Sep 25, 2024
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံပေကျင်းမြို့၌ကျင်းပသည့် The Fifth Plenary Meeting of the Global Operational Network of Anti - Corruption Law Enforcement Authorities (GlobE Network) သို့ အွန်လိုင်းဖြင့် တက်ရောက်ကြသည်။
Sep 25, 2024
ပညာရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်များ၊ ပညာရေးဒီဂရီကောလိပ်များ၊ တိုင်းဒေသကြီး၊ ပြည်နယ်ပညာရေးမှူးများနှင့် လုပ်ငန်းလမ်းညွှန် အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) ရှိ အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့်ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီးများဖြစ်ကြသော ဒေါက်တာဇော်မြင့်၊ ဒေါက်တာမိုးဇော်ထွန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ပါမောက္ခဌာနမှူးများ၊ တိုင်းဒေသကြီး၊ ပြည်နယ်ပညာရေးမှူးများ တက်ရောက်ကြသည်။
Sep 25, 2024
ရေဘေးဒဏ်သင့်ခဲ့ရသည့် နေပြည်တော်ဇေယျာသီရိမြို့နယ် ချောင်းကမ်းကြီးကျေးရွာမှ အိမ်ထောင်စု ၂၆၀ အတွက် ထောက်ပံ့ငွေနှင့် ဆန်၊ ဆီ၊ ဆား၊ ကြက်သွန် စသည့်ပစ္စည်းများ ထောက်ပံ့လှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ချောင်းကမ်းကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ကျင်းပရာ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ဦးစီးဌာန၊ အဖွဲ့ရုံးတို့မှ ဝန်ထမ်းများနှင့် မြန်မာပြည်ပ အလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း (MOEAA) တို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
Sep 25, 2024
အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇေယျာသီရိမြို့နယ်အတွင်း ရေကြီးရေလျှံမှုကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးသည်။
Sep 25, 2024
ရုံးခွန်အက်ဥပဒေကိုပြင်ဆင်သည့်ဥပဒေ (မူကြမ်း) နှင့်စပ်လျဉ်း၍ အပြီးသတ်ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Sep 25, 2024
၂၀၂၄ ခုနှစ် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဖလား အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များကို ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုနယ်မြေနေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ဆက်လက်ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဝန်ထမ်းများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးကြသည်။
Sep 25, 2024
နေပြည်တော်ကောင်စီနယ်မြေအပါအဝင် အချို့တိုင်းဒေသကြီး၊ ပြည်နယ်များတွင် စက်တင်ဘာလအတွင်း ထူးကဲသည့်မိုးရွာသွန်းမှုများကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီး ဓာတ်အားလိုင်းများ၊ တာဝါတိုင်များပြိုလဲပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။ ထိုသို့ ရေကြီးရေလျှံမှုကြောင့် ပြိုလဲပျက်စီးသွားသည့် ဓာတ်အားလိုင်းပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်လျက်ရှိရာ ပြည်သူများလျှပ်စစ်ဓာတ်အား အမြန်ဆုံးပြန်လည် သုံးစွဲနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးရဲတိုးသွင်နှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြအပ်ပါသည်။
Sep 25, 2024
မြန်မာနိုင်ငံရှိ တိုင်းဒေသကြီး/ ပြည်နယ်အချို့တွင် မကြာသေးမီက မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ရေကြီး၊ ရေလျှံမှုများဖြစ်ပွားလျက်ရှိသည့် ရေဘေးသင့်ဒေသများသို့ စင်ကာပူနိုင်ငံရှိ Singapore Sinhala Buddhist Association၊ Mahakaruna Buddhist Society နှင့် Willing Hearts လူမှုကူညီရေးအသင်းတို့က လူသားချင်းစာနာထောက်ထားမှု အကူအညီများအဖြစ် အာဟာရဖြည့်ဆန်အိတ်များ၊ လူကြီး / ကလေးအဝတ်အထည်များနှင့် ဂျာကင်၊ ဦးထုပ်နှင့် ဖိနပ်များ၊ အစားအစာများနှင့် ရေချိုးဆပ်ပြာ၊ ဆပ်ပြာတောင့် စသည့်လူသုံးကုန်ပစ္စည်းများ ခန့်မှန်း ၁၀ တန်ပမာဏကို မြန်မာသံရုံး စင်ကာပူမြို့မှတစ်ဆင့် လှူဒါန်းခဲ့သည်။
