Skip to main content

Apr 24, 2024

သစ်ပင်များသည် လူသားတို့အတွက် အရေးကြီးသည့် မိတ်ဖက်တစ်ခုဖြစ်သည်။ သစ်ပင်တောအုပ်များသည် လေထုထဲမှ အမှုန်အမွှားများကို ဖယ်ရှားနိုင်ပြီး လေထုထဲမှ အဆိပ်အတောက်များကို ဖယ်ရှားကာ လေထုကို သန့်စင်စေသည်။ သစ်ပင်များ၏ အရိပ်အာဝါသနှင့် ရေငွေ့ထုတ်လွှတ်မှုတို့ကြောင့် လေထုအပူချိန်ကို လျော့ကျစေသည်။ ထို့အပြင် မြေအောက်ရေသယံဇာတများကိုလည်း သစ်ပင်များကထိန်းသိမ်းပေးပြီး သန့်စင်စေသည်။

ဆက်လက်ဖတ်ရှုရန်

Apr 23, 2024

ကျောင်းသား၊ ကျောင်းသူမျိုးဆက်သစ်လူငယ်မောင်မယ်များကို နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အသိပညာများဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ရက်များအကျိုးရှိစေရန်၊ မိမိဝါသနာပါသည့် ပညာရပ်များကို လေ့လာဆည်းပူးနိုင်စေရန်နှင့် နိုင်ငံတော်အတွက် ရေကြောင်းပညာ၊ လေကြောင်းပညာကျွမ်းကျင်သော အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ တပ်မတော်(ရေ)က ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းများ၊ တပ်မတော်(လေ)က အခြေခံလေကြောင်းလူငယ်သင်တန်းနှင့် တန်းမြင့်လေကြောင်း လူငယ်သင်တန်းဖွင့်ပွဲများကို ဧပြီ ၂၂ ရက်တွင် သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ သင်တန်းစခန်းများ၌ တစ်ပြိုင်တည်းစတင်ဖွင့်လှစ်ခဲ့ပြီး လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Apr 23, 2024

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Apr 23, 2024

၂၀၂၄ ခုနှစ်၊ လူရည်ချွန်စုရပ်စခန်းအသီးသီးသို့ သွားရောက်မည့် ရန်ကုန်တိုင်းဒေသကြီးမှ လူရည်ချွန်မောင်မယ်များအား ဂုဏ်ပြုတွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်ရှိ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ လူရည်ချွန်မောင်မယ်များနှင့် ဆရာ၊ ဆရာမများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 23, 2024

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်တွင် နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးပူးပေါင်းတပ်ဖွဲ့ဝင်များက ဆင်ချောင်းကျေးရွာ၊ ရန္တပိုကျေးရွာ၊ ကိုင်းကျေးရွာ၊ ညောင်တိုကျေးရွာတို့ကို ဧပြီလ ၂၁ ရက်နေ့က မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ အဆိုပါ မီးရှို့ဖျက်ဆီးမှုကြောင့် အိမ်ခြေ ၃၀၀ ကျော်ပျက်စီးခဲ့သည်ဟု တစ်ဖက်သတ်စွပ်စွဲရေးသားထားသည့် သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက ပြည်သူများ အထင်အမြင်လွဲမှားစေရန် လူမှုကွန်ရက်စာမျက်နှာများတွင် ဝါဒဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရပါသည်။

ဆက်လက်ဖတ်ရှုရန်

Apr 23, 2024

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေး ခန်းမ၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 23, 2024

