Skip to main content

Dec 26, 2024

ပဲခူးတိုင်းဒေသကြီး ပန်းတောင်းမြို့နယ်၌ မြို့နယ်သမဝါယမအသင်းစုက အခြေခံသမဝါယမအသင်း ခုနစ်သင်း၊ အသင်းသား ၂၄ ဦး၏ ဆောင်းဆီထွက်သီးနှံ (နေကြာ) ၁၃၅ ဧက စိုက်ပျိုးမှုအတွက် တစ်ဧကလျှင် ငွေကျပ်နှစ်သိန်းနှုန်းနှင့်ညီမျှသော မျိုးနှင့် သွင်းအားစုများ ပံ့ပိုးပေးသည်။

ဆက်လက်ဖတ်ရှုရန်

Dec 26, 2024

မြန်မာနိုင်ငံစာရေးဆရာအသင်းက ၁၃၈၆ ခုနှစ် မြန်မာနိုင်ငံစာဆိုတော်နေ့အထိမ်းအမှတ် (၃၇) ကြိမ်မြောက် သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲကို ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပမည်ဖြစ်၍ စေတနာရှင်များက အလှူငွေများ ဆက်လက်လှူဒါန်းကြရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ထပ်မံလှူဒါန်းငွေကျပ် ၁၂၆ သိန်း၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ငွေကျပ်သိန်း ၃ဝ၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ငွေကျပ် ၁၅ သိန်း၊

ဆက်လက်ဖတ်ရှုရန်

Dec 26, 2024

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် အမျိုးသားပရဆေးဥယျာဉ်သို့ သွားရောက်ကာ ပရဆေးဥယျာဉ်အတွင်း သန့်ရှင်းသာယာလှပရေးဆောင်ရွက်နေမှု၊ ဆေးဖက်ဝင်ပရဆေးပျိုးပင်များ ပြုစုထိန်းသိမ်းထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Dec 26, 2024

ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် ဝန်ကြီးဌာန အားကစားသမားများအား ဂုဏ်ပြုခြင်းအခမ်းအနားကို ယမန်နေ့ ညနေပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး စုဝေးဆောင်ခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်နှင့် ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အားကစားမောင်၊ မယ်များ၊ နည်းပြများနှင့် အားကစားအသင်းတာဝန်ခံများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 26, 2024

ဧရာဝတီတိုင်းဒေသကြီး ငွေဆောင်မြို့ ငွေဆောင်ကမ်းခြေ၌ ယနေ့တွင် အနယ်နယ်အရပ်ရပ်မှ လာရောက်အပန်းဖြေကြသည့် ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 26, 2024

လူမျိုး၊ ကိုးကွယ်ရာဘာသာ၊ ကျား/မ(သို့မဟုတ်) မည်သူမည်ဝါဖြစ်သည်ဆိုသည့် အကြောင်းအရာတို့အပေါ် အခြေပြု၍ လူပုဂ္ဂိုလ်တစ်ဦး(သို့မဟုတ်) လူအုပ်စုတစ်စုကို မျှတမှုမရှိစွာ ဝေဖန်သည့် (သို့မဟုတ်) မလိုမုန်းထားမှုကို ဖော်ပြသည့်ဆက်ဆံမှုတစ်မျိုးမျိုးကို ရည်ညွှန်းပြီး အကြမ်းဖက်ရန် လှုံ့ဆော်ခြင်းသည် အမုန်းစကားပင်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Dec 26, 2024

၁။ ပြည်သူအတွက်ဟု သုံးနှုန်း၍ ရဟန်းသံဃာများ၊ ဆရာ၊ ဆရာမများအပါအဝင် နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူကိုသတ်ဖြတ်၊ လုယက်ခြင်းကို CRPH ၊ NUG ၊ PDF အမည်ခံအကြမ်းဖက်အုပ်စုများက ဥပဒေမဲ့ကျူးလွန်နေသည်။

ဆက်လက်ဖတ်ရှုရန်

Dec 26, 2024

မြန်မာ့အသံနှင့်ရုပ်မြင်သံကြားအနေဖြင့် ပြည်သူများ အပန်းပြေစေရန်နှင့် စိတ်ခွန်အားသစ်များရရှိနိုင်ရန်ရည်ရွယ်ပြီး Friday Night Live Show တေးဂီတဖျော်ဖြေပွဲများကို ဆန်းသစ်တင်ဆက်လျက်ရှိရာ မကြာမီရောက်ရှိတော့မည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့နှင့် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့တို့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ နာမည်ရ တိုင်းရင်းသားတေးသံရှင်များက ပွဲစဉ် ခုနစ်ပွဲဖြင့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်မှ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်အထိ အပတ်စဉ်သောကြာနေ့ညတိုင်း ဖျော်ဖြေတင်ဆက်မည်ဖြစ်၍ ပထမပွဲစဉ်ဖြစ်သည့် “သံစဉ်ဝေဖြာမနောအလှကဗျာ” တေးဂီတဖျော်ဖြေပွဲကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၇ ရက် သောကြာနေ့ ည ၉ နာရီ ခန့်တွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ MRTV-HD Channel မှ တိုက်ရိုက် (Live) ထုတ်လွှင့်ပြသမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Dec 26, 2024

