Skip to main content

May 04, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်သူများကြုံတွေ့နေရသည့် ကိုဗစ်-၁၉ ကပ်ရောဂါကို ကျော်လွှားနိုင်အောင် ဆောင်ရွက်ပေးနိုင်ခဲ့သည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် ပေါ်ပေါက်ခဲ့သည့် မဲမသမာမှုနှင့်ပတ်သက်၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို ပြန်လည်ဖွဲ့စည်းပြီး မဲစာရင်းများ စစ်ဆေးခြင်းအပါအဝင် လုပ်ဆောင်သင့် လုပ်ဆောင်ထိုက်သည်များကို ဥပဒေနှင့်အညီ လုပ်ဆောင်လျက် ရှိသည်။

ဆက်လက်ဖတ်ရှုရန်

May 04, 2022

​​​​​​​၂၀၂၂ ခုနှစ်သည် ငြိမ်းချမ်းရေးနှစ်ဖြစ်ပြီး တစ်နိုင်ငံလုံး တွင် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးကို ဆောင်ရွက် သွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဧပြီလ  ၂၂ ရက်က ပြောကြားသည့် ငြိမ်းချမ်းရေးနှင့်ပတ်သက်သည့်  မိန့်ခွန်းတွင် ပါရှိသည်။ လက်ရှိနိုင်ငံတော်၏ အကြီးအကဲ၊ တပ်မတော်၏ ခေါင်းဆောင်အနေဖြင့် နိုင်ငံတစ်ဝန်းလုံး တွင်ရှိနေသော တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး လွတ်လပ်ရေး၏အရသာ၊ဒီမိုကရေစီ၏ အရသာ၊ ငြိမ်းချမ်း ရေး၏အရသာကို အပြည့်အဝခံစားရရှိနိုင်ရေးအတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏‌ ခေါင်းဆောင်များ ကိုဖိတ်ခေါ်လိုက်ပြီဖြစ်ရာငြိမ်းချမ်းရေးကိုလိုလား တောင့်တနေကြသည့် ပြည်သူလူထု၏ ဆန္ဒနှင့် တစ်ထပ် တည်းပင်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

May 03, 2022

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPHI NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့ အစည်းများ၊ ယင်းတို့နှင့်ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

May 03, 2022

နိုင်ငံရေးအစွန်းရောက် PDF အမည်ခံ အကြမ်းဖက်သမားများအနေဖြင့် ဒေသန္တရ လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများအသုံးပြု၍ စစ်ရေးပစ်မှတ်မဟုတ်သည့် အပြစ်မဲ့ပြည်သူများအား မိုင်းထောင် ဖောက်ခွဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီး၊ လက်နက်ငယ်များအသုံးပြု၍ မြို့/ရွာများအတွင်းသို့ အဆင်အခြင်မဲ့ ရက်စက်စွာ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခြင်းများအား ပြုလုပ်လျက်ရှိသည်ကို တွေ့ရှိရပါသည်။

ဆက်လက်ဖတ်ရှုရန်

May 03, 2022

အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းဆောင်ခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေး ကော်မတီနှင့် The Country Task Force on Monitoring and Reporting - CTFMR တို့၏ ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ video conferencing စနစ်ဖြင့် ကျင်းပခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

May 03, 2022

​​​​​​​ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

May 03, 2022

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယမန်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ်၊ ဟဲဟိုးလေဆိပ်သို့ရောက်ရှိပြီး ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနမှ ဖွင့်လှစ်ထားသော သတင်းပြန်ကြားရေးကောင်တာ ဝန်ထမ်းများ တာဝန်ထမ်းဆောင် နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

May 03, 2022

ပြည်သူများ၊ စီးပွားရေးလုပ်ငန်းများနှင့် အဖွဲ့အစည်းများအတွက် ဘဏ်လုပ်ငန်းဝန်ဆောင်မှု များကို အပြည့်အဝပံ့ပိုးကူညီဆောင်ရွက်ပေးရန် ရည်ရွယ်ဖွင့်လှစ်သည့် မြန်မာ့စီးပွားရေးဘဏ်၊ လက်ထောက်မန်နေဂျာများ ဘဏ်လုပ်ငန်းဆိုင်ရာ သင်တန်းအမှတ်စဉ် (၁/၂၀၂၂-၂၀၂၃) သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ မြန်မာ့စီးပွားရေးဘဏ် (ရုံးချုပ်) ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

May 03, 2022

Myanmar Hard Talk သတင်းဌာနမှ သတင်းထောက် ကိုဥက္ကာက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုသည် ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံအမျိုးသား ပြန်လည်သင့်မြတ်ရေး အထူးကိုယ်စားလှယ် မစ္စတာဆာဆာကာဝါ၏ ငြိမ်းချမ်းရေးခရီးစဉ်နှင့် ဆက်စပ်မှု ရှိ၊ မရှိ သိလိုကြောင်း မေးမြန်းသည်။

ဆက်လက်ဖတ်ရှုရန်

May 03, 2022

တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်နှင့် တာဝန်ရှိသူများသည် ယနေ့မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့နယ် အေးသာယာမြို့ အကွက်အမှတ် (၂၂/ ခပေါင်းရေကြည်ရပ်ကွက်)၌ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် တည်ဆောက်မည့် ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာစင်တာနှင့် သက်မွေးပညာ သင်တန်းကျောင်း မြေနေရာသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်