Sep 25, 2024
နေပြည်တော် ကောင်စီနယ်မြေအတွင်း ရေကြီးနစ်မြုပ်၍ထိခိုက်ခဲ့သော စပါးခင်းများကို ပြန်လည်ကုစားရန် သွင်းအားစုများထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက ဇေယျာသီရိမြို့နယ် ကြို့ပင်ကျေးရွာ ပင်လောင်းလမ်းမကြီးဘေး၌ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီးနှင့် နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာများနှင့် ဒေသခံတောင်သူများ တက်ရောက်ကြသည်။
Sep 25, 2024
နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန် ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ်သစ်ခေါက်ခွကျေးရွာ အခြေခံပညာမူလတန်းကျောင်းနှင့် သုခါရာမကျောင်းတိုက်အတွင်း၌ ရေဝင်ရောက်ပြီး တင်ကျန်နေသည့် နုန်းများ၊ သစ်ကိုင်းများနှင့် အမှိုက်များကို တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုပြီး ကျောင်းများ အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကျောင်းနှင့် ကျောင်းဝင်း ကျင်သန့်ရှင်းရေးနှင့် ပြန်လည်ပြုပြင်ရန် လိုအပ်သည်များကို ပြင်ဆင်ဆောင်ရွက်ရန် မှာကြားပြီး လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။
Sep 25, 2024
မြန်မာနိုင်ငံ၌ ချစ်ကြည်ရေးအလုပ်သဘောခရီးစဉ်ဖြင့် ရောက်ရှိနေသော ယူနန်ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး Mr. Liu Yong ခေါင်းဆောင်သောအဖွဲ့ဝင် ခြောက်ဦးပါအဖွဲ့သည် မြန်မာ - တရုတ် ချစ်ကြည်ရေးအသင်း (ဗဟို) ဥက္ကဋ္ဌ ဦးတင်ဦး၊ နာယက၊ ဒုဥက္ကဋ္ဌ၊ အမှုဆောင်များနှင့် ယနေ့ မွန်းတည့် ၁၂ နာရီတွင် ဆီဒိုးနားဟိုတယ်၌ လာရောက်တွေ့ဆုံသည်။
Sep 25, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ခွန်စံလွင်သည် ရှမ်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) အဖွဲ့ဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် မြသိန်းတန်ပရိယတ္တိစာသင်တိုက်၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံပြီး သဘာဝဘေးကြောင့် ဆုံးရှုံးမှုများအတွက် ထောက်ပံ့ငွေများပေးအပ်သည်။
Sep 25, 2024
ရေဘေးဒဏ်ခံစားရသော ဒေသများအတွက် အလှူငွေပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန၌ကျင်းပပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်းကဌာန၊ အဖွဲ့အစည်းများနှင့် စေတနာရှင်အလှူရှင်များက ရေဘေးသင့်ပြည်သူများအတွက် လှူဒါန်းသည့်အလှူငွေများကို လက်ခံရယူကာ ကျေးဇူးတင်စကားပြောကြား၍ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
Sep 25, 2024
မျက်မှောက်ကာလတွင် ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အကြမ်းဖက်မှုတားဆီးရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ပရိသတ်များ၏ ရင်တွင်းခံစားချက်စကားသံများကို သဇင် FM ၏ “ပြည်သူ့ကြားကပြည်သူ့ စကား” အစီအစဉ်မှ “ကိုယ်တိုင်လည်း အဖြစ်မရှိ၊ ကူညီသူသာ ဝေဖန်ပြစ်တင်လျက် ပြည်ဖျက် PDF” ခေါင်းစဉ်ဖြင့် စက်တင်ဘာ ၂၅ ရက် မွန်းလွဲ ၁ နာရီတွင် ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်သည်။
Sep 25, 2024
နေပြည်တော်၊ ဇေယျာသီရိအားကစားကွင်း၌ ကျင်းပပြုလုပ်မည့် ၂၀၂၄ ခုနှစ်၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၂၅ ရက် ညနေ ၃ နာရီ ၁၀ မိနစ်မှစ၍ MWD HD Channel ၊ MWD Variety HD Channel ၊ MWD Education, Knowledge & Sports Channel ၊ MRTV HD Channel နှင့် MRTV Parliament တို့မှ တိုက်ရိုက် (Live) ထုတ်လွှင့်ပြသသွားမည်ဖြစ်သည်။
Sep 25, 2024
၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းစဉ်ကြီး အကောင်အထည်ဖော်ရန် ရက်ပိုင်းမျှသာလိုတော့သည်။ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်မှုကို ကမ္ဘာ့အလယ်တွင် ပြသနိုင်တော့မည်ဖြစ်သည်။ ကိုယ့်ခွန်ကိုယ့်အား ကိုယ့်စွမ်းပကားဖြင့် မည်သူ့အကူအညီမှမပါဘဲ ပြည်တွင်းမှ စုစည်းညီညွတ်သော အင်အားများနှင့် အမျိုးသားရေးလုပ်ငန်းစဉ်ကို လက်တွေ့အကောင်အထည်ဖော်ကြမည်ဖြစ်ရာ ပြည်သူအားလုံး တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ကြမည်ဟု ယုံကြည်သည်။
Sep 25, 2024
သဘာဝဘေးအန္တရာယ်တစ်ခုကျရောက်ချိန်၌ သတိပြုကြရမည့်အရာများတွင် ကောလာဟလများနှင့် သတင်းတု၊ သတင်းမှားများလည်း ပါဝင်သည်။ သဘာဝဘေးအန္တရာယ်ကြောင့် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်နေချိန်၊ ထိတ်လန့်မှု၊ မတည်မငြိမ်မှုများ ဖြစ်ပေါ်နေချိန်တို့တွင် ကောလာဟလများနှင့် သတင်းတု၊ သတင်းမှားများ ထွက်ပေါ်ပျံ့နှံ့လာလေ့ရှိပြီး အခြေအနေကို ပိုမိုရှုပ်ထွေးဆိုးရွားသွားစေနိုင်သည်။ ဘေးအန္တရာယ်များနှင့် ကောလာဟလများ၊ သတင်းမှားများ ယှဉ်တွဲဖြစ်ပေါ်ခြင်းမှာ မိမိတို့နိုင်ငံတွင်သာမက အခြားနိုင်ငံများမှာလည်း ဖြစ်ပေါ်ကြောင်း တွေ့ရှိနိုင်ပြီး ဘေးအန္တရာယ်ဖြစ်ပေါ်မှု၏အဆင့်တိုင်းတွင် ယင်းနှင့်လိုက်လျောညီထွေသည့် သတင်းမှားများပါ ထွက်ပေါ်လာခြင်းဖြစ်ရာ စဉ်းစားချင့်ချိန်ပြီးမှ အတည်ပြုကြရမည်ဖြစ်သည်။
Sep 24, 2024
နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည့် ရပ်ကွက်/ကျေးရွာများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင်လည်း နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ ပျဉ်းမနားမြို့နယ်၊ တပ်ကုန်းမြို့နယ်၊ လယ်ဝေးမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်တို့တွင်လည်းကောင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကလောမြို့နယ်နှင့် ကယားပြည်နယ်၊ လွိုင်ကော်မြို့တို့တွင်လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်တွင်လည်းကောင်း ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ ဆေးရုံ၊ ဆေးခန်းများ၊ ဌာနဆိုင်ရာအဆောက်အဦများတွင် လိုအပ်သည်များ ကူညီရွှေ့ပြောင်းပေးခြင်းနှင့် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ လမ်း၊ တံတားများ၊ ရပ်ကွက်၊ ကျေးရွာများအတွင်း၌ တင်ကျန်ခဲ့သည့်နှုန်းများ၊ သစ်ပင်သစ်ကိုင်းများဖယ်ရှားပေးခြင်း အပါအဝင် အခြားလိုအပ်သည်များကို တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးအဖွဲ့များက ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ တက်ကြွစွာဆောင်ရွက်ပေးလျက်ရှိသည်။
Sep 24, 2024
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ကုန်းတန်းလေးရွာရှိ နေအိမ်များကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ကြောင်း တရားမဝင် ပြည်ဖျက်မီဒီယာများက သတင်းတု၊ သတင်းအမှားများဖြင့် ဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။ ဖြစ်စဉ်အမှန်မှာ ကုန်းတန်းလေးရွာတွင် အကြမ်းဖက်သမားများက ပြည်သူများကိုခြိမ်းခြောက်၍ အတင်းအဓမ္မ ဆက်ကြေးကောက်နေပြီး နေအိမ်အချို့နှင့် ကျေးရွာအတွင်းရှိ အများပြည်သူအသုံးပြုလျက်ရှိသည့် လမ်းများတွင် မိုင်းထောင်ထားရှိကြောင်း တာဝန်သိပြည်သူတစ်ဦး၏ သတင်းပေးပို့မှုအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြည်သူများ အန္တရာယ်မဖြစ်ပွားစေရေးအတွက် မိုင်းများအား သွားရောက်ရှင်းလင်းဆောင်ရွက်နေစဉ် အကြမ်းဖက်သမားများက Drop ဗုံးများဖြင့် လာရောက်တိုက်ခိုက်ခဲ့ရာ ဗုံးသီးများသည် နေအိမ်များအပေါ်သို့ ကျရောက်ပေါက်ကွဲရာမှ လူနေအိမ်များမီးလောင်ပျက်စီးခဲ့ရကြောင်း လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။