Skip to main content

Dec 07, 2024

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာလ ၅ ရက်နေ့ နံနက် ၉ နာရီခွဲအချိန် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်၊ မဟုန်လွယ်ကျေးရွာအနီးတွင် အိုက်ခေးမောင်းနှင်လာသည့် HILUX REVO မော်တော်ယာဉ်ကို သတင်းအရ ရှာဖွေရာယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၄,၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၀ သိန်း သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများအား တာချီလိတ်မြို့နယ်မှ မိုင်းဆတ်မြို့နယ်သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ဆက်လက်ဖတ်ရှုရန်

Dec 07, 2024

စစ်တက္ကသိုလ်၏ (၆၈) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်တပ်နယ်ရှိ စစ်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ စစ်တက္ကသိုလ်ကျောင်းအုပ်ကြီး ဗိုလ်ချုပ် စိုးမြတ်ထွဋ်၊ စစ်တက္ကသိုလ်ပါမောက္ခချုပ် ဗိုလ်မှူးချုပ် သိန်းလွင်၊ စစ်တက္ကသိုလ်မှ ပညာရေးအဖွဲ့ဝင်များနှင့် ကျောင်းဆင်းအရာရှိများ၏ မိဘဆွေမျိုးများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 07, 2024

မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ကြသည့် ထိုင်းနိုင်ငံသား ခရီးသွားဧည့်သည်များ အမှတ်တရ သစ်ပင်စိုက်ပျိုးခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Jasmine Naypyitaw Hotel ၌ကျင်းပရာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Dec 07, 2024

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်၌ ဝင်ရောက်ယှဉ်ပြိုင်မည့် စွမ်းအင်ဝန်ကြီးဌာနကိုယ်စားပြု အားကစားအဖွဲ့အား အောင်နိုင်ရေးအလံအပ်နှင်းခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက စွမ်းအင်ဝန်ကြီးဌာန ရုံးအမှတ်(၆) ရတနာခန်းမ၌ကျင်းပရာ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် တက်ရောက်၍ အောင်နိုင်ရေးအလံကို အပ်နှင်းသည်။

ဆက်လက်ဖတ်ရှုရန်

Dec 07, 2024

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည့် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးလုပ်ငန်း၊ ဗဟိုပုံနှိပ်စက်ရုံသို့ရောက်ရှိပြီး လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Dec 07, 2024

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယမန်နေ့က မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှုကို ကွင်းဆင်းစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Dec 07, 2024

ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းများဥပဒေကို ပြင်ဆင်သည့်ဥပဒေ(မူကြမ်း) ပြဋ္ဌာန်းနိုင်ရေးအတွက် အပြီးသတ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 07, 2024

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အားကစားပြိုင်ပွဲပွဲစဉ်များကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ သတ်မှတ်ထားသော အားကစားကွင်း/ရုံများ၌ ဆက်လက်ယှဉ်ပြိုင်ကစားကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 07, 2024

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဦးဇော်မြင့်နိုင်သည် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်ကြမည့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကိုယ်စားပြု အားကစားသမားများအား ယနေ့နံနက်ပိုင်းတွင် တွေ့ဆုံအားပေး၍ ထောက်ပံ့ငွေများ ပေးအပ်သည်။

ဆက်လက်ဖတ်ရှုရန်

Dec 07, 2024

ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲ/ ပြိုင်ပွဲကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန ရုံးအမှတ်(၃၀) အစည်းအဝေးခန်းမ၌ကျင်းပရာ အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းနှင့် တာဝန်ရှိသူများ၊ နေပြည်တော်ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဒုတိယဥက္ကဋ္ဌ၊ စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများတက်ရောက်ပြီး တိုင်းဒေသကြီး/ ပြည်နယ်စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ ဦးစီးဌာနမှူးများက သတ်မှတ်နေရာများမှ Virtual စနစ်ဖြင့် တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 07, 2024

နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အိန္ဒိယသမ္မတနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်ခဲ့သည့် စီမံကိန်းလုပ်ငန်းများပြီးစီးမှု အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 07, 2024

ဒုတိယဝန်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ဂျာမနီနိုင်ငံ နော့ရိုင်းဝက်စ်ဖာလီးယားပြည်နယ်ဆိုင်ရာ မြန်မာနိုင်ငံ၏ ဂုဏ်ထူးဆောင်ကောင်စစ်ဝန် ဦးမောင်သူရကို ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Dec 07, 2024

