Sep 01, 2020
နေပြည်တော် စက်တင်ဘာ ၁
လူမှုဖူလုံရေးအဖွဲ့မှ ကိုဗစ်-၁၉ ကာလအတွင်းဖြေလျော့ဆောင်ရွက်နေမှုများနှင့် ရှေ့ဆက် လက်ဆောင်ရွက်ရမည့် အစီအစဉ်များအား ပြည်ထောင်စုဝန်ကြီးထံရှင်းလင်းတင်ပြသည့်အခမ်း အနားကို ယနေ့နံနက် ၁၀ နာရီတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Sep 01, 2020
နေပြည်တော် စက်တင်ဘာ ၁
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်သည် ကော်မရှင်ရုံး ဝန်ထမ်းများ ပြည်ထောင်စုဘဏ္ဍာငွေများ စီမံခန့်ခွဲသုံးစွဲရာတွင် ပွင့်လင်းမြင်သာမှုရှိစေရန် တာဝန်ယူမှု၊ တာဝန် ခံမှုရှိစေရန်နှင့် ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်၊ ဘဏ္ဍာငွေအရင်းအမြစ်များ အလေအလွင့်မရှိစေဘဲ ထိရောက်အကျိုးရှိစွာ သုံးစွဲနိုင်စေရန် ကော်မရှင်ရုံး၏ ဘဏ္ဍာရေး ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲတွင် ကော်မရှင်ရုံး ခန်းမ၌ ကျင်းပသည်။
Sep 01, 2020
နေပြည်တော် စက်တင်ဘာ ၁
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်နေသော ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ သတ်မှတ်စံချိန် စံညွှန်းနှင့်အညီ အချိန်မီပြီးစီး အောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ယနေ့နံနက် ၉ နာရီက တိုင်းဒေသကြီး၊ ပြည်နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို Video Conferencing စနစ်ဖြင့် ပြုလုပ်သည်။
Sep 01, 2020
နေပြည်တော် စက်တင်ဘာ ၁
ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့ရှိ အာဆီယံဒေသတွင်း မိုင်းရှင်းလင်းရေးဗဟိုဌာန (ARMAC) ရုံးချုပ်၌ 13th Meeting of ARMAC Steering Committee အစည်းအဝေးအား ယနေ့ နံနက် (၈)နာရီတွင် video Conferencing စနစ်ဖြင့် ကျင်းပသည်။
Sep 01, 2020
ဒီပဲယင်း စစ်တင်ဘာ ၁ သိန်းထွန်း(ဒီပဲယင်း)
Sep 01, 2020
ကချင်ပြည်နယ်အတွင်း သြဂုတ် ၃၁ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြစ်ကြီးနား မြို့ပေါ်ရပ်ကွက်များအတွင်း ရေဝပ်တင်ကျန်နေမှု အခြေအနေများနှင့် ပတ်သက်ပြီး ကချင်ပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာခက်အောင်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရေဝပ်တင်ကျန်သည့် နေရာများ၊ ရေနုတ်မြောင်းများနှင့် ရေဆင်းစနစ်များ ပြုပြင်ဆောင်ရွက်ပေးနိုင်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
Sep 01, 2020
ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ် ဖောင်ကြီးအရှေ့ကျေးရွာအုပ်စု၊ ဗဟိုဝန်ထမ်း တက္ကသိုလ် (အောက်မြန်မာပြည်) Medical Center(ဖောင်ကြီး)သို့ ကိုဗစ်-၁၉ Positive လူနာများထားရှိနိုင်ရန် ရန်ကုန်တိုင်းဒေသကြီး၊ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ ညနေ(၃)နာရီက ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)ရှိ ဧည့်ရိပ်သာ(၁) အစည်း အဝေးခန်းမ၌ ကျင်းပခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၈) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Sep 01, 2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် (၈) ကြိမ်မြောက် ARIC အစည်းအဝေးကို ယမန်နေ့ နေ့လယ် ၂ နာရီခွဲအချိန်က တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
Sep 01, 2020
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုသည် တိုင်းဒေသကြီး အလုပ်သမားရေးရာဝန်ကြီး ဦးမြင့်ဆွေ၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးဆန်းလင်း၊ မင်းဘူးခရိုင် အုပ်ချုပ်ရေးမှူး ဦးစန်းဌေး တို့နှင့်အတူ တာဝန်ရှိသူများလိုက်ပါကာ ယမန်နံနက် ၁၀ နာရီခွဲက ပွင့်ဖြူမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Sep 01, 2020
၁။ ယမန်နေ့၊ (၃၁-၈-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -