Skip to main content

Mar 19, 2020

ကိုရိုနာဗိုင်းရပ်စ်သည် ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါအဖြစ် နိုင်ငံအများသို့ ကူးစက်ပျံ့နှံ့နေသည်။ ကမ္ဘာ့နိုင်ငံများ၊ ကမ္ဘာ့ပြည်သူများ အားလုံးတို့သည် နိုးနိုးကြားကြားဖြင့် ကပ်ရောဂါကို ကျော်လွှားနိုင်အောင်တညီတညွတ်တည်း ကြိုးပမ်းအားထုတ်လျက်ရှိသည်။ မြန်မာနိုင်ငံတွင်လည်း ကပ်ရောဂါကို ကြံ့ကြံ့ခံဟန့်တားရင်ဆိုင်နိုင်အောင်၊ တညီတညွတ်တည်း ကြိုတင်ကာကွယ် တားဆီး ရင်ဆိုင် ဖြေရှင်းနိုင်အောင် ပြင်ဆင်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Mar 19, 2020

နေပြည်တော် မတ် ၁၈

ရန်ကုန်စီးပွားရေး တက္ကသိုလ်နှင့် ရန်ကုန်တက္ကသိုလ်၌ ယနေ့စတင်ပြုလုပ် မည့် စာမေးပွဲအား COVID-19 ရောဂါကို စိုးရိမ်၍ ဖြေဆိုလိုခြင်းမရှိသည့် ကျောင်းသား ကျောင်းသူများအတွက် အစားထိုးစာမေးပွဲကို ဇွန်လဆန်းတွင် ကျင်းပရန် လျာထားကြောင်း ရန်ကုန်စီးပွားရေးတက္ကသိုလ်နှင့် ရန်ကုန် တက္ကသိုလ်တို့မှ သတင်းထုတ်ပြန်ထားသည်။

ဆက်လက်ဖတ်ရှုရန်

Mar 19, 2020

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ကြေညာချက်အမှတ် (၇၁/၂၀၂၀)

၁၃၈၁ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက်

(၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁၈ ရက်)

မြန်မာနိုင်ငံအလုပ်သမားလယ်သမားမဟာမိတ်ပါတီ[ Alliance of Myanmar's Worker and Farmer Party (A.M.W.F.P)] ကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခြင်း

ဆက်လက်ဖတ်ရှုရန်

Mar 19, 2020

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန

ကြေညာချက်အမှတ် (၁/၂၀၂၀) ၁၃၈၁ ခုနှစ်၊

တပေါင်းလပြည့်ကျော် ၁၀ ရက်

(၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁၈ ရက်)

ဆက်လက်ဖတ်ရှုရန်

Mar 19, 2020

နေပြည်တော် မတ် ၁၈

အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်စေရန် အလုပ်အကိုင်အခွင့်အလမ်းပြပွဲများ ကျင်းပ လျက်ရှိရာ မတ် ၂၅ ရက်တွင် ရှမ်းပြည်နယ် တာချီလိတ်မြို့၌ ကျင်းပရန်ရှိသည့် အလုပ်အကိုင် အခွင့်အလမ်းပြပွဲအား ရွှေ့ဆိုင်း လိုက်ကြောင်း သိရှိရသည်။

“ပြန်ပြီးကျင်းပမယ့်ရက်ကို ကြေညာပေးမှာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ကိုရိုနာ ဗိုင်းရပ်စ် (ကိုဗစ်-၁၉) ကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်အဖြစ် ကျင်းပဖို့ရက်ကို ရွှေ့ဆိုင်း လိုက်တာဖြစ်ပါတယ်”ဟု အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်ထံမှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 19, 2020

နေပြည်တော်  မတ်  ၁၈

တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များ၏ ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ် ပထမနှစ်ဝက် စာမေးပွဲများကို ယနေ့တွင် နိုင်ငံတစ်ဝန်း၌ကျင်းပရာ ဝိဇ္ဇာ/သိပ္ပံ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များ၌ စာရင်းရှိ ၃၀၇၇၅၂ ဦးအနက် ၂၉၉၄၆၃ ဦး ဖြေဆိုသဖြင့် ပျက်ကွက် ၈၂၈၉ ဦးနှင့် ပညာရေး ကောလိပ်များ၌ စာရင်းရှိ ၁၀၇၈၂ ဦးအနက် ၁၀၇၇၉ ဦး ဖြေဆိုသဖြင့် ပျက်ကွက် ၃ ဦး ရှိကြောင်း၊ နိုင်ငံတစ်ဝန်း တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များ၏ စုစုပေါင်းစာရင်းရှိ ၃၁၈၅၃၄ ဦးအနက် ၃၁၀၆၁၈ ဦး ဖြေဆိုကြပြီး ပျက်ကွက် ၈၂၉၂ ဦးရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 19, 2020

လူမှုဘဝကို အသိပေးနှိုးဆော်နိုင်သည့် အတတ်ပညာမှာ ရုပ်ရှင်အတတ် ပညာ ဖြစ်သည်။ လူတို့၏ စိတ်နှလုံးသားကို ညွတ်ပျောင်းနူးဆွေအသိပေး နိုင်သည့် ပညာမှာ ရုပ်ရှင်အတတ်ပညာဖြစ်သည်။ ထိုသို့သော အတတ် ပညာဖြင့် မြန်မာ့

ဆက်လက်ဖတ်ရှုရန်

Mar 19, 2020

ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံ၏ဒေသအတော်များများတွင် မတ်လ၏ ပျမ်းမျှအပူချိန်ထက်ပို၍ ပူခဲ့သလို နေ့အပူချိန်များလည်း မြင့်မားလာ ခဲ့ပြီဖြစ်သည်။ အထူးသဖြင့် ချောက်၊ မကွေး၊ အောင်လံ၊ ဘော်လခဲ စသည့် မြို့များမှာ နေ့အပူချိန် ၄၄ ဒီဂရီစင်တီဂရိတ်၊ ၄၃ ဒီဂရီစင်တီဂရိတ်၊ ၄၂ ဒီဂရီစင်တီဂရိတ် စသည်ဖြင့် ထူးထူးခြားခြားမြင့်မားသည့် အပူချိန်များ ဖြစ်နေကြသည်။ ကမ္ဘာ့ကပ်ရောဂါဖြစ်သည့် ကိုဗစ် - ၁၉ ကာကွယ်ရေး အတွက် လုံးပန်းနေကြရသည့် အချိန်အခါတွင် နိုင်ငံအနှံ့အပြား၌ မြင့်မား လာသည့် နေ့အပူချိန်များမှာလည်း လတ်တလော ဂရုပြုကြရမည့် ဘေးအန္တရာယ်တစ်ခုဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်