နေပြည်တော် ဩဂုတ် ၂၁
မန္တလေးငလျင် ဘေးသင့်ပြည်သူများအတွက် လိုအပ်သည့်ထောက်ပံ့မှုများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ယနေ့မွန်းလွဲ ၁ နာရီတွင် မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့ ချမ်းသာကြီးကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တနန္ဒဝံသနှင့် တပည့်ရဟန်း၊ သာမဏေ၊ ဒါယကာ၊ ဒါယိကာမတို့က ငွေကျပ်သိန်း ၁၀၀ ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လာရောက်ပေးအပ်လှူဒါန်းသည်။
ထိုသို့လှူဒါန်းငွေများကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက လက်ခံရယူပြီးကျေးဇူးတင် စကားပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်