Dec 11, 2024
ချင်းပြည်နယ်၊ ဟားခါးမြို့နယ် ချွန်ကျုံးရွာကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ကလေးများအပါအဝင် ပြည်သူ ၄ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
Dec 11, 2024
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Dec 11, 2024
အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဝင်းရှိန်သည် ယနေ့နံနက်ပိုင်းတွင် ပုသိမ်မြို့ရှိ စက်မှုစီမံကိန်းခန်းမ၌ အလုပ်ရှင်၊ မန်နေဂျာနှင့် အထည်ချုပ်လုပ်သားများအား တွေ့ဆုံသည်။
Dec 11, 2024
ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီးမှာ မြန်မာ့သိုင်းပြိုင်ပွဲကို ပါဝင်ကျင်းပပေးတာဟာ မြန်မာ့ရိုးရာသိုင်းပညာ ပိုမိုအဆင့်မြင့်မားလာပြီး အရှေ့တောင်အာရှအထိ ပါဝင်ယှဉ်ပြိုင်နိုင်ဖို့ ပထမခြေလှမ်းတစ်လှမ်းဖြစ်ပါတယ်။ ကလေးတွေလည်း ပြိုင်ပွဲဝင်ရတဲ့အတွက် အားကစားစိတ်ဓာတ်တွေ တက်ကြွလာမယ်။ အားကစားအဆင့်အတန်းလည်း ပိုမိုမြင့်မားလာမယ်။ မြန်မာ့သိုင်းပညာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် နိုင်ငံတော်အဆင့်ပြိုင်ပွဲတွေ မကျင်းပနိုင်ရင်တောင် တိုင်းဒေသကြီးနဲ့ပြည်နယ်အဆင့်ပြိုင်ပွဲတွေ မကြာမကြာကျင်းပပေးဖို့လိုပါတယ်။ အခုလိုမြန်မာ့သိုင်း(အပြ)ပြိုင်ပွဲတွေတင်မဟုတ်ဘဲ အတိုက်ပြိုင်ပွဲတွေလည်း ကျင်းပပေးစေချင်ပါတယ်။ အဲဒီလိုကျင်းပပေးရင် နိုင်ငံတကာအထိ ဝင်ရောက်ယှဉ်ပြိုင်နိုင်မှာဖြစ်ပါတယ်။ အခုပြိုင်ပွဲမှာတော့ သိုင်းပညာရှင်စွမ်းရည်ပြ ပြိုင်ပွဲမှာ လက်သိုင်း၊ ဓားတစ်လက်၊ ဓားနှစ်လက်၊ တုတ်ရှည်လှံရှည်၊ ၁+၂ ကျားမ အတွဲလိုက်၊ ၁+၃ ကျားမ၊ တစ်ကိုယ်တော်အပြပြိုင်ပွဲတွေလည်းပါဝင်ပါတယ်။ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်မှာ မြန်မာ့သိုင်းကို ထည့်သွင်းကျင်းပပေးတဲ့အတွက် နိုင်ငံတော်အကြီးအကဲတွေ၊ အားကစားဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်တို့ကို ကျေးဇူးတင်ပါတယ်။
Dec 11, 2024
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင် ဦးမင်းဦး၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ဇေယျာသီရိမြို့နယ် ကျောက်ချက်ကျေးရွာနှင့် အိုင်စောက်ကျေးရွာအကြား ရာဂီမုန်တိုင်းအရှိန်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ရေဆင်းဆည်ရေသောက်စနစ် လက်ယာ (၂ )မြောင်းမကြီး ပေတိုင်- ပေ ၂၉၅၀၀ မှ ၃၅၉၉၀ အတွင်း ရေပေးမြောင်း ပြန်လည်ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားသည်။
Dec 11, 2024
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အာဆီယံလူမှု-ယဉ်ကျေးမှု အသိုက်အဝန်းကောင်စီ (ASCC) ရုံးအဖွဲ့နှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးတို့ ပူးပေါင်းဆောင်ရွက်သည့် အာဆီယံစီမံကိန်း ရေးဆွဲရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်း (ASEAN Project Development Training for Myanmar) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် မင်္ဂလာသီရိဟိုတယ်၌ကျင်းပသည်။
Dec 11, 2024
၂၀၂၄ ခုနှစ် တောင်အာရှနှင့် အရှေ့တောင်အာရှ မီဒီယာနှစ်ပတ်လည် အစည်းအဝေးကျင်းပသည့် တောင်အာရှနှင့် အရှေ့တောင်အာရှ မီဒီယာမဟာမိတ်အဖွဲ့ကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၃၁ ရက်က ယူနန်ပြည်နယ် တောင်အာရှနှင့် အရှေ့တောင်အာရှဒေသတွင်း နိုင်ငံတကာပြန်ကြားရေးစင်တာနှင့် တရုတ်နေ့စဉ်သတင်းစာတိုက် အာရှပစိဖိတ်ရုံးခွဲတို့က အတူတကွအဆိုပြုတည်ထောင်ခဲ့သည်။ အဆိုပါမီဒီယာမဟာမိတ်အဖွဲ့က ဒေသတွင်းမီဒီယာမှအတည်ပြုပြီး အိမ်နီးချင်းနိုင်ငံများနှင့် ဒေသတွင်းအပြင် သက်ဆိုင်ရာနိုင်ငံများနှင့်ချိတ်ဆက်၍ ကျယ်ကျယ်ပြန့်ပြန့်ပါဝင်ဆောင်ရွက်သည့် ပထမဆုံးမီဒီယာပူးပေါင်းဆောင်ရွက်မှု မဟာမိတ်အဖွဲ့လည်းဖြစ်သည်။
Dec 11, 2024
မြန်မာပြည်သူအားလုံး မြတ်နိုးတန်ဖိုးထားရသည့် မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကို ယူနက်စကို၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်အဖြစ် ထည့်သွင်းဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ပြီး ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းတွင် ထည့်သွင်းဆောင်ရွက်နိုင်ခြင်းသည် မြန်မာပြည်သူများအတွက် တန်ဖိုးထားဂုဏ်ယူရသည့် သမိုင်းဝင်အောင်မြင်မှုလည်းဖြစ်သည်။ ထိုသို့ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ်ပါဝင်နိုင်အောင် ကြိုးပမ်းဆောင်ရွက်ခဲ့မှုများနှင့်ပတ်သက်၍ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့၏ စာနယ်ဇင်းရှင်းလင်းပွဲကို ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ စိမ်းလန်းစိုပြည်ဥယျာဉ်၌ကျင်းပခဲ့ပြီး ပါဝင်ကြိုးပမ်းဆောင်ရွက်ခဲ့ကြသူများ၏ စကားသံများကို ဖော်ပြအပ်ပါသည်။
