Skip to main content

Apr 17, 2024

မြန်မာနိုင်ငံသူ နိုင်ငံသားတွေ၊ ကမ္ဘာသူ ကမ္ဘာသားတွေ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေလို့ ဆုတောင်းမေတ္တာပို့ပါတယ်။

ဆက်လက်ဖတ်ရှုရန်

Apr 17, 2024

ကုသိုလ်ကောင်းမှုဆိုတာ အနဝဇ္ဇ- အပြစ်ကင်းတယ်။ သုခဝိပါကလက္ခဏံ- ကောင်းကျိုးချမ်းသာတွေကို အကျိုးပေးတဲ့သဘောရှိတယ်။ ကုသိုလ်ကိုယ်တိုင်ကလည်း အပြစ်ကင်းတယ်။ ထိတွေ့ ဆက်ဆံသူတွေကိုလည်း အပြစ်ကင်းစေတယ်။ ပြီးတော့ ကောင်းကျိုးချမ်းသာအမျိုးမျိုးတွေကို လည်းပေးတယ်။

ဆက်လက်ဖတ်ရှုရန်

Apr 17, 2024

ယနေ့သည် ၁၃၈၅ ခုနှစ်ဟုဆိုအပ်သော နှစ်ဟောင်းကုန်ပျောက်၍ ၁၃၈၆ ခုနှစ်ဟု ဆိုအပ်သော မြန်မာတို့၏နှစ်သစ်ချိန်ခါသို့ ရောက်ရှိသည့် မင်္ဂလာအပေါင်းနှင့် ခညောင်းပြည့်စုံသော နေ့ထူးနေ့မြတ်ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Apr 17, 2024

ယခုအခါ ၁၃၈၅ ခုနှစ်ဟူသော နှစ်ဟောင်းတစ်နှစ်ကုန်သွားပါပြီ။ ၁၃၈၆ ခုနှစ်ဟူသော နှစ်သစ် တစ်ခုသို့ ရောက်လာပြန်ပါပြီ။ ကုန်လွန်သွားသော ဒီ ၁၃၈၅ ခုနှစ်ဟူသော နှစ်ဟောင်းဟာ လွန်ခဲ့တဲ့ နှစ်က နှစ်သစ်ဖြစ်ခဲ့ပါတယ်။ ယခုတော့ ဟောင်းနွမ်းကုန်ဆုံးခဲ့လေပြီ။ ထိုနည်းတူစွာ ယခုရောက်ရှိလာတဲ့ ၁၃၈၆ ဟူသော နှစ်သစ်ဟာလည်း တဖြည်းဖြည်းဟောင်းဟောင်းပြီး ကုန်ဆုံးသွားမှာပဲဖြစ်ပါတယ်။ ဖြစ်ပေါ်လာသမျှ အသစ်အသစ်တွေ အားလုံးဟာလည်း သတ္တဝါတွေပါမကျန် ဟောင်းဟောင်းသွားကြပြီး ပျောက်ပျက်ကုန်ကြရမှာချည်းပါပဲ။ အသစ် အသစ်တိုင်း အဟောင်းအဟောင်းဖြစ်သွားကြရပြီး‌ ပြောင်းပျက်ကြရမှာချည်းပါပဲ ဒီသဘောဟာ- မြတ်ဗုဒ္ဓဟောကြားခဲ့တဲ့ ဝယဓမ္မာသင်္ခါရာဆိုတဲ့ သင်္ခါရတို့ရဲ့သဘောပါပဲ။ အဲဒီသင်္ခါရသဘောကို စောင့်ကြည့်နိုင်တဲ့ပုဂ္ဂိုလ်ဟာ လူစွမ်းကောင်းပါပဲ။ အသစ်အသစ်တို့ရဲ့ အဟောင်းအဟောင်းဖြစ်ပြီး ပြောင်းပျက်ရတဲ့သဘောကို စောင့်ကြည့်ကြဖို့ ဗုဒ္ဓရှင်တော်က “ဝယဓမ္မာသင်္ခါရာ အပ္ပမာဒေန သမ္မာဒေထ” လို့ မိန့်ကြားတော်မူခဲ့ပါတယ်။

ဆက်လက်ဖတ်ရှုရန်

Apr 17, 2024

မြန်မာနိုင်ငံသူ နိုင်ငံသားများ၊ ကမ္ဘာသူ ကမ္ဘာသားများအားလုံး မင်္ဂလာနှစ်သစ်ပါလို့ ကြိုဆို နှုတ်ခွန်းဆက်အပ်ပါတယ်။ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်မှ ၁၃၈၆ ခုနှစ်ကို ကူးပြောင်းတဲ့ မင်္ဂလာနှစ်သစ်ကို ဝမ်းမြောက်ဝမ်းသာဖြင့် ကြိုဆိုပါတယ်။

