နေပြည်တော် မတ် ၁၈
၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ သတ္တမနေ့၌ ဇီ၀ဗေဒဘာသာရပ်နှင့် ဘောဂဗေဒ ဘာသာရပ်တို့ကို ယနေ့တွင် ဖြေဆိုကြသည်။
ထိုသို့ဖြေဆိုကြရာတွင် ဇီဝဗေဒဘာသာရပ်ကို နိုင်ငံခြားစာစစ်ဌာန ၁၀ ခုနှင့် မြန်မာ တစ်နိုင်ငံလုံးရှိ စာစစ်ဌာန ၁၇၇၇ ခု စာစစ်ဌာနစုစုပေါင်း ၁၇၈၇ ခုတွင် ဖြေဆိုသူပေါင်း ၂၀၃၆၃၀... နှင့် ဘောဂဗေဒဘာသာရပ်ကို နိုင်ငံခြားစာစစ်ဌာန ၅ ခုနှင့် မြန်မာတစ်နိုင်ငံလုံးရှိ စာစစ်ဌာန ၁၉၇၂ ခု စာစစ်ဌာနစုစုပေါင်း ၁၉၇၇ ခုတွင် ဖြေဆိုသူပေါင်း ၇၀၁၁၆၄ ဦးရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။
တက္ကသိုလ်ဝင်စာမေးပွဲ ဇီ၀ဗေဒဘာသာရပ်တွင် ဖြေဆိုသူပေါင်း ၂၀၃၆၃၀ အနက် တစ် နိုင်ငံလုံး၌ ဆေးရုံဖြေဆိုသူ ၅၉ ဦး၊ အကြားအာရုံ မသန်စွမ်းဖြေဆိုသူ ၂ ဦး၊ ကိုယ်အင်္ဂါ မသန်စွမ်းဖြေဆိုသူ ၂၄ ဦး၊ အကျဉ်းထောင်များတွင် ဝင်ရောက်ဖြေဆိုသူ ၁၁ ဦးနှင့် ကရင် ပြည်နယ် မြဝတီမှ ဝင်ရောက်ဖြေဆိုသူ ၅၃ ဦးရှိသည်။
ထို့အတူ ဘောဂဗေဒဘာသာရပ်တွင် ဖြေဆိုသူပေါင်း ၇၀၁၁၆၄ ဦးအနက် တစ်နိုင်ငံလုံး ၌ ဆေးရုံဖြေဆိုသူ ၁၃၂ ဦး၊ အကြားအာရုံ မသန်စွမ်းဖြေဆိုသူ ၂၀ ၊ အမြင်အာရုံ မသန်စွမ်း ဖြေဆိုသူ ၃၀ ၊ ကိုယ်အင်္ဂါ မသန်စွမ်းဖြေဆိုသူ ၁၄၈ ဦး၊ အကျဉ်းထောင်များတွင် ဝင်ရောက် ဖြေဆိုသူ ၁၈၀ နှင့် ကရင်ပြည်နယ် မြဝတီမှ ဝင်ရောက်ဖြေဆိုသူ ၇၂ ဦး ရှိကြောင်း သိရသည်။
(သတင်းစဉ်)