၁၉၇၃ ခုနှစ် ဇူလိုင်လမှ စတင်ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၅ဝ ကျော် စာချစ်သူများ လက်ခံအားပေးလာခဲ့သော သုတပဒေသာစာစောင်ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှစ၍ သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်ဟု အမည်ပြောင်းလဲကာ မျက်နှာဖုံးဒီဇိုင်း၊ အကြောင်းအရာနှင့် စာအုပ်အပြင်အဆင်တို့ အပြောင်းအလဲများပြုလုပ်ပြီး ဆယ်ကျော်သက်လူငယ်များကို ဦးတည်ပရိသတ်အဖြစ်ထားကာ လစဉ်ထုတ်ဝေလျက်ရှိသည်။ နိုင်ငံတကာထုတ် စာအုပ်စာစောင်များမှ ကောင်းနိုးရာရာ ခေတ်မီအကြောင်းရပ်များနှင့် ယခုလအတွက် ဖော်ပြသည့် “နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး MSME ကို အားပေး” မျက်နှာဖုံးဆောင်းပါးကြီးများပါဝင်သော သုတပဒေသာနှင့် လူငယ်ရေးရာစာစောင် (ဒီဇင်ဘာလ) ကို ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က ဖြန့်ချိလိုက်ပြီဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Dec 26, 2024

လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ၎င်းတို့ အဓမ္မဝင်ရောက်နေထိုင်နေသည့် မြို့၊ ရွာများ၌ တပ်မတော်၏ တန်ပြန်ထိုးစစ်ဆင်မှုများကို ကာကွယ်ရန်အတွက် ပြည်သူတို့၏ နေအိမ်အဆောက်အဦများ၊ အရပ်ဘက်အုပ်ချုပ်မှုဆိုင်ရာအဆောက်အဦများကို အသုံးပြုခြင်း၊ အပြစ်မဲ့ပြည်သူလူထုကို လူသားတံတိုင်းအဖြစ်အသုံးပြုနိုင်ရေး ယာယီနေရပ်စွန့်ခွာနေရသူများကို ပြန်လည်နေထိုင်ရန်ဆွဲဆောင်စည်းရုံးခြင်း၊ အတင်းအဓမ္မလူသစ်စုဆောင်းခြင်းများကို လုပ်ဆောင်လျက်ရှိကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို မဖြစ်မနေကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ပြီး အဆိုပါလက်နက်ကိုင်အကြမ်း ဖက်သောင်းကျန်းသူများ၏ သတင်းရရှိမှုနှင့် အခြေအနေအရပ်ရပ်အပေါ်မူတည်၍ လိုအပ်သလိုတုံ့ပြန်ဆောင်ရွက်သွားမည်ဖြစ်သဖြင့် ၎င်းတို့အဓမ္မဝင်ရောက်နေထိုင်လျက်ရှိသည့် မြို့၊ ရွာများရှိ ပြည်သူများအနေဖြင့် ၎င်းတို့၏အသုံးချမှုမခံရစေရေးနှင့် ဘေးကင်းလုံခြုံမှုရှိစေရေးတို့အတွက် သတိပြုကြရန်လိုအပ်ကြောင်း။

ဆက်လက်ဖတ်ရှုရန်

Dec 26, 2024

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို သီတင်းကျွတ်လပြည့်နေ့မှ ကဆုန်လပြည့်နေ့အထိ ကျင်းပလျက်ရှိရာ အနယ်နယ်အရပ်မှ ဘုရားဖူးပြည်သူများ စည်ကားသိုက်မြိုက်စွာဖြင့် နေ့စဉ်လာရောက်ဖူးမြော်နေကြပြီး ယခု(ဒီဇင်ဘာလ)တွင် လာရောက်ဖူးမြော်သူ ၂၂၈၉၂၉ ဦးရှိကြောင်း စေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံမှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 26, 2024