Dec 11, 2024
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၈ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မအူပင်မြို့နယ်အတွင်း၌ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်နှစ်စီး စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၇၅၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
Dec 11, 2024
မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်အား ယူနက်စကို၏ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းတွင် ပါဝင်ခွင့်ရရှိအောင် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်စန္ဒာခင်ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိလာကြသည်။
Dec 11, 2024
၂၀၂၄ ခုနှစ် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်ကြီးကို နေပြည်တော်ရှိ သက်ဆိုင်ရာအားကစားကွင်းများနှင့် အားကစားရုံများ၌ကျင်းပလျက်ရှိရာ ပြည်နယ်နှင့် တိုင်းဒေသကြီးတို့ရှိ အားကစားအဖွဲ့များမှ တာဝန်ရှိသူများနှင့် အားကစားသမားများအား သွားရောက်တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ပါသည်။
Dec 11, 2024
၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အားကစားပြိုင်ပွဲ ပွဲစဉ်များကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ သတ်မှတ်ထားသော အားကစားကွင်း/ရုံများ၌ ဆက်လက်ယှဉ်ပြိုင် ကစားကြသည်။
Dec 11, 2024
နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်သည် တာဝန်ပြီးဆုံး၍ မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာတော့မည့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Elena Ajmone Sessera နှင့် မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်အသစ် Mr. Arnaud de Baecque တို့ကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
Dec 11, 2024
၂၀၂၄ ခုနှစ် ပဉ္မမအကြိမ် အမျိုးသားအားကစားပွဲတော် ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် အသက် (၂၁) နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း၌ ကျင်းပသည်။
Dec 11, 2024
ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာလ်မီးကီယာ ပြည်နယ်အကြီးအကဲ H.E. Mr. Batu KHASIKOV ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ နေပြည်တော်သို့ လေကြောင်းခရီးဖြင့်ရောက်ရှိရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက လေဆိပ်၌ကြိုဆိုနှုတ်ဆက်ကြသည်။
Dec 11, 2024
၂၀၂၄ ခုနှစ် ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်ကို နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ဖွင့်လှစ်လိုက်ပြီဖြစ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးပြီး အဖွင့်အမှာစကားပြောကြားရာ၌ “ယခုကျင်းပသည့် အမျိုးသားအားကစားပွဲတော်ကြီးမှ နိုင်ငံတော်၏ဂုဏ်သိက္ခာနှင့် အမျိုးသားတို့၏မျိုးချစ်စိတ်ဓာတ်ထက်သန်မှု၊ တိုင်းချစ်ပြည်ချစ်စိတ်ရှိမှု၊ စည်းလုံးညီညွတ်မှု၊ အမျိုးသားရေးစိတ်ဓာတ်နှင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်မှုများနှင့်အတူ တည်ငြိမ်အေးချမ်းမှုကို ဖော်ထုတ်ပြသနိုင်သည့် ပွဲတော်ကြီးပင်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။
Dec 11, 2024
မိမိတို့၏ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့်တို့သည် ဒီမိုကရေစီ၏အချက်အချာပင်ဖြစ်သည်။ သို့ဖြစ်သည့်အလျောက် ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်) တွင် နိုင်ငံသားတိုင်းသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုးငှာ ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့်မဆန့်ကျင်ပါက မိမိ၏ယုံကြည်ချက်ထင်မြင် ယူဆချက်များကို လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့်တို့ကို ဆောင်ရွက်ခွင့်ရှိသည်ဟု ထည့်သွင်းပြဋ္ဌာန်းထားသည်။
Dec 10, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ခန္တီကျေးရွာအုပ်စုရှိ ကျေးရွာများမှ ဒေသခံပြည်သူများကို ဖမ်းဆီးပြီး ပြည်သူပိုင်ပစ္စည်းများကို အဓမ္မသိမ်းဆည်းယူဆောင်နေကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်လုပ်ကြံရေးသားပြီး လှုံ့ဆော်ဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
Dec 10, 2024
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၅/၂၀၂၄) ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ကျင်းပရာ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။