Skip to main content

Apr 23, 2024

ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများဖြစ်ကြသော ဦးခင်မောင်ကြီး၊ ဦးတင်ဟုန်၊ ဦးသောင်းနိုင်၊ ဒေါ်ပြုံးပြုံးအေးတို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် ရုံးခန်းအမှတ် (၁) ၌ ရုံးထိုင်၍ ရာဇဝတ်အထူးအယူခံမှုအမှတ် ၉/၂၀၂၃ (စစ်ကိုင်း)၊ ၁၀/၂၀၂၃ (စစ်ကိုင်း)နှင့် ၁၂/၂၀၂၃ (ကချင်)၊ တရားမအထူးအယူခံမှု အမှတ် ၃၂/၂၀၂၃ (ကရင်)၊ ၄၄/၂၀၂၃ (ရှမ်း)၊ ၁/၂၀၂၄ (မန္တလေး)၊ ၁၉/၂၀၂၂(ဧရာဝတီ)၊ ၅၂/ ၂၀၂၃ (ကချင်)၊ ၃/၂၀၂၄ (မန္တလေး) နှင့် ၄/၂၀၂၄ (မန္တလေး)၊ စုစုပေါင်း ရာဇဝတ်အထူးအယူခံမှု (၃) မှုနှင့် တရားမအထူးအယူခံမှု (၇) မှုတို့ကို စီရင်ချက် ချမှတ်သည်။

ဆက်လက်ဖတ်ရှုရန်

Apr 23, 2024

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနသည် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ပုသိမ်၊ တောင်ငူ၊ မြစ်ကြီးနား၊ ဖျာပုံ၊ စစ်တွေ၊ ရွာငံနှင့် ထားဝယ်မြို့တို့တွင် အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းများအား ဖွင့်လှစ်ထားရှိကာ စက်ချုပ်သင်တန်းများ (မိန်းမဝတ်၊ ကလေးဝတ်၊ ကျားရှပ်၊ တိုက်ပုံ၊ ကုတ်အင်္ကျီ)၊ လက်မှုသင်တန်း၊ မုန့်မျိုးစုံပြုလုပ်နည်းသင်တန်း၊ အစားအစာချက်ပြုတ်နည်းသင်တန်းနှင့် ပန်းအလှပြင်သင်တန်း စသည့်သင်တန်းများကို ဘဏ္ဍာရေးနှစ်တစ်နှစ်လျှင် သင်တန်းအပတ်စဉ် (၈) ခု၊ အပတ်စဉ်တစ်ခုလျှင် (၆) ပတ်ကြာသင်ကြား ပေးလျက်ရှိသည့်အပြင် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ပုသိမ်ကျောင်းများ၌ စနေ၊ တနင်္ဂနွေနေ့များတွင်လည်း အထူးသင်တန်းများအား ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Apr 23, 2024

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းမှ မြန်မာနိုင်ငံတစ်ဝန်းရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများစာဖတ်နှုန်းမြင့်တက်စေရန်ရည်ရွယ်၍ တစ်ဖက်တစ်လမ်းမှ ပါဝင်ဝန်ဆောင်မှုပေးသည့်အနေဖြင့် ပြန်ကြားရေးဝန်ကြီးဌာနမှ ဖွင့်လှစ်ထားသော လူထုအခြေပြုဗဟိုဌာန (စာကြည့်တိုက်) များသို့ စာအုပ်များပေးပို့လှူဒါန်းလိုပါက မြန်မာ့စာတိုက်လုပ်ငန်းရှိ စာတိုက်များတွင် (အခမဲ့) ပေးပို့နိုင်ပါကြောင်း ကြေညာအပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Apr 23, 2024

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသောနိုင်ငံဖြစ်သည်။ စိုက်ပျိုးရေးထွက် ကုန်အမျိုးမျိုးဖြင့် နိုင်ငံ့စီးပွားတိုးတက်ရေးကို ဦးစားပေးလုပ်ဆောင်လျက်ရှိသည်။ အဓိကစိုက်ပျိုးသီးနှံ ထုတ်ကုန်များဖြစ်သည့် ဆန်၊ ပဲ၊ ပြောင်း၊ ဆီထွက်သီးနှံပြီးလျှင် ဝါစိုက်ပျိုးရေးသည် တိုင်းပြည်စီးပွားတိုးတက်ရေးကို ကောင်းမွန်ဖြစ်ထွန်းအောင် အထောက်အကူပြုနိုင်သည်။