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Dec 26, 2024

ရှမ်းပြည်နယ် (တောင်ပိုင်း) ပင်လောင်းမြို့နယ် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင် ဘာ ၂၄ ရက်က ဘန့်ဘာကျေးရွာအုပ်စု လူဖဲ့ခြမ်းကျေးရွာ၏ အရှေ့တောင်ဘက် နှစ်မိုင်ခန့်အကွာရှိ အမြင့်သုံးပေခန့်ရှိ ဘိန်းခင်း ၄၂ ဧကခန့်အား ဖျက်ဆီးခဲ့ကြောင်း၊ အလားတူ နံနက် ၈ နာရီ ၁၅ မိနစ်တွင် ဟိုပုံးမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖက်ရမ်းကျေးရွာအုပ်စုဖက်ရမ်းကြီးကျေးရွာ၏ အရှေ့ဘက်တစ်မိုင်ခန့်အကွာရှိ အမြင့်သုံးပေခန့်ရှိ ဘိန်းခင်း ၆ ဒသမ ၅ ဧကခန့်အား ဖျက်ဆီးခဲ့ကြောင်း သတင်းရရှိသည်။

ဆက်လက်ဖတ်ရှုရန်

Dec 26, 2024

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်၌ ဒီဇင်ဘာ ၂၄ ရက်က မော်တော်ယာဉ်နှင့် ဆိုင်ကယ်တို့ မျက်နှာချင်းဆိုင်တိုက်မိသဖြင့် အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 26, 2024

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၂၄ ရက် နံနက် ၁၁ နာရီတွင် မိုးညှင်းမြို့နယ် နန့်စီးအောင်ကျေးရွာအုပ်စု နန့်စီးအောင်ကျေးရွာအနီးတွင် သန်းစိုးအောင် မောင်းနှင်လာသည့် ဆိုင်ကယ်နှင့် မမေဇင်ဝင်းမောင်းနှင်ပြီး မသက်သက်မာလိုက်ပါလာသည့် ဆိုင်ကယ်တို့ကို စစ်ဆေးရှာဖွေရာ ၎င်းတို့ထံမှ ဘိန်းဖြူ ၁ ဒသမ ၅၂ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၇၈၂၀ နှင့် ဘိန်းစိမ်း ၁ ကီလိုကိုလည်းကောင်း၊ ထို့ပြင် ယင်းနေ့ ညနေ ၅ နာရီ ၁၅ မိနစ်တွင် ပူးပေါင်းအဖွဲ့သည် လွိုင်လင်မြို့နယ် တောင်နောက်ကျေးရွာအုပ်စု ဟိုတင်ကျေးရွာအနီးတွင် ကျော်စွာဝင်းမောင်းနှင်လာသည့် ဆိုင်ကယ်ကို စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၅၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။

ဆက်လက်ဖတ်ရှုရန်

Dec 26, 2024

မန္တလေးတိုင်းဒေသကြီး နွားထိုးကြီးမြို့နယ် မြိုင်သာရွာနှင့် ဒေါင့်ဘိုးရွာကို ဒီဇင်ဘာ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက လေကြောင်းဖြင့် နှစ်ရက်ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ပြည်သူတစ်ဦးသေဆုံးခဲ့ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်ရေးသားဖြန့်ဝေနေကြောင်း တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 26, 2024

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းထွဋ်သည် ဒီဇင်ဘာ ၂၃ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (ရုံးချုပ်) သို့ သွားရောက်၍ ဝန်ထမ်းများနှင့် တွေ့ဆုံကာ ဘဏ်လုပ်ငန်းဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Dec 26, 2024

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (MRCCI) တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို ဒီဇင်ဘာ ၂၃ ရက် နံနက်ပိုင်းက မန္တလေးမြို့ MRCCI ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 26, 2024

မြန်မာနိုင်ငံလူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူများအသင်း၏ စတုတ္ထအကြိမ် နှစ်ပတ်လည်အထွေထွေအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 26, 2024

(၇၇) ကြိမ်မြောက် တိပိဋကဓရတိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကြီးတွင် ဝင်ရောက်ဖြေဆိုလျက်ရှိသည့် စာပြန်သံဃာတော်(၇၇)ပါးတို့အား ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ တာဝန်ကျ(ပထမအဖွဲ့ခွဲ) ဒုတိယဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍိတ၊ ဘဒ္ဒန္တဇောတိပါလ မြင်းခြံဆရာတော်ကြီးအမှူးပြုသော ပညာရေးအဖွဲ့ငယ်ဆရာတော်ငါးပါးတို့က ကြွရောက်ချီးမြှောက်အားပေးခဲ့ကြပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့် တာဝန်ရှိသူများက ဖူးမြော်ကြည်ညိုကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ဆက်လက်ဖတ်ရှုရန်