Skip to main content

Dec 19, 2020

မြန်မာနိုင်ငံ ဧဝံဂေလိခရစ်ယာန်မဟာမိတ်အဖွဲ့ချုပ်(MECA)မှ ကြီးမှူး၍ ၂၀၂၀ ပြည့်နှစ် ခရစ္စမတ်အကြို ကျေးဇူးတော်ချီးမွမ်းခြင်း အခမ်းအနားကို ယနေ့ညနေ ၅ နာရီတွင် ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်ရှိ ယုံကြည်သူများအသင်းတော်၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ COVID-19 ရောဂါ ထိန်းချုပ်၊ တားဆီး၊ ကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပရာ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ဇနီး ဒေါက်တာရွှေလွှမ်းနှင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို တို့က ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက် နှုတ်ခွန်းဆက် အမှာစကား ပြောကြားကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 19, 2020

COVID-19 ကူးစက်ရောဂါ ကာလအတွင်း၌ ကိုရီးယားသမ္မတနိုင်ငံတွင် သင်္ဘောဆင်း၍ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာရန် စောင့်ဆိုင်းနေကြသည့် မြန်မာသင်္ဘောသားများနှင့် မြန်မာနိုင်ငံသားများအတွက် ကိုရီးယားနိုင်ငံရှိ JSM International ၏ စီစဉ်မှုဖြင့် ၁၉-၁၂-၂၀၂၀ ရက်နေ့တွင် မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA) ဖြင့် အထူးကယ်ဆယ်ရေး လေယာဉ် ပျံသန်းပြေးဆွဲပေးခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Dec 19, 2020

(၁၈-၁၂-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၉-၁၂-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ အတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၂၂,၅၉၀) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၉၈၉) ဦး တွေ့ရှိရပါသည်။

ဆက်လက်ဖတ်ရှုရန်

Dec 19, 2020

အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) (National Education Strategic Plan-NESP 2021-2030) ရေးဆွဲရေးအတွက် Max Myanmar Holdings Co., Ltd နှင့် ဧရာဝတီဘဏ်၊ Loi Hein Group of Companies၊ CB Bank၊ ကမ္ဘောဇဘဏ်လီမိတက်၊ Shwe Taung Group of Companies၊ မြန်မာပြည်လုံးဆိုင်ရာ ပုဂ္ဂလိကကျောင်းများအသင်းတို့မှ နာယက၊ ဥက္ကဋ္ဌများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်၊ ပညာရေးဝန်ကြီးဌာနမှ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 19, 2020

လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေး ဆိုင်ရာ အမျိုးသားအဆင့် စံလုပ်ငန်းအစီအစဉ် အကောင်အထည်ဖော်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၌ ဗီဒီယိုကွန်ဖရင့်စနစ် စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 19, 2020

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ အမျိုးသမီးအားကစားအဖွဲ့ချုပ်တို့ ပူးပေါင်း ကျင်းပသည့် ''Healthy and Happy Life in the New Normal Era'' ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၌ ဗီဒီယိုကွန် ဖရင့်စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 19, 2020

ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ယမန်နေ့နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် တနိုင်းမြို့၊ ဆင်ဆာ့ကောင်းရပ်ကွက်နေ မင်းနောင်၏နေအိမ်ကို ဝင်ရောက်ရှာဖွေရာ မင်းနောင်နှင့်အတူ ထိန်လွန် အား တွေ့ရှိရပြီး ဘိန်းဖြူ သုည ဒသမ ၃၃ ကီလိုနှင့် မော်တော်ဆိုင်ကယ် တစ်စီးတို့ကို လည်းကောင်း၊

ဆက်လက်ဖတ်ရှုရန်

Dec 19, 2020

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ် ၊ ခိုးမုန်းကျေးရွာရှိ ကျန်းမာရေး စစ်ဆေးရေးဂိတ် Check Point-2 ၌ ယနေ့ မွန်းတည့် ၁၂ နာရီ အချိန်ခန့်က ရှမ်းပြည်နယ်ဝန်ကြီးချုပ်‌ဒေါက်တာလင်းထွဋ်နှင့်အဖွဲ့တို့က မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ အလှူငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 19, 2020

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ်၊ နောင်မွန်ကျေးရွာအုပ်စု၊ နားမခေါ်ကျေးရွာအုပ်စု အတွင်းရှိ ဒေသခံတောင်သူများအား လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ်(ပုံစံ-၇) ပေးအပ်ခြင်းကို ယနေ့နံနက်(၉)နာရီခွဲက လားရှိုးမြို့နယ် နောင်မွန်ကျေးရွာခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 19, 2020

အနာဂတ်မျိုးဆက်သစ် အနုပညာရှင် များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ မဟာမှ စီစဉ်ရိုက်ကူးမည့် ရုပ်သံစီးရီး များတွင် သရုပ်ဆောင်ရန်အတွက် သရုပ်ဆောင်ရွေးချယ်ပွဲကို ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ ဗဟန်း မြို့နယ် ရွှေတောင်ကြားလမ်း အမှတ် (၅၀)ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ရုပ်ရှင်အနုပညာ ရပ်ဝန်း၌ ကျင်းပသည်။ (အပေါ်ပုံ)

ဆက်လက်ဖတ်ရှုရန်