ဆက်လက်ဖတ်ရှုရန်

Apr 17, 2024

မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်ကနေ ၁၃၈၆ ခုနှစ် နှစ်သစ်ကိုကူးပြောင်းတဲ့ နေ့ရက်အခါသမယမှာ တိုင်းရင်းသား၊ မိဘပြည်သူလူထု၊ ရဟန်းရှင်လူအားလုံးတို့ကို နှုတ်ခွန်းဆက်သခွင့်ရတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်။

ဆက်လက်ဖတ်ရှုရန်

Apr 17, 2024

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယနေ့နံနက်ပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှီအန်းမြို့ရှိ Internation Convention Center တွင် ကျင်းပသည့် World Internet Conference Digital Silk Road Development Forum ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Apr 17, 2024

နေပြည်တော်လမ်းလျှောက်သင်္ကြန် ကျင်းပရေးကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့ညနေပိုင်းတွင် ပျဉ်းမနား-တောင်ညိုလမ်းပေါ်ရှိ နေပြည်တော် မြို့တော်ဝန်မဏ္ဍပ်အနီးမှ စည်ပင်ဧည့်ရိပ်သာလမ်းဆုံအထိ ကျင်းပလျက်ရှိသည့် နေပြည်တော်လမ်းလျှောက် သင်္ကြန်ဧရိယာအတွင်း ပြည်သူများ အေးချမ်းပျော်ရွှင်လွတ်လပ်စွာ အတာရေသဘင်ပွဲတော် ပါဝင်ဆင်နွှဲနေမှုကို ကြည့်ရှုအားပေးပြီး ဝန်ကြီးဌာန ရေကစားမဏ္ဍပ်များ၌ ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများ၊ ပြည်သူများနှင့်အတူ မြန်မာ့ရိုးရာအတာသင်္ကြန်ကို ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲသည်။

ဆက်လက်ဖတ်ရှုရန်

Apr 17, 2024

ယနေ့ကျရောက်တဲ့ မြန်မာနှစ်သစ်ကူးအခါသမယမှာ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ တိုင်းရင်းသား ပြည်သူအားလုံးအပါအဝင် ကမ္ဘာတစ်ဝန်းလုံးမှာရှိကြတဲ့ ကမ္ဘာသူကမ္ဘာသားများ အားလုံး ဘေးဘယာများ ကင်းဝေးပြီး စိတ္တသုခ၊ ကာယသုခတို့ ဖြင့် ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ ယခုကာလဟာ ကျွန်တော်တို့မြန်မာတွေရဲ့ အယူအဆအရ နှစ်ဟောင်းမှာ ပြုလုပ်မိတဲ့ မကောင်းတဲ့အတွေး၊ အပြုအမူနဲ့ လုပ်ရပ်များကို အတာသင်္ကြန်ရေနဲ့ ဆေးကြောပြီး နှစ်သစ်မှာ ကောင်းမွန်တဲ့အရာများနဲ့ ပြန်လည်စတင်ဖို့ ပြင်ဆင်ကြတဲ့ကာလဖြစ်ပါတယ်။

ဆက်လက်ဖတ်ရှုရန်

Apr 17, 2024

ယနေ့သည် ကျက်သရေမင်္ဂလာအပေါင်းနှင့်ပြည့်စုံသည့် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်ကုန်ဆုံး၍ ၁၃၈၆ ခုနှစ်သို့ စတင်ရောက်ရှိပြီဖြစ်သည့် မြန်မာနှစ်ဆန်းတစ်ရက်နေ့ဖြစ်သည်။ နှစ်ဟောင်းကုန်ဆုံး၍ နှစ်သစ်သို့ ကူးပြောင်းရောက်ရှိသည့်အချိန်အခါကာလတွင် ပြည်သူအားလုံးအနေဖြင့် ပျော်ရွှင်ဖွယ်၊ မင်္ဂလာရှိဖွယ် ရက်မြတ်ကာလအဖြစ် သတ်မှတ်ထားကြပြီး ကောင်းသောအမှုများ ပြုလုပ်ကြ၍ နှစ်သစ်သို့ ဖြတ်သန်းကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 16, 2024

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ပလောက်မြို့ ပြည်သူ့ဆေးရုံအား ယနေ့ညနေပိုင်းတွင် အကြမ်းဖက်သမားများက Drop Bomb များဖြင့် ယုတ်မာရက်စက်စွာ ပစ်ချတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Apr 16, 2024

မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာနှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုရေကစားမဏ္ဍပ် ပိတ်ပွဲအခမ်းအနားကို ယနေ့သင်္ကြန်အတက်နေ့ နေ့လယ်ပိုင်းတွင် ကျင်းပပြုလုပ်ရာ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်၊ ရေ၊ လေ) ဗိုလ်ချူပ်ကြီး မောင်မောင်အေးနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်နှင့် ဇနီး၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ဇနီးများ၊  ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ယိမ်းအဖွဲ့များ တက်ရောက်ကြပြီး ရေကစားမဏ္ဍပ်တွင် အနုပညာရှင်များ၊ တေးသံရှင်များနှင့် ယိမ်းအကအဖွဲ့များ၏ တေးသီချင်းများဖြင့် ကပြသီဆိုဖျော်ဖြေမှုများကို ကြည့်ရှုအားပေးကြပြီး အနုပညာရှင်များနှင့် ယိမ်းအကအဖွဲ့များအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 16, 2024

မြန်မာသက္ကရာဇ် (၁၃၈၅) ခုနှစ်၊ မြန်မာ့ရိုးရာမဟာအတာသင်္ကြန် အတက်နေ့ဖြစ်သည့် ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဇနီး ဒေါ်ကြူကြူလှသည် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ လိုက်ပါ၍ ပြင်ဦးလွင်တပ်နယ်ရှိ မိသားစုရေသဘင်မဏ္ဍပ်များ၌ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ဗိုလ်လောင်းများ၏ ပျော်ရွှင်စွာရေသဘင်ပွဲတော် ဆင်နွှဲနေမှုများကို သွားရောက်ကြည့်ရှုအားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Apr 16, 2024

မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်မှ ၁၃၈၆ ခုနှစ်သို့ ကူးပြောင်းမည့် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် အတက်နေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်များ၊ တိုင်းစစ်ဌာနချုပ်အသီးသီးရှိ ရေကစားမဏ္ဍပ်များ၌ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ယိမ်းအကအဖွဲ့များ၊ ခေတ်ပေါ်တေးဂီတ အဖွဲ့များ၊ အတာရေသဘင်ပွဲဆင်နွှဲသူများဖြင့် စည်ကားသိုက်မြိုက်စွာ ဆက်လက်ဆင်နွှဲလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Apr 16, 2024

၁၃၈၅ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် အခါသမယတွင် မြန်မာ-ကိုရီးယား နှစ်နိုင်ငံယဉ်ကျေးမှုဖလှယ်နိုင်ရန်နှင့် ပြည်သူများကို ဖျော်ဖြေတင်ဆက်နိုင်ရန်အတွက် နေပြည်တော်လမ်းလျှောက်သင်္ကြန်တွင် ပါဝင်ဆင်နွှဲကြမည့် ကိုရီးယား K-Pop အနုပညာရှင် ၁၉ ဦးပါဝင်သည့် ဒုတိယအဖွဲ့သည် ယမန်နေ့ညပိုင်းက ရန်ကုန်မြို့သို့ရောက်ရှိပြီး ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ သီးသန့်မော်တော်ယာဉ်များဖြင့် ဆက်လက်ထွက်ခွာ ကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 16, 2024

မွန်ပြည်နယ်တွင် ရှေးဟောင်းယဉ်ကျေးမှုပြတိုက်၊ ကိုလိုနီခေတ်အဆောက်အဦ၊ ပထမနှစ်ခြင်းအသင်းတော်၊ စိန်တုံးမိဖုရား၏ အုတ်ဂူ၊ စတုတ္ထမင်းသမီးနှင့် ၎င်း၏သားတော်၊ သမီးတော်တို့၏ အုတ်ဂူစသည်ဖြင့် သမိုင်းကြောင်းနှင့်ဆက်စပ်နေသည့် ရှေးဟောင်းအဆောက်အဦများစွာတည်ရှိနေသည်။ ပြည်နယ်အတွင်း ထင်ရှားသောတန်ခိုးကြီးဘုရား များစွာတည်ရှိသည့်အပြင် မွန်ရိုးရာဓလေ့များက နှစ်လိုဖွယ်ကောင်းလှသည်။ သာယာလှပသော အပန်းဖြေအနားယူစရာကမ်းခြေများ၊ ဒေသထွက်ကုန်များစွာထွက်ရှိသည့်အတွက် အစားအစာပေါကြွယ်လှသော ပြည်နယ်တစ်ခုလည်း ဖြစ်ပါ သည်။

ဆက်လက်ဖတ်ရှုရန်