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော် မသန်စွမ်းအားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ လယ်ဝေး TC-2 အားကစားကွင်း၌ ယှဉ်ပြိုင်ကစားကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ တက်ရောက်ကြည့်ရှုအားပေးကြပြီး ဆုများပေးအပ်ချီးမြှင့်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 07, 2024

၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့မှ ၇ ရက်နေ့အထိ ပါရာဂွေးသမ္မတနိုင်ငံ အာဆွန်စီယွန်မြို့တွင် ကျင်းပပြုလုပ်သည့် (၁၉)ကြိမ်မြောက် “Intergovernmental Committee for the Safeguarding of the Intangible Cultural Heritage” အစည်းအဝေးတွင် မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကို ယူနက်စကို၏ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်အဖြစ် ဆုံးဖြတ်ခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Dec 07, 2024

ပါရာဂွေးနိုင်ငံ အာဆွန်စီယွန်မြို့တော်၌ ဒီဇင်ဘာ ၂ ရက်မှ ၇ ရက်အထိ ကျင်းပလျက်ရှိသည့် (၁၉)ကြိမ်မြောက် အစိုးရချင်းဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီ အစည်းအဝေးတွင် မြန်မာနိုင်ငံမှတင်သွင်းသည့် မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်အား ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းသို့ အောင်မြင်စွာ ထည့်သွင်းနိုင်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Dec 07, 2024

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် မှတ်ပုံတင်ခွင့်ပြုပြီးသည့် နိုင်ငံရေးပါတီများတွေ့ဆုံပွဲ ဒုတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုဌာန၌ ဆက်လက်ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 07, 2024

ဒီနေ့ဟာ စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၆၆)ရဲ့ သင်တန်းဆင်းတဲ့နေ့ဖြစ်သလို နိုင်ငံတော်နဲ့ တပ်မတော်အတွက် အားသစ်လောင်းတဲ့နေ့လည်းဖြစ်တာမို့ ဂုဏ်ယူဝမ်းမြောက်ကြောင်း ဦးစွာပြောကြားလိုတယ်။

ဆက်လက်ဖတ်ရှုရန်

Dec 07, 2024

ဒြပ်ရှိယဉ်ကျေးမှုအမွေအနှစ်များနှင့်ပတ်သက်၍ ၂၀၁၄ ခုနှစ်တွင် သရေခေတ္တရာ၊ ဟန်လင်း၊ ဗိဿနိုးပျူရှေးဟောင်း မြို့တော်သုံးမြို့နှင့် ၂၀၁၉ ခုနှစ်တွင် ပုဂံရှေးဟောင်းယဉ်ကျေးမှုမြို့တော်တို့ကို ယူနက်စကို ကမ္ဘာ့အမွေအနှစ်စာရင်းတွင် တရားဝင်အသိအမှတ်ပြုခံခဲ့ရပြီးဖြစ်သည်။ မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသကိုလည်း ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်ရေးအတွက် ကမ္ဘာ့အမွေအနှစ်ကော်မတီသို့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ပေးပို့ခဲ့ပြီးဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Dec 07, 2024

ခေတ်မီဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံတည်ဆောက်ရေးတွင် နိုင်ငံသူနိုင်ငံသားတို့၏ ကိုယ်ရောစိတ်ပါ ကျန်းမာကြံ့ခိုင်ရေးမှာ အရေးကြီးသည်။ နိုင်ငံသူ နိုင်ငံသားတို့ ကိုယ်ရောစိတ်ပါ ကျန်းမာကြံ့ခိုင်မှသာ ကာယ၊ ဉာဏစွမ်းရည်တို့မြင့်မားပြီး နိုင်ငံကို ကောင်းစွာတည်ဆောက်နိုင်မည်ဖြစ်သလို ကောင်းစွာကာကွယ်စောင့်ရှောက်နိုင်ကြမည်လည်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Dec 06, 2024

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက် ၆ နာရီခွဲအချိန် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ၁၀၁ လမ်းနှင့် မြို့ပတ်လမ်းထောင့်တွင် ကျော်သူလွင်(ခ)မွန်ချေး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို သတင်းအရရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၆၀,၀၀၀ ပြား စတင်ဖမ်းဆီးရမိခဲ့ပြီး ၎င်းငှားရမ်းနေထိုင်သည့် ပုသိမ်ကြီးမြို့နယ်၊ အောင်မင်္ဂလာ(၁)ရပ်ကွက်ရှိ နေအိမ်၌ သိုဝှက်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၆၀ ဒသမ ၄ သိန်းအားလည်းကောင်း၊

ဆက်လက်ဖတ်ရှုရန်