Skip to main content

Dec 10, 2024

ရုရှားဖက်ဒရေးရှင်းနိုင်ငံ Kalmykia ပြည်နယ်အကြီးအကဲ Mr. Batu Sergeyevich Khassikov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရွှေတိဂုံစေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 10, 2024

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲအခမ်းအနား မြင်ကွင်း

ဆက်လက်ဖတ်ရှုရန်

Dec 10, 2024

မျက်မှောက်ကာလတွင် ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အကြမ်းဖက်မှုတားဆီးရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ပရိသတ်များ၏ ရင်တွင်းခံစားချက်စကားသံများအား သဇင် FM ၏ “ပြည်သူ့ကြားက ပြည်သူ့စကား” အစီအစဉ် မှ “အစွန်းရောက်အကြမ်းဖက်တွေရဲ့ တော်လှန်ရေးခေါင်းစဉ်အောက်မှာ အသက်၊ ငွေကြေး၊ ဘဝတွေ ရင်းနှီးနေရသောပြည်သူများ” ခေါင်းစဉ်ဖြင့် ဒီဇင်ဘာ ၁၁ ရက် မွန်းလွဲ ၁ နာရီတွင် ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Dec 10, 2024

ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ (၁-၁၂-၂၀၂၄) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၈-၁၂-၂၀၂၄) ရက်နေ့၊ ည (၈:၀၀) နာရီအထိ ရက်သတ္တပတ်အတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၄,၅၁၉) ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ရောဂါပိုးတွေ့ရှိမှုရာခိုင်နှုန်းမှာ (၀.၀၂) ရာခိုင်နှုန်း ဖြစ်ပါသည်။ အစီရင်ခံကာလအတွင်း ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူမရှိပါ။

ဆက်လက်ဖတ်ရှုရန်

Dec 10, 2024

အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၁ ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Dec 10, 2024

၂ဝ၂၄ ခုနှစ် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ဖွင့်လှစ်ပြီး ဂုဏ်ပြုအမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Dec 10, 2024

လွတ်လပ်ပြီး အချုပ်အခြာအာဏာပိုင်ဆိုင်သည့် နိုင်ငံတစ်နိုင်ငံတွင် နိုင်ငံတော်နှင့် နိုင်ငံသားပြည်သူများ အကျိုးစီးပွားကို ဖော်ဆောင်ရန်အတွက် ဥပဒေပြုရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်ဟူသည့် မဏ္ဍိုင်ကြီး (၃) ရပ်ရှိသည်။ အဆိုပါမဏ္ဍိုင်ကြီး (၃)ရပ်သည် ပြည်သူလူထုအကျိုးစီးပွားကို တည့်တည့်မတ်မတ် ရှေးရှုဆောင်ရွက်ပေးရသည်။ ယင်းမဏ္ဍိုင်ကြီး (၃) ရပ် တည့်မတ်မှန်ကန်နေစေရန်အတွက် စတုတ္ထမဏ္ဍိုင်ဟုခေါ်ဆိုသည့် မီဒီယာမဏ္ဍိုင်က စောင့်ကြပ်ကြည့်ရှုပေးရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 10, 2024

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအများအပြားတို့၌ ကျယ်ကျယ်ပြန့်ပြန့် အမြစ်တွယ်နေသည့် ပြဿနာမှာ အဂတိလိုက်စားမှုပင်ဖြစ်သည်။ အဂတိလိုက်စားမှုသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံသူ နိုင်ငံသားတို့၏ ကိုယ်စိတ်နှစ်ပါးချမ်းသာရေးတို့ကို အဓိကနှောင့်ယှက်ဟန့်တားနေသည့် ဘေးအန္တရာယ်တစ်ခုဖြစ်သည်ဆိုသည့်တိုင် လူ့အဖွဲ့အစည်းအတွင်း နက်ရှိုင်းစွာ အမြစ်တွယ်နေသည့် အဂတိလိုက်စားမှုတို့ လုံးဝကင်းစင်အောင် အမြစ်ဖြတ်သုတ်သင်ရှင်းလင်းရန်နှင့် အချိန်ကာလတစ်ရပ်အတွင်း ဖယ်ရှားနိုင်ရန်မှာ လွန်စွာခဲယဉ်းမည်ဖြစ်ပြီး အောင်မြင်မှုရရှိရန်လည်း မျှော်လင့်နိုင်မည်မဟုတ်ဟုပင် ဆိုရမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Dec 09, 2024

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်ကြီးကို နေပြည်တော်ရှိ သက်ဆိုင်ရာ အားကစားကွင်းများနှင့် အားကစားရုံများ၌ ကျင်းပလျက်ရှိရာ ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်တွင် ပါဝင်ဆင်နွှဲကြမည့် မြန်မာ့ဂုဏ်ဆောင် လက်ရွေးစင်အားကစားသမားဟောင်းများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးတို့ရှိ အားကစားအဖွဲ့များမှ တာဝန်ရှိသူများနှင့် အားကစားသမားများအား သွားရောက်တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Dec 09, 2024

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အားကစားပြိုင်ပွဲ ပွဲစဉ်များကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ သတ်မှတ်ထားသော အားကစားကွင်း/ရုံများ၌ ဆက်လက်ယှဉ်ပြိုင်ကစားကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 09, 2024

ရုရှားဖက်ဒရေးရှင်းနိုင်ငံ Kalmykia ပြည်နယ်အကြီးအကဲ Mr . Batu Sergeyevich Khassikov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ ည ၉ နာရီခွဲတွင် လေကြောင်းခရီးစဉ်ဖြင့် ရန်ကုန်မြို့သို့ရောက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Dec 09, 2024

