Skip to main content

ဧရာဝတီတိုင်းဒေသကြီး ကိုဗစ် - ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်း ညှိနှိုင်း အစည်းအဝေး (၅၉/၂၀၂၀) ကျင်းပ

ပုသိမ်  နိုဝင်ဘာ  ၁၇

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့သည် တိုင်းဒေသကြီးအတွင်း ကိုဗစ် - ၁၉ ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းစဉ်များအား အလေးထားဆောင်ရွက်လျက်ရှိပြီး ယနေ့နံနက် ၁၀ နာရီခွဲအချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီး ကိုဗစ် - ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေး (၅၉/၂၀၂၀) အား ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ ဧရာဝတီတိုင်းဒေသကြီး ကိုဗစ် - ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် ကော်မတီဝင်များ ဖြစ်ကြသည့် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့အတွင်းရေးမှူး ဦးသန်းဆွေဝင်းနှင့် တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းထွန်းအောင်တို့ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် ဧရာဝတီတိုင်းဒေသကြီး ကိုဗစ် - ၁၉ ထိန်းချုပ်ရေး နှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးလှမိုးအောင် က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး တိုင်းဒေသကြီးအတွင်းရှိ Stay at Home မြို့နယ်(၃)မြို့နယ်နှင့် အခြားသောမြို့နယ် (၂၃) မြို့နယ်တို့မှ အခြေခံလူတန်းစားများအား ကိုဗစ်-၁၉ ဖြစ်ပေါ်နေသောကာလ အတွင်း ငွေကြေးထောက်ပံ့ နိုင်ရေးဆိုင်ရာ ကိစ္စများနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ပါသည်။

ထို့နောက် ဧရာဝတီတိုင်းဒေသကြီး ကိုဗစ် - ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ အတွင်းရေးမှူး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်က ယခင်နေ့အစည်းအဝေး မှတ်တမ်းအပေါ် လုပ်ဆောင်ထားရှိမှု အခြေအနေများနှင့် ကော်မတီ၏ လုပ်ငန်းအဆင့်ဆင့် ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြဆွေးနွေးခြင်း၊ တိုင်းဒေသကြီးသို့ ဝင်/ထွက်သည့် ဂိတ်များတွင် ကိုဗစ်-၁၉ ရောဂါစစ်ဆေးရေး ဆိုင်ရာ လုပ်ငန်းစဉ်များ ဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ပြီး တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းထွန်းအောင်က တိုင်းဒေသကြီး အတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု အခြေအနေ၊ ကိုဗစ်-၁၉ ရောဂါပျောက်ကင်းမှု အခြေအနေနှင့် ကျန်ရှိလူနာများ၏ အခြေအနေများ၊ တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါစစ်ဆေးနိုင်မှု အခြေအနေများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများ ဖြန့်ဝေထားရှိမှု အခြေအနေများနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ပြည်သူများ အသံချဲ့စက်ဖြင့် လိုက်လံအသိပေးကြေငြာမှု အခြေအနေများအား Power  Point ဖြင့် ရှင်းလင်း တင်ပြဆွေးနွေးခဲ့ပါသည်။

ဆက်လက်၍  တက်ရောက်လာကြသော တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဝင်များ ဖြစ်ကြသည့် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာများက ဝါလကင်းကျွတ်သည့် ပွင့်လင်းရာသီသို့ ရောက်ရှိလာသည်နှင့်အညီ အလှူအတန်းနှင့် ဘာသာရေးပွဲများ လည်းကျင်းပသည့်ရာသီဖြစ်သည့်အတွက် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် စီမံဆောင်ရွက်သင့်သည့် အခြေအနေများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်/ ထိန်းချုပ်/ ကုသရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍  ဆွေးနွေးဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။

မြင့်ဟန်