May 11, 2022
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မေ ၆ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ အမှတ်(၆) မှုခင်းရဲတပ်ဖွဲ့နှင့် သစ်တောဦးစီးဌာနတို့ဦးဆောင်သော ပူးပေါင်းအဖွဲ့က ရန်ကုန်မြောက်ပိုင်းခရိုင် မင်္ဂလာဒုံမြို့နယ်အတွင်း တရားမဝင်ကျွန်းတံခါးချပ်နှင့် ကျွန်းတံခါးအပိုင်းအစများ ၁ ဒသမ ၃၈၈၄ တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၄၁၆၅၂၀) နှင့် အဆိုပါသစ်များတင်ဆောင်လာသည့် Toyota Wish အမျိုးအစား မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၀၀၀၀၀၀) ကိုလည်းကောင်း၊ မေ ၇ ရက်တွင် သစ်တောဦးစီးဌာနဦးဆောင်သော စစ်ဆေးရေးအဖွဲ့က လှည်းကူးမြို့နယ်အတွင်း တရားမဝင် ကျွန်းခွဲသားဆိုက်စုံ ၁ ဒသမ ၅၇၁၆ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၇၁၄၈၀)နှင့် အဆိုပါသစ်များ တင်ဆောင်လာသည့် ISUZU အမျိုးအစားမော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၀၀၀၀၀၀)ကို လည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုး ငွေကျပ် ၄၀၈၈၈၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
May 11, 2022
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း PDF အမည်ခံအကြမ်းဖက်သမားများအနေဖြင့် ဒေသခံပြည်သူလူထုများအား လက်နက်ကိုင်အကြမ်းဖက်ခြင်းများဖြင့် ၎င်းတို့အပေါ် ထောက်ခံအားပေးလာစေရန် အကြောက်တရားဖြင့်ခြိမ်းခြောက်ခြင်း၊ ဆက်ကြေးကောက်ခံခြင်းများနှင့် ၎င်းတို့အပေါ် ထောက်ခံမှုမရှိသူများအား ဒလန်ဟုစွပ်စွဲသတ်ဖြတ်ခြင်းများ လုပ်ဆောင်လျက်ရှိသည်။
May 11, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ငြိမ်းချမ်းရေးနှင့်ပတ်သက်သည့် မေးမြန်းချက်ကို အောက်ပါအတိုင်း ဖြေကြားခဲ့ပါသည်-
May 11, 2022
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် မင်းလှမြို့ ဝေဠုဝန်ပရိယတ္တိစာသင်တိုက်ဆရာတော် နိုင်ငံတော်ဩဝါဒါစရိယ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ အဘိဓဇမဟာ ရဋ္ဌဂုရုဘဒ္ဒန္တကုဏ္ဍလမဟာထေရ်မြတ်ကြီး၏ ရုပ်ကလာပ်တော်အား သွားရောက်ဖူးမြော်ကြည်ညိုသည်။
May 11, 2022
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကိုအကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှ တစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။
May 11, 2022
ဗီယက်နမ်နိုင်ငံတွင် ကျင်းပပြုလုပ်လျက်ရှိသည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု(က) ပတ်လည်ပြိုင်ပွဲပွဲစဉ်များကိုယနေ့ မြန်မာစံတော်ချိန် ညနေ ၃ နာရီခွဲတွင်ဗီယက်နမ်နိုင်ငံVietTri ဘောလုံး အားကစားကွင်း၌ မြန်မာ U-23 အသင်းနှင့် ဖိလစ်ပိုင် U-23 အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံ၊ ဗီယက်နမ်ဆိုင်ရာ မြန်မာသံအမတ်ကြီးဦးကျော်စိုးဝင်း၊ စစ်သံမှူး ဗိုလ်မှူးချုပ်အောင်ဇေယျနှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ သွားရောက်ကြည့်ရှုအားပေးသည်။
May 11, 2022
စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
May 11, 2022
ပြည်ထောင်စုနယ်မြေ ဇမ္ဗူသီရိမြို့နယ်ရှိ ဓာတုစယဓာတ်ပေါင်းစု စေတီတော်မြတ်ကြီး၏ (၄၁)ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက စေတီတော်မြတ်ကြီးပရိဝုဏ် မဟာမြတ်မုနိရုပ်ရှင်တော်မြတ်၊ ဂန္ဓကုဋိကျောင်းဆောင်၊ အဘိသန္နဗိမာန်တော်၌ ကျင်းပသည်။
May 11, 2022
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနသည် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ပုသိမ်၊ တောင်ငူ၊ မြစ်ကြီးနား၊ ဖျာပုံ၊ စစ်တွေ၊ ရွာငံနှင့် ထားဝယ်မြို့တို့တွင် အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းများ ကိုဖွင့်လှစ်ထားရှိကာ စက်ချုပ်သင်တန်းများ(မိန်းမဝတ်၊ ကလေးဝတ်၊ ကျားရှပ်၊ တိုက်ပုံ၊ ကုတ်အင်္ကျီ)၊ လက်မှုသင်တန်း၊ မုန့်မျိုးစုံပြုလုပ်နည်းသင်တန်း၊ အစားအစာချက်ပြုတ်နည်း သင်တန်းနှင့် ပန်းအလှပြင် သင်တန်းစသည့် သင်တန်းများကို ဘဏ္ဍာရေးနှစ်တစ်နှစ်လျှင် သင်တန်းအပတ်စဉ် ရှစ်ခု၊ အပတ်စဉ် တစ်ခုလျှင် ခြောက်ပတ်ကြာ သင်ကြားပေးလျက်ရှိသည့်အပြင် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ပုသိမ်ကျောင်းများ၌ စနေ၊ တနင်္ဂနွေနေ့များတွင်လည်း အထူးသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
May 11, 2022
ဗီယက်နမ်နိုင်ငံ၌ကျင်းပသည့် (၃၁) ကြိမ်မြောက်အရှေ့တောင် အာရှအားကစားပြိုင်ပွဲသို့ တက်ရောက်ရန်မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် မြန်မာအားကစားအဖွဲ့ခေါင်းဆောင် အားကစားနှင့် ကာယပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး ခေါင်းဆောင်သည့် မြန်မာအားကစားအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့သို့ လေကြောင်းခရီးဖြင့် ထွက်ခွာကြသည်။