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဧပြီ ၂၂ ရက်တွင် ပဲခူးတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ညောင်ခါးရှည် X-Ray စက် စစ်ဆေးရေးဂိတ်၌ သာမညမှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးနှင့် ဘားအံမြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် တစ်စီးတို့ပေါ်မှ တရားဝင်စာရွက် စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် Lactasoy ပဲနို့ဘူး ၆၀၀၀၊ Carib-bean နှင့် Sun Smile စားပွဲတင်လျှပ်စစ်ပန်ကာ ၇၅ လုံးအပါအဝင် ကုန်ပစ္စည်း ခုနစ်မျိုး (ခန့်မှန်း တန်ဖိုး ငွေကျပ် ၁၂၈၅၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Yutong Bus နှစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၇၀၀၀၀၀၀၀) ကို အကောက်ခွန်လုပ်ထုံးလုပ်နည်းများအရလည်းကောင်း။

ဆက်လက်ဖတ်ရှုရန်

Apr 23, 2024

ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ (၁၄-၄-၂၀၂၄) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၁-၄-၂၀၂၄) ရက်နေ့၊ ည (၈:၀၀) နာရီအထိ ရက်သတ္တပတ်အတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၁၅,၈၂၀) ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၃၁) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၂) ရာခိုင်နှုန်း ဖြစ်ပါသည်။ အစီရင်ခံ ကာလအတွင်း ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူမရှိပါ။

ဆက်လက်ဖတ်ရှုရန်

Apr 23, 2024

ဧရာဝတီတံတား (ညောင်တုန်း) ရေလမ်းတွင် ရေယာဉ်များ ဖြတ်သန်းသွားလာရန် အစုန်ရေလမ်းကို ရေလယ်တိုင်အမှတ် (၁၅) နှင့် (၁၆) အကြားမှလည်းကောင်း၊ အဆန်ရေလမ်းကို ရေလယ်တိုင်အမှတ် (၁၄) နှင့် (၁၅) အကြားမှလည်းကောင်း သတ်မှတ်ပေးထားသည်။ ယခုအခါ ရေကြောင်းရေလမ်း အခြေ အနေအရ တံတားရေလမ်းကြောင်းကို ဧပြီ ၂၅ ရက်မှစ၍ အစုန်ရေလမ်းအဖြစ် ရေလယ်တိုင်အမှတ် (၁၆) နှင့် (၁၇) အကြားမှလည်းကောင်း၊ အဆန်ရေလမ်းအဖြစ် ရေလယ်တိုင်အမှတ် (၁၅) နှင့် (၁၆) အကြားမှလည်းကောင်း ပြောင်းလဲသတ်မှတ်မည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Apr 23, 2024

ဗိုလ်မြတ်ထွန်းတံတားရေလမ်းတွင် ရေယာဉ်များ ဖြတ်သန်းသွားလာရန် အစုန်ရေလမ်းကို ရေလယ် တိုင်အမှတ် (၁၄) နှင့် (၁၅) အကြားမှလည်းကောင်း၊ အဆန်ရေလမ်းကို ရေလယ်တိုင်အမှတ် (၁၃) နှင့် (၁၄) အကြားမှလည်းကောင်း သတ်မှတ်ပေးထားသည်။ ယခုအခါ ရေလမ်းကြောင်း အခြေအနေအရ တံတားရေလမ်းကြောင်းကို ဧပြီ ၂၅ ရက်မှစ၍ အစုန်ရေလမ်းအဖြစ် ရေလယ်တိုင်အမှတ် (၁၁) နှင့် (၁၂) အကြားမှလည်းကောင်း၊ အဆန်ရေလမ်းအဖြစ် ရေလယ်တိုင်အမှတ် (၁၀) နှင့် (၁၁) အကြားမှလည်းကောင်း ပြောင်းလဲသတ်မှတ်မည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Apr 23, 2024

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Apr 23, 2024

မျက်မှောက်ကာလတွင် ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အကြမ်းဖက်မှုတားဆီးရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ပရိသတ်များ၏ ရင်တွင်းခံစားချက်စကားသံများအားသဇင် FM ၏ “ပြည်သူ့ကြားက ပြည်သူ့စကား” အစီအစဉ်မှ “အကြမ်းဖက်သမားများ၏ ရိုင်းစိုင်းယုတ်မာမှုများကြောင့် အသက်ပေးခဲ့ရသော အပြစ်မဲ့ရဟန်းရှင်လူပြည်သူများ” ခေါင်းစဉ်ဖြင့် ဧပြီ ၂၄ ရက် မွန်းလွဲ ၁ နာရီတွင် ထုတ်လွှင့်တင်ဆက် ပေးသွားမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Apr 23, 2024

