုတိယဥက္ကဋ္ဌ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများနှင့် အထူးဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အားကစားသမားများ တက်ရောက်ကြသည်။
Jun 26, 2026
မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော လက်နက်ပစ္စည်းများအန္တရာယ် အသိပညာပေးခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Grand Amara Hotel ၌ ကျင်းပသည်။
Jun 26, 2026
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ယနေ့တွင် ကလေး-သိုင်းငင်း- တီးတိန်လမ်းပိုင်း အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည့် ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်ရန်၊ လိုအပ်သည့်နေရာများတွင် Culvert များ တည်ဆောက်ထားရန်၊ မိုးတွင်းတွင် တောင်ပြို၍ လမ်းပြတ်တောက်မှုမရှိစေရေး တာဝန်ရှိသူအဆင့်ဆင့်က ကြိုတင်စုဖွဲ့၍ အလေးထားကြပ်မတ်ဆောင်ရွက်သွားရန် မှာကြားသည်။
Jun 26, 2026
ကမ္ဘာတစ်ဝန်း၌ အလုပ်အကိုင်ဖန်တီးခြင်း၊ ဆင်းရဲနွမ်းပါးမှုလျှော့ချခြင်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်စေခြင်းတို့၌ အဓိကမောင်းနှင်အားဖြစ်သော MSME များ၏ အရေးပါမှုကို အသိအမှတ်ပြုရန်အတွက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဆုံးဖြတ်ချက်အရ ဇွန် ၂၇ ရက်ကို “ကမ္ဘာ့ MSME နေ့” အဖြစ် ၂ဝ၁၇ ခုနှစ်မှ စတင်ကာ နှစ်စဉ်ကျင်းပခဲ့ကြသည်။
Jun 26, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံသူနိုင်ငံသားများအားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါသည်။