ဆက်လက်ဖတ်ရှုရန်

Apr 23, 2024

မြန်မာနိုင်ငံအတွင်းရှိ ဒေသအသီးသီးတို့တွင် နေ့အပူချိန်များ မြင့်တက်လျက်ရှိခြင်းကြောင့် အပူဒဏ်အန္တရာယ်နှင့် ခရမ်းလွန်ရောင်ခြည်အန္တရာယ်တို့ကို အများပြည်သူ သတိပြုကာကွယ်နိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနက မီဒီယာများမှတစ်ဆင့် နှိုးဆော်သတိပေးလျက်ရှိသည်။ အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံဖြစ်သော ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အပူချိန်ပြင်းထန်မှုကြောင့် လူသေဆုံးမှု များရှိကြောင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ဒေသအများအပြားတွင် အပူချိန် ၄၂ ဒီဂရီဆဲလ်စီးယပ်အထိရှိခဲ့ကြောင်း ဆင်ဟွာသတင်းတစ်ရပ်တွင် ဖော်ပြထားရာ မြန်မာနိုင်ငံတွင် ယင်းထက် အပူချိန်ပိုမိုမြင့်မားနေခြင်းဖြစ်သည့်အလျောက် အပူဒဏ်အန္တရာယ် ကာကွယ်ရေး ဂရုပြုဆောင်ရွက်ကြရန်လိုသည်။

ဆက်လက်ဖတ်ရှုရန်

Apr 22, 2024

AA အကြမ်းဖက်သောင်းကျန်းသူများက ဧပြီလ ၁၂ ရက်နေ့တွင် ကွန်တိုင်ကျေးရွာ၊ ရွက်ညိုတောင်ကျေးရွာနှင့် ဦးလှဖေကျေးရွာအတွင်းသို့ အကြောင်းမဲ့လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ မီးရှို့ခြင်းများကြောင့် ကြောက်ရွံ့၍ရှောင်တိမ်းလာသော ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ရှိ ယာယီခိုလှုံရာစခန်း ၃ ခုတွင် ခေတ္တခိုလှုံနေထိုင်လျက်ရှိသည့် အိမ်ထောင်စုဝင် ယာယီနေရပ်စွန့်ခွာသူများအား ဆန်အိတ်များ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် အဆိုပါမြို့ရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ပြုလုပ်ရာ နယ်မြေခံတပ်နယ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့် ယာယီနေရပ်စွန့်ခွာသူ အိမ်ထောင်စုဝင်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 22, 2024

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ကို တပ်မတော်ကဓာတုအဆိပ်ဗုံးများဖြင့် ဧပြီလ ၂၀ ရက်နေ့တွင် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါတိုက်ခိုက်မှုကြောင့် အကြမ်းဖက်သမားများနှင့် ဒေသခံပြည်သူများ မူးဝေ၊ အော့အန်ခြင်းဝေဒနာများခံစားနေရကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit က မဟုတ်မမှန်ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Apr 22, 2024

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့တွင် ဧပြီလ ၂၁ ရက်နေ့က ဆိုင်ကယ်စီးနင်းနေသည့် ပြည်သူ ၈၀ ခန့်ကို အကြောင်းမဲ့ဖမ်းဆီးပြီး စစ်မှုထမ်းဆောင်ရန် ကားများဖြင့်ခေါ်ဆောင်သွားကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit က လူမှုကွန်ရက်စာမျက်နှာများတွင် လုပ်ကြံရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။ နိုင်ငံတော်အစိုးရမှ ပြည်သူ့စစ်မှုထမ်းဥပဒေ စတင်အာဏာတည်ကြောင်း သတ်မှတ်သည့်နေ့မှစပြီး တရားမဝင်ပြည်ဖျက်မီဒီယာများနှင့် ရပ်ရွာအေးချမ်းသာယာရေးကိုမလိုလားသည့် အကြမ်းဖက်သမားများက ပြည်သူများကြောက်ရွံ့ထိတ်လန့်စေရန် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးမှူးများက စစ်မှုထမ်းဆောင်ရန် ပေါ်တာဆွဲခြင်း၊ လမ်းသွားလမ်းလာပြည်သူများကို အကြောင်းမဲ့ဖမ်းဆီးခြင်းများ လုပ်ဆောင်နေကြောင်း ကောလာဟလသတင်းအမှားများအပြင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရာတွင် တာဝန်ရှိသူများကို နှောင့်ယှက်ဖျက်ဆီးခြင်း၊ လုပ်ကြံသတ်ဖြတ်ခြင်းနှင့် ခြိမ်းခြောက်ခြင်းများ ပေါ်ပေါ်ထင်ထင် လုပ်ဆောင်နေသည်ကို ပြည်သူများမှလည်း သိရှိပြီးဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Apr 22, 2024