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၉ ရက် ညနေ ၅ နာရီတွင် နေပြည်တော်ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ခမ်းနားထည်ဝါစွာနှင့် အနှစ်သာရရှိစွာဖြင့် စီစဉ်ကျင်းပမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Dec 09, 2024

ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ဝန်ကြီးဌာနအဆင့် အားကစားနည်း (၆) မျိုး၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် အားကစားနည်း (၂၃) မျိုးဖြင့် နေပြည်တော်ဝဏ္ဏသိဒ္ဓိအားကစား ဥယျာဉ်အတွင်းရှိ အားကစားကွင်း/အားကစားရုံများ၊ ပြည်ထောင်စုနယ်မြေနေပြည်တော် အားကစားကွင်း/အားကစားရုံ (ရွှေကြာပင်)၊ ပေါင်းလောင်းအားကစားကွင်း၊ နေပြည်တော်လေ့ကျင့်ရေးကွင်း (၂) (လယ်ဝေး)၊ လယ်ဝေးမြို့နယ် အားကစားကွင်းနှင့် ပျဉ်းမနားမြို့ဘောဂဝတီအားကစားကွင်းတို့၌ ကျင်းပလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Dec 09, 2024

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းသည် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲ/ပိတ်ပွဲ အခမ်းအနားများတွင် ပါဝင်ချီတက်ကြမည့် ကျန်းမာရေးဝန်ထမ်းများ၊ အားကစားပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်မည့် ကျန်းမာရေးဝန်ကြီးဌာန ကိုယ်စားပြုအားကစားသမားများ၊ အုပ်ချုပ်သူများ၊ ကျန်းမာရေးစောင့်ရှောက်မှုပေးမည့်သူများကို ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ အားပေးစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Dec 09, 2024

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲများနှင့် မသန်စွမ်းအားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားများကို ယနေ့တွင် နေပြည်တော်ရှိ သက်ဆိုင်ရာအားကစားကွင်းနှင့် အားကစားရုံများ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ တက်ရောက်ကြည့်ရှုအားပေးပြီး ဆုများချီးမြှင့်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 09, 2024

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားကို နေပြည်တော်တွင် နိုင်ငံတော်အဆင့်အခမ်းအနားကြီးအဖြစ် ထည်ထည်ဝါဝါ စည်စည်ကားကား ဖွင့်လှစ်လိုက်ပြီဖြစ်သည်။ အမျိုးသားအားကစားပွဲတော်ကြီးကို ဒီဇင်ဘာလ ၉ ရက်နေ့မှ ၂၀ ရက်နေ့အထိ ကျင်းပမည်ဖြစ်သည်။ အကြိုပြိုင်ပွဲများအဖြစ် မသန်စွမ်းအားကစားပြိုင်ပွဲ၊ အားကစားနည်းများအလိုက် ပြိုင်ပွဲများကို သက်ဆိုင်ရာ အားကစားရုံနှင့် အားကစားကွင်းအသီးသီးတွင် အကြိတ်အနယ်ယှဉ်ပြိုင်လျက်ရှိရာ ဆုတံဆိပ်များပင် ရရှိနေကြပြီဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Dec 09, 2024

“လူ့အခွင့်အရေးဆိုသည်မှာ လူတစ်ဦးတစ်ယောက်ချင်းဖြစ်စေ၊ အုပ်စုလိုက်ဖြစ်စေ ၎င်းတို့၏ အခြေခံလွတ်လပ်ခွင့်များနှင့် သက်ဆိုင်သည့် တရားရေးဆိုင်ရာ အာမခံချက်ဖြစ်သည်။” ဟု ကုလသမဂ္ဂက အဓိပ္ပာယ်ဖွင့်ဆိုထားသည်။ ၁၉၄၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့ ကုလသမဂ္ဂအထွေထွေညီလာခံ၌ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းကို အတည်ပြုထုတ်ပြန်ခဲ့ရာ ယခုနှစ်တွင် ၇၆ နှစ်သို့တိုင် ရောက်ရှိခဲ့ပြီဖြစ်သည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း အတည်ပြု ထုတ်ပြန်နိုင်ရေးအတွက် မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံမဲပေးခဲ့သည့်နိုင်ငံဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Dec 08, 2024

အိန္ဒိယနိုင်ငံ၊ Naval War College (NWC) မှ ဒုတိယကျောင်းအုပ်ကြီး Commodore Prashant Chandrasekharan ဦးဆောင်သော အရာရှိကြီးများအဖွဲ့သည် လေ့လာရေးခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ ဒီဇင်ဘာလ ၂ ရက်တွင် ရောက်ရှိခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 08, 2024

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာအားကစားလ (ဒုတိယပတ်) စုပေါင်းလမ်းလျှောက်ပွဲများကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်များနှင့် ကွပ်ကဲမှုအောက်တပ်နယ်များ၌ ကျင်းပပြုလုပ်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 08, 2024

အဘက်ဘက်မှ ကူညီပံ့ပိုးပေးသူများအား ကျေးဇူးတင်လွှာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂) ရက်နေ့မှ (၇) ရက်နေ့အထိ ပါရာဂွေးသမ္မတနိုင်ငံ အာဆွန်စီယွန်မြို့တွင် ကျင်းပပြုလုပ်သည့် (၁၉) ကြိမ်မြောက် “Intergovernmental Committee for the Safeguarding of the Intangible Cultural Heritage” အစည်းအဝေးတွင် မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်ကို ယူနက်စကို၏ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်အဖြစ် ဆုံးဖြတ်ခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်