စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အကြိမ်(၂၀)မြောက် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကျင်းပ
Feb 12, 2025
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အကြိမ် (၂၀)မြောက် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကို ယနေ့ညနေပိုင်းတွင် အဆိုပါဝန်ကြီးဌာန၌ ကျင်းပရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ တက်ရောက် အားပေးအမှာစကားပြောကြားသည်။
Feb 12, 2025
မြန်မာ့ဓလေ့ရိုးရာယဉ်ကျေးမှု အစဉ်အလာကို ထိန်းသိမ်းစောင့်ရှောက်တတ်စေရန်၊ ဝန်ထမ်းအချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် အတူတကွပူးပေါင်းဆောင်ရွက်တတ်စေရန်နှင့် တစ်ဦးနှင့်တစ်ဦး ဖေးမကူညီလိုစိတ်များရှိစေရန် ရည်ရွယ်ချက်များဖြင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ ဝန်ထမ်းမိသားစု စုပေါင်းထမနဲထိုးပြိုင်ပွဲကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ယာဉ်ရပ်နားကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
Feb 12, 2025
ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့ အစည်းအဝေးကို ယနေ့တွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၌ ကျင်းပသည်။
Feb 12, 2025
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ ဝန်ထမ်းများ ဥပဒေဆိုင်ရာ အသိပညာဗဟုသုတများတိုးပွားပြီး ဥပဒေရေးရာ စည်းမျဉ်း/ စည်းကမ်းများကို ပိုမိုသိရှိနားလည်နိုင်စေရန်နှင့် ရုံးလုပ်ငန်းများဆောင် ရွက်ရာတွင် တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်တတ်စေရန်ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ဥပဒေအသိပညာ ပြန့်ပွားရေးသင်တန်းအမှတ်စဉ် (၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ရှိ Multipurpose Hall ၌ ကျင်းပသည်။
Feb 12, 2025
(၇၈) နှစ်မြောက်ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် ပထမအကြိမ် MMC စာအုပ်စာပေနှင့် ပန်းချီအရောင်းပြပွဲကို ရန်ကုန်မြို့ မိုးကောင်းလမ်းမကြီးပေါ်ရှိ မြဝတီမီဒီယာစင်တာ(MMC)၌ ဖေဖော်ဝါရီ ၁၁ ရက်မှ ၁၃ ရက် အထိ သုံးရက်ကြာကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
Feb 12, 2025
(၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် ပထမအကြိမ် MMC စာအုပ်စာပေနှင့် ပန်းချီအရောင်းပြပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ရန်ကင်းမြို့နယ်ရှိ မြဝတီမီဒီယာစင်တာ(MMC)၌ ကျင်းပသည်။
Feb 12, 2025
(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ MSME ထုတ်ကုန်များကို နေပြည်တော် ဥပ္ပါတသန္တိစေတီတော်အနီးရှိ တပေါင်းကွင်း၌ ဒုတိယနေ့အဖြစ် ဆက်လက် ပြသရောင်းချလျက်ရှိရာ ကျောင်းသား ကျောင်းသူများ၊ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများ လာရောက်လေ့လာကြပြီး အထူးစည်ကားလျက်ရှိသည်။
Feb 12, 2025
(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲကို နေပြည်တော် ဥပ္ပါတသန္တိစေတီတော်ရှေ့ တပေါင်းကွင်း၌ ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၄ ရက်အထိ ကျင်းပလျက်ရှိရာ လာရောက် ပြသရောင်းချလျက်ရှိသည့် ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ပြခန်းများမှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လုပ်ငန်းရှင်များ၏ စကားသံများကို စုစည်းဖော်ပြအပ်ပါသည် -
Feb 12, 2025
(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲကို နေပြည်တော်ဥပ္ပါတသန္တိစေတီတော်အနီးရှိ တပေါင်းကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။
Feb 12, 2025
မြန်မာ့သနပ်ခါးကို UNESCO ၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် (Representative List of The Intangible Cultural Heritage of Humanity)သို့ အမည်စာရင်းတင်သွင်းနိုင်ရေးအတွက် အကြိုလှုပ်ရှားမှုနှင့် တပို့တွဲလပြည့်နေ့တွင် သတ်မှတ်ထားသည့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့တွင် ကျရောက်သည့် “မြန်မာ့သနပ်ခါးနေ့” အထိမ်းအမှတ် အကြိုလှုပ်ရှားမှုတို့ကို ယနေ့တွင် အမျိုးသားစာကြည့်တိုက် (နေပြည်တော်)၌ ကျင်းပပြုလုပ်သည်။
Feb 12, 2025