တာဝန်မှအနားယူခွင့်ပြုခြင်း

ဆက်လက်ဖတ်ရှုရန်

Apr 22, 2024

ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ်(၄/၂၀၂၄) ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Apr 22, 2024

အမုန်းစကားကို ဆန့်ကျင်ကြ၊ တားဆီးကြရမည်

ဆက်လက်ဖတ်ရှုရန်

Apr 22, 2024

၁။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးလုပ်ငန်းများကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ကော်မရှင်အပါအဝင် ပြည်ထောင်စုဝန်ကြီးဌာန/အဖွဲ့အစည်းများတွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Apr 22, 2024

နိုင်ငံတစ်ဝန်းတွင် ပြည်တွင်းထုတ်လုပ်မှုမြင့်မားရေးအတွက် ဒေသအလိုက်ထွက်ရှိသည့် ကုန်ကြမ်းများကိုအခြေခံ၍ အရည်အသွေးကောင်းမွန်သည့် ကုန်ချောပစ္စည်းများ ထုတ်လုပ်ကာ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြရာ ပခုက္ကူအညာဒေသတွင်လည်း စိုက်ပျိုးရေးလုပ်ငန်းများမှ ထွက်ရှိလာသည့်ထွက်ကုန်များကို တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး MSME လုပ်ငန်းများအဖြစ် လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည်။ ယင်းတို့အနက် ဝါစိုက်ပျိုးရေးလုပ်ငန်းမှ ထွက်ရှိလာသည့် ဝါဂွမ်းမှတစ်ဆင့် ဆန်းသစ်သောချည်ထည်ပစ္စည်းအမျိုးမျိုး ထုတ်လုပ်ရောင်းချလျက်ရှိသည့် ပခုက္ကူမြို့က စိန်ငါးပွင့်၊ ဓာတ်ဆိုး၊ ဆေး၊ ချည်မျှင်နှင့် ချည်ထည်အမျိုးမျိုးရောင်းဝယ်ရေးလုပ်ငန်းရှင်နှင့် တွေ့ဆုံမေးမြန်းထားမှုကို တင်ပြလိုက်ပါသည်-

ဆက်လက်ဖတ်ရှုရန်

Apr 22, 2024

အကြမ်းဖက်မှုပပျောက်ရေးအတွက် ပြည်သူသို့ အသိပေးနှိုးဆော်ချက်

ဆက်လက်ဖတ်ရှုရန်

Apr 22, 2024

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Apr 22, 2024

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဧပြီ ၂၀ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် လှည်းကူးမြို့နယ်၌ တရားမဝင်ကျွန်းသစ် ၁ ဒသမ ၁၁၈ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၆၅၄၈၀)နှင့် အဆိုပါသစ်များ တင်ဆောင်လာသည့် Super Custom ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၃၁၅၆၅၄၈၀ သိမ်းဆည်းရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Apr 22, 2024

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Apr 22, 2024

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ် အမှတ် (၈၅) တံတားအနီး ငလိုက်ချောင်းတစ်လျှောက် သန့်ရှင်းသာယာလှပရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Apr 22, 2024

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ် ပေတောကျေးရွာရှိ ပေတောဥစားကြက်မွေးမြူရေးခြံသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းဆိုင်ရာလိုအပ်ချက်များ ဆွေးနွေးမှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Apr 22, 2024

ပြည်သူ့စစ်မှုထမ်းဆိုင်ရာ သိကောင်းစရာများ

ဆက်လက်ဖတ်ရှုရန်