Skip to main content

Feb 11, 2025

ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင် ရှေးနှစ်ပေါင်းထောင်ချီကတည်းက တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးတို့သည် အတူတကွလက်တွဲပြီး ချစ်ကြည်ရင်းနှီးစွာနေထိုင်ခဲ့ကြသည်။ ပြည်ထောင်စုကြီးအတွင်းရှိ တိုင်းရင်းသားလူမျိုးအားလုံးတို့၏ ဘာသာစကားအမွေအနှစ်၊ ယဉ်ကျေးမှုထုံးတမ်းအမွေအနှစ်နှင့် သုခုမအနုပညာအမွေအနှစ်တို့သည် ပြည်ထောင်စုတစ်ဝန်းလုံး၏ ယဉ်ကျေးမှုအနုပညာအမွေအနှစ်ကဏ္ဍတွင် တစ်ဆက်တစ်စပ်တည်း ရောနှောပေါင်းစပ်လျက်ရှိသည်။ အသွေးအရောင်ကွဲသော်လည်း တစ်သားတည်းရှိသည်။

ဆက်လက်ဖတ်ရှုရန်

Feb 11, 2025

စည်းလုံးညီညွတ်မှုပျက်ပြားခြင်းမှစတင်ခဲ့သည့် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ ယနေ့တိုင် ဆက်လက်တည်ရှိနေခြင်း၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးကို ခိုင်မာစွာ မတည်ဆောက်နိုင်သေးခြင်းတို့က မိမိတို့နိုင်ငံတွင် ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများ ဆက်လက်လုပ်ကိုင်မှု မပြုနိုင်အောင် အနှောင့်အယှက်၊ အတားအဆီးဖြစ်နေသည်။ ပြည်ထောင်စုတစ်ဝန်းလုံး ငြိမ်းချမ်းမှု၊ အပြည့်အဝမရှိသေးသမျှ ကာလပတ်လုံး ဖွံ့ဖြိုးတိုးတက်မှုနှင့် အလှမ်းဝေးနေဦးမည်ဖြစ်ပြီး ပြည်ထောင်စုသားအားလုံးတို့၏ လူမှုစီးပွားဘဝများမှာလည်း ခက်ခဲစွာရုန်းကန်နေကြရဦးမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 10, 2025

ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ (၂-၂-၂၀၂၅) ရက်နေ့၊ ည(၈:၀၀)နာရီမှ (၉-၂-၂၀၂၅) ရက်နေ့၊ ည(၈:၀၀)နာရီအထိ ရက်သတ္တပတ်အတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၂,၇၈၈)ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ်မတွေ့ရှိရပါ။ အစီရင်ခံကာလအတွင်း COVID-19 ရောဂါဖြင့် သေဆုံးသူမရှိပါ။

ဆက်လက်ဖတ်ရှုရန်

Feb 10, 2025

(၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အင်းသားရိုးရာလှေလှော်ပြိုင်ပွဲ(ဒုတိယ)နေ့ကို ယနေ့နံနက်ပိုင်းက ရှမ်းပြည်နယ် ညောင်ရွှေမြို့ ကမ်းနားလမ်း ဖောင်တော်ပြန်ပြာသာဒ်ရှေ့ နန်းကပ်ချောင်းအတွင်း၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 10, 2025

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ကမ္ဘာအေးကုန်းမြေ ဆဋ္ဌသင်္ဂါယနာ သာသနာ့သမိုင်းဝင် သီရိမင်္ဂလာကမ္ဘာအေးစေတီတော်မြတ်ကြီး၏ (၇၃) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဗုဒ္ဓါဘိသေကအနေကဇာတင်မင်္ဂလာနှင့် စုပေါင်းရေစက်သွန်းလောင်း အလှူတော်မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါစေတီတော်ပရိဝုဏ်အတွင်း ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 10, 2025

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Feb 10, 2025

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးသည် ယမန်နေ့မွန်းလွဲပိုင်းက ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့ဝင်များကို ပြင်ဦးလွင်မြို့ ရွှေစံအိမ်ဟိုတယ်၌ တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Feb 10, 2025

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီကမ္ဘာ့ဈေးနှုန်း ဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီအဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံတွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Feb 10, 2025

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသည့် CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း မိဘပြည်သူများ သိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 10, 2025

