နေပြည်တော် အောက်တိုဘာ ၂၁
ဧရာဝတီတိုင်းဒေသကြီး၌ သန်းခေါင်စာရင်းကောက်ယူရာတွင် စစ်မှုထမ်းကိစ္စများကိုပါ မေးမြန်းကောက်ယူနေသည်ဟု မဟုတ်မမှန်သတင်းများကို ပြည်ဖျက်သတင်းမီဒီယာများက ရေးသားဖြန့်ဝေနေသည်ကို တွေ့ရသည်။
မြန်မာနိုင်ငံတွင် တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်မှ ၁၅ ရက်ထိ သန်းခေါင်စာရင်းကောက်ယူမှုကို ပြုလုပ်ခဲ့ရာ အကြောင်းအမျိုးမျိုးကြောင့် သန်းခေါင်စာရင်း အကောက်မခံရသေးသူများအတွက် အောက်တိုဘာလ ၃၁ ရက်ထိ တိုးမြှင့်ကောက်ခံနေကြောင်း၊ ထိုသို့စာရင်းကောက်ယူရာတွင် ဝန်ထမ်းများအနေဖြင့် အိမ်ထောင်စုမေးခွန်းပုံစံအတွက် မေးခွန်း (၆၈) ခု၊ အဖွဲ့အစည်းမေးခွန်းပုံစံအတွက် မေးခွန်း (၁၈) ခုကို တစ်အိမ်တက်ဆင်းစနစ်ဖြင့် စနစ်တကျ မေးမြန်းကောက်ယူလျက်ရှိပြီး အခြားအကြောင်းအရာများကို မေးမြန်းကောက်ယူခြင်းမရှိကြောင်းနှင့် ပြည်သူများအနေဖြင့်လည်း ပြည့်စုံမှန်ကန်စွာ ပြောကြားခြင်းဖြင့် သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းစဉ်များအပေါ် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သက်ဆိုင်ရာတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိသည်။
ယခုသတင်းသည် ပြည်သူများ၏ ပူးပေါင်းပါဝင်မှုများအပေါ် တရားမဝင် ပြည်ဖျက်မီဒီယာများက မနာလို၊ မရှုစိမ့်ဖြင့် အထောက်အထားမရှိသည့် လုပ်ကြံသတင်းများကို ရည်ရွယ်ချက်ရှိရှိ လှုံ့ဆော်ရေးသားဝါဒဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။