Nov 17, 2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ရေဘုတ်ဆည်တည်ဆောက်ရာတွင် ပါဝင်သွားသော လယ်ယာမြေများအတွက် နစ်နာကြေးများ ပေးအပ်ခြင်းကို ယနေ့ နံနက်(၁၀) နာရီက ဘားအံမြို့ ဇွဲကပင်ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 17, 2020
၁။ COVID-19 ကူးစက်ရောဂါ ကာလအတွင်း၌ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာရန် စောင့်ဆိုင်းနေကြသည့် မြန်မာနိုင်ငံသားများအတွက် မြန်မာသံရုံး၊ ဆိုးလ်မြို့မှ တစ်ပတ်လျှင်တစ်ကြိမ် ကယ်ဆယ်ရေးလေယာဉ် ပျံသန်းပြေးဆွဲနိုင်ရေး စီစဉ်ပေးလျက်ရှိရာ ၁၇-၁၁-၂၀၂၀ ရက်နေ့တွင် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းဖြင့် (၃၁) ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ် ပျံသန်းပြေးဆွဲပေးနိုင်ခဲ့ပါသည်။
Nov 17, 2020
၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ (၁) ရက်နေ့တွင် ကျရောက်မည့် ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀)ပြည့် အထိမ်း အမှတ် ရောင်စုံဓာတ်ပုံပြိုင်ပွဲအား “ရာပြည့်တက္ကသိုလ် မြကျွန်းညို” ခေါင်းစဉ်ဖြင့် ပြန်ကြားရေးဝန်ကြီး ဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စီစဉ်ကျင်းပခဲ့သည်။
Nov 17, 2020
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့သည် တိုင်းဒေသကြီးအတွင်း ကိုဗစ် - ၁၉ ရောဂါကြိုတင် ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး လုပ်ငန်းစဉ်များအား အလေးထား ဆောင်ရွက်လျက်ရှိပြီး ယနေ့နံနက် ၁၀ နာရီခွဲအချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီး ကိုဗစ် - ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေး (၅၉/၂၀၂၀) အား ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ ဧရာဝတီတိုင်းဒေသကြီး ကိုဗစ် - ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် ကော်မတီဝင်များ ဖြစ်ကြသည့် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့အတွင်းရေးမှူး ဦးသန်းဆွေဝင်းနှင့် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းထွန်းအောင်တို့ တက်ရောက်ခဲ့ကြပါသည်။
Nov 17, 2020
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ခြင်း လုပ်ငန်းများ၌ ပါဝင်ဆောင်ရွက်ရန် သွားရောက်ကြမည့် ရှမ်းပြည်နယ် (တောင်ပိုင်း)မှ ကြက်ခြေနီစေတနာ့ လုပ်အားရှင်များအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ ညနေ(၃)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ၌ ကျင်းပသည်။
Nov 17, 2020
ငါးလုပ်ငန်းဦးစီးဌာနသည် မြန်မာနိုင်ငံ၏ ပထမဆုံး ငါးတက်ဆင်းလမ်း တည်ဆောက်ရန်အတွက် မဲခေါင်မြစ်ဝှမ်းအောက်ပိုင်း နိုင်ငံများအဖွဲ့၏အစိတ်အပိုင်းတစ်ရပ် အနေဖြင့် “မြန်မာနိုင်ငံနှင့် လာအို နိုင်ငံတို့တွင် ငါးတက်ဆင်းလမ်း ဖော်ဆောင်ခြင်းဖြင့် ဇီဝ၊ ရူပသွင်ပြင်နှင့် လူထုအပေါ်အကျိုး သက်ရောက်မှုဆန်းစစ်ခြင်း စီမံကိန်း” အမည်ဖြင့် ဩစတြေးလျ အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေး သုတေသနစင်တာ (ACIAR) အဖွဲ့အစည်း၏ အထောက်အပံ့ ရယူလျက် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှ စတင်တည် ဆောက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
Nov 17, 2020
ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့အနေဖြင့် ရန်ကုန်မြို့တွင်း အစိုးရပိုင် အမွေအနှစ် အဆောက်အအုံများ ပြင်ဆင် ထိန်းသိမ်းရေး စီမံကိန်းများ၌ မူလအရည်အသွေး မပျက် ပြင်ဆင်နိုင်ရေးအတွက် အရည်အသွေး စစ်ဆေးပေး လျက်ရှိကြောင်း သိရသည်။
Nov 17, 2020
အခုလို ရွေးကောက်ပွဲ အောင်မြင်တာဟာ မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့ နိုင်ငံသားကောင်းတစ်ဦးရဲ့ တာဝန်ကို ကျေပွန်စွာနဲ့ ဆန္ဒမဲပေးခဲ့ကြလို့ အောင်မြင်တာ ဖြစ်ပါတယ်
Nov 17, 2020
မြန်မာနိုင်ငံသည် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၁၅ ရက်နေ့တွင်ကျင်းပသည့် (၄) ကြိမ်မြောက် ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု RCEP သဘောတူစာချုပ်၌ ပါဝင်လက်မှတ် ရေးထိုးနိုင်ခဲ့ပြီဖြစ်ရာ ကမ္ဘာ့အကြီးဆုံး လွတ်လပ်သော ကုန်သွယ်မှုဒေသ၏ အဖွဲ့ဝင်နိုင်ငံအဖြစ် နိုင်ငံတကာ ကုန်သွယ်မှုတွင် ပါဝင်လုပ်ကိုင်ခွင့်ရလာတော့မည် ဖြစ်သည်
Nov 17, 2020
ဒီမိုကရေစီစနစ်သည် အများစု၏သဘောထားကို သဘောတူ အကောင်အထည်ဖော်ရခြင်းဖြစ်၏။ ယင်းသည် အနည်းစု၏ သဘော ထားကို လျစ်လျူရှုခြင်းမဟုတ်။ အနည်းစုသည် မိမိတို့၏ သဘော ထားကို ဖော်ထုတ်တင်ပြခွင့်ရှိသည်။ အများနှင့် မတူညီသည့်တိုင် မိမိတို့သဘောထားကို ပြောဆိုငြင်းချက်ထုတ်ခွင့်ရှိသည်။ အပြန် အလှန် ဆွေးနွေးညှိနှိုင်းခွင့်လည်းရှိသည်။ အနည်းစု၏ သဘောထား ကို မှတ်တမ်းတင်ထားခွင့်လည်းရှိသည်။ ။