Skip to main content

ရာဇဝတ်အထူးအယူခံမှု (၁) မှုနှင့် တရားမ အထူးအယူခံမှု (၅) မှု ရုံးထိုင်ကြားနာ

နေပြည်တော် အောက်တိုဘာ ၂၁

ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများဖြစ်ကြသော ဦးသောင်းနိုင်၊ ဦးသိန်းကိုကို၊ ဒေါ်ပြုံးပြုံးအေး၊ ဒေါက်တာ ကိုကိုနိုင်တို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် ရုံးခန်းအမှတ် (၁) ၌ ရုံးထိုင်၍ ရာဇဝတ်အထူးအယူခံမှု အမှတ် ၃/၂၀၂၄ (မန္တလေး)နှင့် တရားမအထူးအယူခံမှု အမှတ် ၅၃/၂၀၂၄ (ရန်ကုန်)၊ ၅၇/၂၀၂၄ (တနင်္သာရီ)၊ ၆၆/၂၀၂၄ (တနင်္သာရီ)၊ ၆၇/၂၀၂၄ (တနင်္သာရီ)၊ ၆၉/၂၀၂၄ (မကွေး) စုစုပေါင်း ရာဇဝတ်အထူးအယူခံမှု (၁)မှုနှင့် တရားမ အထူးအယူခံမှု (၅) မှုတို့ကို ရုံးထိုင်ကြားနာခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်