ကျောက်မဲ ဒီဇင်ဘာ ၁၉
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ် ၊ ခိုးမုန်းကျေးရွာရှိ ကျန်းမာရေး စစ်ဆေးရေးဂိတ် Check Point-2 ၌ ယနေ့ မွန်းတည့် ၁၂ နာရီ အချိန်ခန့်က ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်နှင့်အဖွဲ့တို့က မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ အလှူငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့်အတူပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်၊ ပြည်နယ် စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်ဝန်ကြီး ဆဦးစိုင်းလုံကျော်၊ ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဒေါက်တာညီညီအောင်၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး ဒေါက်တာအောင်သန်းမောင်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦးတို့ လိုက်ပါလာပြီး ကျောက်မဲမြို့ရှိ ကျန်းမာရေးစစ်ဆေးရေး ဂိတ်များအတွက် အလှူငွေကျပ်(၁၀)သိန်း၊ ကြက်ဥ၊ ခေါက်ဆွဲ၊ နှာခေါင်းစည်း (Mask) များနှင့် လက်အိတ်များ ထောက်ပံ့ပေးအပ်ခဲ့ရာ ခရိုင်ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးကျော်နှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)