နေပြည်တော် ဩဂုတ် ၂၀
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် (Community Monitoring and Reporting System-CMRS) အပါအဝင် နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ဩဂုတ် ၁၁ ရက်မှ ၁၇ ရက်အထိ နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း ၃၇ ဒသမ ၁၀၃၆ တန်၊ သစ်မာ ၅ ဒသမ ၅၄၆၈ တန်၊ အခြား ၂၂ ဒသမ ၁၁၄၇ တန်၊ စုစုပေါင်း ၆၄ ဒသမ ၇၆၅၁ တန်၊ ယာဉ်/ယန္တရား ၁၂ စီး၊ တရားခံ ၂၀ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
သတင်းစဉ်