ကျန်းမာရေးဝန်ကြီးဌာန ရာထူးတိုးမြှင့် တာဝန်ပေးအပ်ခြင်းခံရသော အရာထမ်း၊ အမှုထမ်းများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 23, 2024

လယ်ယာသန်းခေါင်စာရင်း စမ်းသပ်ကောက်ယူမှုစတင်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်သင်တန်းခန်းမ၌ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စာရင်းကောက်လုပ်ငန်းတွင် ပါဝင်ဆောင်ရွက်ပေးကြမည့် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်နှင့် ပျဉ်းမနားစိုက်ပျိုးရေးသိပ္ပံကျောင်းတို့မှ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 23, 2024

ကျောင်းသား ကျောင်းသူများအနေဖြင့် နွေရာသီကျောင်းပိတ် ရက်ကာလများတွင် အားလပ်ချိန် များကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ဘာသာ၊ သာသနာကို တန်ဖိုးထားတတ်စေရန်၊ မြတ်ဗုဒ္ဓ၏ အဆုံးအမနှင့် ကျင့်စဉ်များကို ပိုမိုနက်ရှိုင်းစွာ နားလည်စေရန်နှင့် အကျင့်စာရိတ္တ ကောင်းမွန်ပြီး ပညာထူးချွန်သူများ ဖြစ်လာစေရန်၊ လက်တွေ့အသုံးချ ဘာသာရပ်များနှင့်အတူ ဗဟုသုတရစေပြီး အတတ်ပညာများတိုးပွားစေရန်ရည်ရွယ်၍ တိုင်းစစ်ဌာနချုပ် အသီးသီးနှင့် ကွပ်ကဲမှုအောက် တပ်နယ်၊ တပ်ရင်း/တပ်ဖွဲ့များ၌ အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်း၊ အင်္ဂလိပ်စာသင်တန်း၊ ကွန်ပျူတာသင်တန်း၊ မြန်မာ့သိုင်းသင်တန်း၊ အခြေခံအင်္ဂလိပ်သဒ္ဒါနှင့် စကားပြော သင်တန်းများစသဖြင့် ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Apr 23, 2024

ကျောင်းသား ကျောင်းသူ မျိုးဆက်သစ်လူငယ်မောင်မယ်များကို နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အသိပညာများ ဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ရက်များကို အကျိုးရှိစွာအသုံးချနိုင်စေရန်၊ မိမိဝါသနာပါသည့် ပညာရပ်များကို လေ့လာဆည်းပူးနိုင်စေရန်နှင့် နိုင်ငံတော်အတွက် ရေကြောင်းပညာကျွမ်းကျင်သော အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ တပ်မတော် (ရေ) က ရေကြောင်းလူငယ်အခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၄) နှင့် ရေကြောင်း လူငယ်တန်းမြင့်သင်တန်းအမှတ်စဉ် (၁/၂၀၂၄) ဖွင့်ပွဲများကို ယနေ့နံနက်ပိုင်းတွင် သက်ဆိုင်ရာမြို့နယ်အသီးသီး၌ တစ်ချိန်တည်း စတင်ဖွင့်လှစ်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 23, 2024

ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများဖြစ်ကြသော ဦးခင်မောင်ကြီး၊ ဦးတင်ဟုန်၊ ဦးသောင်းနိုင်၊ ဒေါ်ပြုံးပြုံးအေးတို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် ရုံးခန်းအမှတ် (၁) ၌ ရုံးထိုင်၍ ရာဇဝတ်အထူးအယူခံမှုအမှတ် ၉/၂၀၂၃ (စစ်ကိုင်း)၊ ၁၀/၂၀၂၃ (စစ်ကိုင်း)နှင့် ၁၂/၂၀၂၃ (ကချင်)၊ တရားမအထူးအယူခံမှု အမှတ် ၃၂/၂၀၂၃ (ကရင်)၊ ၄၄/၂၀၂၃ (ရှမ်း)၊ ၁/၂၀၂၄ (မန္တလေး)၊ ၁၉/၂၀၂၂(ဧရာဝတီ)၊ ၅၂/ ၂၀၂၃ (ကချင်)၊ ၃/၂၀၂၄ (မန္တလေး) နှင့် ၄/၂၀၂၄ (မန္တလေး)၊ စုစုပေါင်း ရာဇဝတ်အထူးအယူခံမှု (၃) မှုနှင့် တရားမအထူးအယူခံမှု (၇) မှုတို့ကို စီရင်ချက် ချမှတ်သည်။

ဆက်လက်ဖတ်ရှုရန်

Apr 23, 2024

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနသည် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ပုသိမ်၊ တောင်ငူ၊ မြစ်ကြီးနား၊ ဖျာပုံ၊ စစ်တွေ၊ ရွာငံနှင့် ထားဝယ်မြို့တို့တွင် အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းများအား ဖွင့်လှစ်ထားရှိကာ စက်ချုပ်သင်တန်းများ (မိန်းမဝတ်၊ ကလေးဝတ်၊ ကျားရှပ်၊ တိုက်ပုံ၊ ကုတ်အင်္ကျီ)၊ လက်မှုသင်တန်း၊ မုန့်မျိုးစုံပြုလုပ်နည်းသင်တန်း၊ အစားအစာချက်ပြုတ်နည်းသင်တန်းနှင့် ပန်းအလှပြင်သင်တန်း စသည့်သင်တန်းများကို ဘဏ္ဍာရေးနှစ်တစ်နှစ်လျှင် သင်တန်းအပတ်စဉ် (၈) ခု၊ အပတ်စဉ်တစ်ခုလျှင် (၆) ပတ်ကြာသင်ကြား ပေးလျက်ရှိသည့်အပြင် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ပုသိမ်ကျောင်းများ၌ စနေ၊ တနင်္ဂနွေနေ့များတွင်လည်း အထူးသင်တန်းများအား ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Apr 23, 2024

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းမှ မြန်မာနိုင်ငံတစ်ဝန်းရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများစာဖတ်နှုန်းမြင့်တက်စေရန်ရည်ရွယ်၍ တစ်ဖက်တစ်လမ်းမှ ပါဝင်ဝန်ဆောင်မှုပေးသည့်အနေဖြင့် ပြန်ကြားရေးဝန်ကြီးဌာနမှ ဖွင့်လှစ်ထားသော လူထုအခြေပြုဗဟိုဌာန (စာကြည့်တိုက်) များသို့ စာအုပ်များပေးပို့လှူဒါန်းလိုပါက မြန်မာ့စာတိုက်လုပ်ငန်းရှိ စာတိုက်များတွင် (အခမဲ့) ပေးပို့နိုင်ပါကြောင်း ကြေညာအပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Apr 23, 2024

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသောနိုင်ငံဖြစ်သည်။ စိုက်ပျိုးရေးထွက် ကုန်အမျိုးမျိုးဖြင့် နိုင်ငံ့စီးပွားတိုးတက်ရေးကို ဦးစားပေးလုပ်ဆောင်လျက်ရှိသည်။ အဓိကစိုက်ပျိုးသီးနှံ ထုတ်ကုန်များဖြစ်သည့် ဆန်၊ ပဲ၊ ပြောင်း၊ ဆီထွက်သီးနှံပြီးလျှင် ဝါစိုက်ပျိုးရေးသည် တိုင်းပြည်စီးပွားတိုးတက်ရေးကို ကောင်းမွန်ဖြစ်ထွန်းအောင် အထောက်အကူပြုနိုင်သည်။

ဆက်လက်ဖတ်ရှုရန်