နေပြည်တော် မေ ၁၀
ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များအား ယနေ့မွန်းလွဲပိုင်းတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မြတ်သက်ဦးက တိုင်းစစ်ဌာနချုပ် ဗလမင်းထင်ခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံရာတွင် တိုင်းမှူးက အမှာစကားပြောကြား၍ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးပြီးစားသောက် ဖွယ်ရာများ၊ ဂုဏ်ပြုချီးမြှင့်ငွေများနှင့် သုတ၊ ရသ စာအုပ်စာစောင်များ ပေးအပ်သည်။
ထို့ပြင် တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား လိုအပ်သည့်ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးရာ တိုင်းမှူးနှင့်အဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်