မြန်မာနိုင်ငံရှိ ခရီးစဉ်ဒေသများအား ကမ္ဘာကသိရှိပြီး ပြည်ပခရီးသွားဧည့်သည်များ ပိုမိုတိုးတက်ဝင်ရောက်လာစေရန် ရည်ရွယ်၍ မြန်မာနိုင်ငံခရီးသွားပြပွဲ ၂၀၂၅ (Myanmar Tourism Fair MTF- 2025) ကျင်းပနိုင်ရေးအတွက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်စိုးဝင်းသည် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဝင်များအား ယနေ့မွန်းလွဲပိုင်းတွင် ဝန်ကြီးဌာနရှိ နီလာအစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။
Feb 12, 2025
မြန်မာတို့၏ ရိုးရာယဉ်ကျေးမှုအစဉ်အလာကို ထိန်းသိမ်းတတ်စေရန်နှင့် ဝန်ထမ်းများအချင်းချင်း ရိုင်းပင်းကူညီစိတ်များထားရှိပြီး စည်းလုံးပျော်ရွှင်စွာဖြင့် အတူတကွပူးပေါင်းဆောင်ရွက်ခြင်း အလေ့အထများရရှိစေရန် ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစုဝင်များ၏ မြန်မာ့ရိုးရာ စုပေါင်းထမနဲထိုးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း Training Center-1 ရှေ့၌ ကျင်းပသည်။
Feb 12, 2025
တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၏ ပဉ္စမအကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ယနေ့ညနေပိုင်းတွင် အဆိုပါဝန်ကြီးဌာန၌ကျင်းပရာ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးခွန်သန့်ဇော်ထူးနှင့် ဇနီး၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ တာဝန်ရှိသူများနှင့် ဝန်ထမ်းများပျော်ရွှင်စွာ စုပေါင်းပါဝင်ကြသည်။
Feb 12, 2025
(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ စတုတ္ထအကြိမ် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများနှင့် အရာထမ်းအမှုထမ်းများ ပျော်ရွှင်စွာပါဝင်ဆင်နွှဲကြသည်။
Feb 12, 2025
ဥပဒေရေးရာဝန်ကြီးဌာနနှင့် တရုတ်-အာဆီယံ သုတေသနစင်တာတို့အကြား ကျင်းပမည့် ဥပဒေရေးရာ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ဥပဒေပြုရေး သုတေသနစီမံကိန်းဆိုင်ရာ နှစ်နိုင်ငံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တရုတ်-အာဆီယံသုတေသနစင်တာမှ သုတေသနမှူး Dr. Zhong Jia ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ကြသည်။
Feb 12, 2025
နယ်စပ်ရေးရာဝန်ကြီးဌာန ဥပဒေအသိပညာပြန့်ပွားရေး ဆင့်ပွားသင်တန်း သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ဧရာဝတီခန်းမ၌ကျင်းပရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားသင်တန်းသူများ တက်ရောက်ကြသည်။
Feb 12, 2025
၂၀၂၅ ခုနှစ်၊ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများ၊ သီလရှင်များအား နေ့ဆွမ်းဆက်ကပ်ပွဲအခမ်းအနားကို မတ် ၁၁ ရက်နှင့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ချီးမြှင့်အပ်နှင်းပွဲအခမ်းအနားကို မတ် ၁၃ ရက်(၁၃၈၆ ခုနှစ်၊ တပေါင်းလပြည့်နေ့) ကြာသပတေးနေ့တွင် နေပြည်တော်၊ မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်၌ ကျင်းပ သွားမည်ဖြစ်သည်။
Feb 12, 2025
(၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက် )
ချစ်ကြည်လေးစားရပါသော ပြည်ထောင်စုဖွားတိုင်းရင်းသားညီအစ်ကို မောင်နှမများ ခင်ဗျာ
Feb 12, 2025
မြန်မာနိုင်ငံသည် ပြည်ထောင်စုနိုင်ငံဖြစ်သည်နှင့်အညီ နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားပြည်သူများ၏ သွေးစည်းညီညွတ်မှုသည် အသက်တမျှအရေးကြီးသည်။ စည်းလုံးညီညွတ်မှု၏ သက်သေပြယုဂ်အဖြစ် မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိရေးအတွက် အရေးပါသည့် ပင်လုံစာချုပ်ကို ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် သက်သေထူခဲ့ပြီးဖြစ်သည်။ ယနေ့အချိန်အခါ သည် တိုင်းရင်းသားပြည်သူအားလုံး၏ စည်းလုံးညီညွတ်မှုကို သက်သေထူပြခဲ့သည့် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ နေ့ထူးအခါဖြစ်သည်။
Feb 12, 2025
မိမိတို့နိုင်ငံအတွက် မရှိမဖြစ် ရေသောက်မြစ်သဖွယ်ဖြစ်သော တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ပြည်ထောင်စုစိတ်ဓာတ်တို့ ထာဝစဉ်ရှင်သန်ထက်မြက်နေစေရန် တပ်လှန့်နှိုးဆော်ပေးသည့်အနေဖြင့် ပြည်ထောင်စုနေ့အခမ်းအနားများကို နှစ်စဉ်မပျက် ကျင်းပလာခဲ့ရာ (၇၈)နှစ်သို့ပင် ရောက်ရှိခဲ့ပြီဖြစ်သည်။ နှစ်ပေါင်း ၁၀၀ ကျော် ဆုံးရှုံးခဲ့ရသည့် နိုင်ငံ့လွတ်လပ်ရေးကို ပြန်လည်ရရှိနိုင်ရန် တပ်မတော်နှင့် တိုင်းရင်းသားပြည်သူများ လက်တွဲကာ အသက်သွေးချွေးများစွာကို ရင်းနှီး၍ အခက်အခဲပေါင်းများစွာကို ရင်ဆိုင်ကြိုးပမ်းခဲ့ကြရာတွင် တိုင်းရင်းသားပြည်သူများအကြား စည်းလုံးညီညွတ်မှုကိုရယူကာ ပြည်ထောင်စုစိတ်ဓာတ်ကို မဖြစ်မနေတည်ဆောက်ခဲ့ကြရသည်။