Skip to main content

အိန္ဒိယနိုင်ငံ၊ Naval War College (NWC) မှ ဒုတိယကျောင်းအုပ်ကြီး ဦးဆောင်သော အရာရှိကြီးများအဖွဲ့ မြန်မာနိုင်ငံရှိ အထင်ကရနေရာများသို့ လေ့လာရေးခရီးစဉ်အဖြစ် လာရောက်လေ့လာ

နေပြည်တော် ဒီဇင်ဘာ ၈

အိန္ဒိယနိုင်ငံ၊ Naval War College (NWC) မှ ဒုတိယကျောင်းအုပ်ကြီး Commodore Prashant Chandrasekharan ဦးဆောင်သော အရာရှိကြီးများအဖွဲ့သည် လေ့လာရေးခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ ဒီဇင်ဘာလ ၂ ရက်တွင် ရောက်ရှိခဲ့ကြသည်။

အဆိုပါ ဒုတိယကျောင်းအုပ်ကြီး ဦးဆောင်သောအဖွဲ့သည် မြန်မာနိုင်ငံသို့ ရောက်ရှိစဉ်အတွင်း ဒီဇင်ဘာ ၃ ရက်နေ့တွင် ရန်ကုန်မြို့ရှိ India Centre သို့ သွားရောက်လေ့လာခြင်း၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးမှ ဝန်ထမ်းများနှင့်တွေ့ဆုံခြင်းတို့ ဆောင်ရွက်ခဲ့ကြပြီး ဒီဇင်ဘာ ၄ ရက်နေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ရေ) နှင့် တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်ရုံးတို့မှ တာဝန်ရှိသူများနှင့်တွေ့ဆုံခြင်း၊ နေပြည်တော်ရှိ တပ်မတော်စစ်သမိုင်းပြတိုက်၊ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်၊ မြန်မာ့ကျောက်မျက်ရတနာပြတိုက် (နေပြည်တော်)၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးနှင့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ သွားရောက်လေ့လာဖူးမြော်ကြည်ညိုခြင်း တို့ဆောင်ရွက်ခဲ့ကြသည်။

ဒီဇင်ဘာ ၅ ရက်နေ့တွင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့သွားရောက်၍ ပုဂံမြို့တွင်းနှင့် ပုဂံယဉ်ကျေးမှုပြတိုက်သို့ သွားရောက်လေ့လာခဲ့ကြပြီး ဒီဇင်ဘာ ၆ ရက်နှင့် ၇ ရက်နေ့တို့တွင် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညိုခြင်းနှင့် စစ်ရေယာဉ် (မေယု) သို့ သွားရောက်လေ့လာခြင်းတို့ ဆောင်ရွက်ခဲ့ကြသည်။

အိန္ဒိယနိုင်ငံ၊ Naval War College(NWC)မှ ဒုတိယကျောင်းအုပ်ကြီးဦးဆောင်သော အရာရှိကြီးများအဖွဲ့သည် ယနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အိန္ဒိယနိုင်ငံသို့ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာသွားကြောင်း သတင်းရရှိသည်။