နေပြည်တော်ဩဂုတ်၂၁
အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ၂၀၂၅ ခုနှစ်တိုင်းမှူးဒိုင်းဘောလုံးပြိုင်ပွဲဗိုလ်လုပွဲတွင် ခိုလမ်တပ်နယ် (က) အသင်းနှင့် ခိုလမ်တပ်နယ် (ခ) အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ခိုလမ်တပ်နယ်(ခ)အသင်းက အနိုင်ရရှိပြီး ဒိုင်းဆုရရှိခဲ့သည်။
အဆိုပါ တိုင်းမှူးဒိုင်း ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ နှင့်ဆုချီးမြှင့်ပွဲကို ယနေ့နံနက်ပိုင်းက တိုင်းစစ်ဌာနချုပ် အားကစားကွင်း၌ပြုလုပ်ရာ တိုင်းမှူးဗိုလ်ချုပ်မျိုးမင်းထွန်းနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဒိုင်အဖွဲ့ဝင်များနှင့် ပြိုင်ပွဲဝင်အသင်းများ တက်ရောက်ကြပြီး ဗိုလ်လုပွဲ ပွဲစဉ်ဖြစ်သည့်ခိုလမ်တပ်နယ်(က)အသင်းနှင့် ခိုလမ်တပ်နယ်(ခ)အသင်းတို့ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးကြသည်။ ထို့နောက် ဆုချီးမြှင့်ပွဲကိုဆက်လက်ကျင်းပရာ တိုင်းမှူးနှင့်တာဝန်ရှိသူများက တစ်ဦးချင်း အကောင်းဆုံး ဆုရရှိကြသူများ၊ အသင်းလိုက်ဆုများ၊ ဒိုင်အဖွဲ့ဝင်များနှင့် ဒိုင်းဆုရရှိသော ခိုလမ်တပ်နယ်(ခ)အသင်းတို့အား ဒိုင်းဆုနှင့် ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကြသည်။
အဆိုပါ ဘောလုံးပြိုင်ပွဲကိုတိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်ရှိ တပ်နယ်အသီးသီးမှ ပြိုင်ပွဲဝင်အသင်းကိုးသင်းတို့ဖြင့်ဩဂုတ် ၉ ရက်မှ ယနေ့အထိ ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်