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၅ ရက် ည ၉ နာရီခွဲတွင် သာစည်မြို့နယ် ကျွဲတပ်ဆုံကျေးရွာအုပ်စု ကျွဲတပ်ဆုံကျေးရွာအနီးတွင် SCANIA အမျိုးအစား EXPRESS ခရီးသည်တင်မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်ပါခရီးသည် မလှလှရီ၏ လက်ဆွဲအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၀၀၀၀ (တစ်ပြားလျှင် ကျပ် ၁၅၀၀ နှုန်းဖြင့် သိန်း ၄၅၀) ကိုလည်းကောင်း၊ ထို့အတူ ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၈ ရက် မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်တွင် ပန်းတောင်းမြို့နယ် ဥသျှစ်ပင်မြို့ ရွှေပင်ရပ်ကွက်ရှိ ရဲထွန်း၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၆၄၂၀ (တစ်ပြားလျှင်ကျပ် ၂၀၀၀ နှုန်းဖြင့် ၁၂၈ ဒသမ ၄ သိန်း) ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။

ဆက်လက်ဖတ်ရှုရန်

Feb 10, 2025

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Feb 10, 2025

(၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကို နေပြည်တော်ဥပ္ပါတသန္တိစေတီတော်အနီးရှိ တပေါင်းကွင်း၌ ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၄ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 10, 2025

MSME လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်တွင်းလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရုံသာမကဘဲ ပြည်ပနိုင်ငံများသို့ပါ တင်ပို့နိုင်သည့် အရည်အသွေး ပြည့်မီသော အဆင့်မီထုတ်ကုန်များအဖြစ် ထုတ်လုပ်နိုင်သည်အထိ ဆောင်ရွက်ကြရန်လိုအပ်ကြောင်း နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ အရည်အသွေးပြည့်မီသော ပြည်တွင်း MSME ထုတ်ကုန်အသစ်များ ပေါ်ပေါက်လာစေရေးရည်ရွယ်၍ အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ အစီအစဉ်ဖြင့် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၄ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 10, 2025

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်သည် အိန္ဒိယနိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုခေါင်းဆောင်နှင့် ငြိမ်းချမ်းရေးသံတမန်ကြီး Gurudev Sri Sri Ravi Shankar ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Feb 10, 2025

ရန်ကုန်မြို့၌ ရောက်ရှိနေသည့် အိန္ဒိယနိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုခေါင်းဆောင်နှင့် ငြိမ်းချမ်းရေးသံတမန်ကြီး Gurudev Sri Sri Ravi Shankar ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ နေပြည်တော်သို့ လေကြောင်းခရီးဖြင့် ရောက်ရှိကြရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 10, 2025

၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်အပြည်ဆိုင်ရာ ကွန်းဗင်းရှင်းဗဟိုဌာန-၁ ၌ ခမ်းနားထည်ဝါစွာ ကျင်းပခဲ့ပြီးဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 10, 2025

၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၉ ရက် ညနေပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန- ၁ ၌ ခမ်းနားထည်ဝါစွာ ကျင်းပရာ အနုပညာနယ်ပယ်ပေါင်းစုံမှ အနုပညာရှင်၊ အတတ်ပညာရှင်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 10, 2025

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုခေါင်းဆောင်နှင့် ငြိမ်းချမ်းရေးသံတမန်ကြီး Gurudev Sri Sri Ravi Shankar အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Feb 10, 2025

၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန - ၁ (MICC-1) ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အဖွင့်အမှာစကားပြောကြားပြီး ရုပ်ရှင်တစ်သက်တာ ထူးချွန်ဆုများ ပေးအပ်ချီးမြှင့်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 10, 2025

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်ထိန်းသိမ်းခြင်းနှင့် နိုင်ငံသားများ ပြည်သူ့စစ်မှုထမ်းဥပဒေအရ တာဝန်ထမ်းဆောင်ခြင်းတို့ကို ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းများနှင့်အညီ စနစ်တကျလုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်။ သို့သော် ကလေးသူငယ်များနှင့်ပတ်သက်၍ ပြည်ပမှ ဖိအားအမျိုးမျိုးပေးလျက်ရှိသလို ပြည်သူ့စစ်မှုထမ်းခြင်းနှင့်ပတ်သက်၍လည်း ပြည်ဖျက်မီဒီယာများနှင့် အကြမ်းဖက်လှုံ့ဆော်သူများက အမျိုးမျိုးသွေးထိုးလှုံ့ဆော်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်