Skip to main content

May 11, 2022

ဗီယက်နမ်နိုင်ငံ၌ကျင်းပသည့် (၃၁) ကြိမ်မြောက်အရှေ့တောင် အာရှအားကစားပြိုင်ပွဲသို့ တက်ရောက်ရန်မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် မြန်မာအားကစားအဖွဲ့ခေါင်းဆောင် အားကစားနှင့် ကာယပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး ခေါင်းဆောင်သည့် မြန်မာအားကစားအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့သို့ လေကြောင်းခရီးဖြင့် ထွက်ခွာကြသည်။

ဆက်လက်ဖတ်ရှုရန်

May 11, 2022

(၂၉)ကြိမ်မြောက် မြန်မာ့တပ်မတော်ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ ဒုတိယနေ့ကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ တပ်မတော်ဆေးရုံကြီး (ခုတင်- ၁၀၀၀)နှင့် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်အရိုးရောဂါ အထူးကုဆေးရုံကြီး(ခုတင်- ၅၀၀) တို့၌ Online Hybrid စနစ်ဖြင့် တစ်ပြိုင်နက်တည်းဆက်လက် ကျင်းပပြုလုပ်ရာ တပ်မတော် ဆေးသုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ၊ ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ကိုကိုလွင်၊ ဆေးဝန်ထမ်းတပ်ဖွဲ့မှ တပ်မတော်အရာရှိကြီးများ၊ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုအရာရှိများ၊ သူနာပြုများ၊ နိုင်ငံတကာမှ ဆေးပညာရှင်များ၊ ဆေးဝန်ထမ်းတပ်ဖွဲ့မှ အငြိမ်းစားအရာရှိကြီးများ၊ ဖိတ်ကြားထားသူများနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

May 11, 2022

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနဒုတိယ ဝန်ကြီးဒေါက်တာအောင်ကြီးသည် ပျဉ်းမနားစိုက်ပျိုးရေးသိပ္ပံကျောင်း၏ စာသင်နှစ်အလိုက် သင်တန်းများ ပြန်လည်ဖွင့်လှစ်ရေး အကြိုလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

May 11, 2022

နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်းရင်းသားလူမျိုးများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ နယ်စပ်ဒေသမှ တိုင်းရင်းသူများအား အသက်မွေးဝမ်းကျောင်းပညာရပ်များ သင်ကြားပေးပြီး အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခြင်းဖြင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီး ဌာနနှင့် JapanMyanmar Association(JMA) တို့အကြား လက်မှတ်ရေးထိုးခဲ့သည့် နားလည်မှု စာချွန်လွှာ(MoU) အရ စတင်ဖွင့်လှစ်သည့် သက်ကြီးရွယ်အိုစောင့်ရှောက်ရေး (သူနာပြု အလုပ်သင်) သင်တန်းအမှတ်စဉ်(၁) သင်တန်းဖွင့်အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ ဗဟိုလေ့ကျင့်ရေးကျောင်း၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

May 11, 2022

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များအား ယနေ့မွန်းလွဲပိုင်းတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မြတ်သက်ဦးက တိုင်းစစ်ဌာနချုပ် ဗလမင်းထင်ခန်းမ၌ တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

May 11, 2022

ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအရာရှိ စွမ်းရည်မြှင့်သင်တန်း(၁/၂၀၂၂)ဖွင့်ပွဲအခမ်း အနားကို ယနေ့နံနက် ၉ နာရီတွင်နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

May 11, 2022

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို လေကြောင်း၊ ပင်လယ်ရေကြောင်းနှင့် နယ်စပ် ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့် တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ ကုမ္ပဏီတစ်ခု၊ ယာဉ်စီးရေတစ်စီးဖြင့် နှာခေါင်းစည်းသုံးတန် တင်သွင်းခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

May 11, 2022

မျက်မှောက်ကာလတွင် ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့်အကြမ်းဖက်မှု တားဆီးရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ ပရိသတ်များ၏ ရင်တွင်းခံစားချက် စကားသံများကို သဇင် FM ၏ “ပြည်သူ့ ကြားကပြည်သူ့စကား” အစီအစဉ်မှ “လူငယ်များရဲ့ ပညာသင်ကြားရေးကို ခြိမ်းခြောက်နေသော အနာဂတ်ကိုအညွန့် ချိုးနေတဲ့နိုင်ငံရေး အစွန်းရောက်အကြမ်းဖက်သမားများ” ခေါင်းစဉ်ဖြင့်မေ၁၁ ရက်မွန်းလွဲ ၁ နာရီတွင်ထုတ်လွှင့် တင်ဆက်ပေးသွားမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

May 11, 2022

မျက်မှောက်ကာလတွင် နိုင်ငံ့စီးပွားရေး မြင့်မားတိုးတက်လာရန်အတွက် အဘက်ဘက်မှ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်နေသည်ကို တွေ့ရသည်။ ပြည်တွင်း ထုတ်ကုန်များ မြင့်မားတိုးတက်လာရေးကို အားပေးမြှင့်တင်ဆောင်ရွက်ပြီး ပို့ကုန်တိုးတက်တင်ပို့နိုင်ရေးကို ကြိုးပမ်း ဆောင်ရွက်ခဲ့ရာ ၂၀၂၂ ခုနှစ် မီနီဘတ်ဂျက်ကာလတွင် ကုန်သွယ်မှုပိုငွေ တောက်လျှောက်တက်လာခဲ့သည်ကိုတွေ့ရသည်။

ဆက်လက်ဖတ်ရှုရန်

May 11, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ NCA လက်မှတ်ရေးထိုးပြီးသည့် အဖွဲ့ခုနစ်ဖွဲ့ နှင့် NCA လက်မှတ်မရေးထိုးရသေးသည့်အဖွဲ့သုံးဖွဲ့တို့ တက်ရောက်ကြမည်ဟု သိရသည်။ လက်ရှိနိုင်ငံတော်အစိုးရအနေဖြင့် တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် NCA စာချုပ်ပါသဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထားလုပ်ဆောင်သွားရန် ရှေ့လုပ်ငန်းစဉ်တစ်ရပ်အဖြစ် ချမှတ်ထားပြီးဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်