Feb 14, 2025
ပဲသည် အာဟာရဓာတ်များစွာကြွယ်ဝပြီး ခန္ဓာကိုယ်ကြီးထွားစေသည့် အစားအစာအုပ်စုတွင် ပါဝင်ခြင်းကြောင့် လူတို့အတွက် အရေးပါသည့် သီးနှံဖြစ်သည်။ ကမ္ဘာတစ်ဝန်း ပဲမျိုးစုံ ပိုမိုစိုက်ပျိုးထုတ်လုပ်နိုင်ရေးနှင့် ပဲမှရရှိသည့် ကောင်းကျိုးများကို သိရှိနိုင်ကြစေရန် ရည်ရွယ်၍ နှစ်စဉ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ကို ကမ္ဘာ့ပဲမျိုးစုံနေ့အဖြစ် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင်ကျင်းပသည့် ကုလသမဂ္ဂအထွေထွေညီလာခံက သတ်မှတ်ကြေညာခဲ့ရာ ၂၀၁၉ ခုနှစ်မှ စတင်၍ ကမ္ဘာ့နိုင်ငံအသီးသီးတို့တွင် ကျင်းပလာခဲ့ကြသည်။
Feb 13, 2025
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီလ ၁၁ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အေးရှားဝေါလ်ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ (၇) လုံး အတွင်းမှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း (၃) မျိုး စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၇၃ဝ,ဝဝဝ)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိပါသည်။
Feb 13, 2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့ပေါ်ရပ်ကွက်များရှိ နေအိမ်များကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖေဖော်ဝါရီလ ၁၂ ရက် နံနက်ပိုင်းတွင် မီးရှို့ဖျက်ဆီးပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု တရားမဝင်ပြည်ဖျက်မီဒီယာများက Online သတင်းစာမျက်နှာများတွင် မဟုတ်မမှန် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
Feb 13, 2025
နေပြည်တော် တပေါင်းကွင်းတွင် ကျင်းပလျက်ရှိသော ၂၀၂၅ ခုနှစ် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲများကို မူလက ဖေဖော်ဝါရီ ၁၄ ရက်နေ့အထိသာ ကျင်းပမည်ဖြစ်သော်လည်း ကြည့်ရှုသူပရိသတ် များပြားခြင်းနှင့် ရက်တိုးမြှင့်ပြသရန် တောင်းဆိုမှုများ ရှိလာသဖြင့် ပြပွဲ၊ ပြိုင်ပွဲအား ဖေဖော်ဝါရီလ ၁၅ ရက်နှင့် ၁၆ ရက် ၂ ရက် တိုး၍ ဖေဖော်ဝါရီ ၁၆ ရက်နေ့အထိ တိုးမြှင့်ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
Feb 13, 2025
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့ လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း မိဘပြည်သူများသိရှိနိုင်ရေး အသိပေးသတင်း ထုတ်ပြန်ပြီးဖြစ်သည်။
Feb 13, 2025
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ကိုးမြို့ကျေးရွာနှင့် သိုးဘိုးကျေးရွာတို့ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးပြီး ဒရုန်းများဖြင့်ဗုံးကြဲခဲ့ကြောင်း တရားမဝင် ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိကြောင်း သိရသည်။
Feb 13, 2025
နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်အဖွဲ့များအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်ရည်ရွယ်၍ စစ်ရေးပစ်မှတ်မဟုတ်သည့် အပြစ်မဲ့ပြည် သူများနေထိုင်ရာ မြို့၊ ကျေးရွာများ၊ စာသင်ကျောင်းများအား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ လမ်းမကြီးများပေါ်၌ မောင်းနှင်သွားလာနေသည့် မော်တော်ယာဉ်များအား မိုင်းဆွဲတိုက်ခိုက်ခြင်း၊ လမ်းတံတားများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း စသည့်အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင်လျက်ရှိသည့်အပြင် အေးချမ်းစွာ ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများကို နှောင့်ယှက်ခြင်း၊ ခြိမ်းခြောက်အကျပ်ကိုင်ခြင်း၊ ဖမ်းဆီး သတ်ဖြတ်ခြင်း စသည်ဖြင့်အဖျက်အမှောင့်လုပ်ငန်းများကို နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်လျက် ရှိသည်။
Feb 13, 2025
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
Feb 13, 2025
နေပြည်တော် ဥပ္ပါတသန္တိစေတီတော်အနီးရှိ တပေါင်းကွင်း၌ ဆက်လက်ကျင်းပလျက်ရှိသည့် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲကို နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ် ထုတ်ကုန်ပြခန်းအလိုက် ရိုးရာယဉ်ကျေးမှုဆိုင်ရာဗဟုသုတများ၊ ဒေသန္တရဗဟုသုတများ၊ ဒေသ၏အထင်ကရနေရာများ၊ ဒေသတွင်း လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ချက်များ၊ ဒေသအလိုက် ရိုးရာအစားအစာများနှင့် MSME ထုတ်ကုန်များကို ခင်းကျင်းပြသရောင်းချလျက်ရှိရာ MSME လုပ်ငန်းရှင်များနှင့် လာရောက်လေ့လာကြသူများ၏ စကားသံများကို စုစည်းဖော်ပြအပ်ပါသည်-
Feb 13, 2025
(၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲ တတိယနေ့ကို ယနေ့နံနက်ပိုင်းမှစတင်၍ နေပြည်တော် ဥပ္ပါတသန္တိစေတီတော်အနီးရှိ တပေါင်းကွင်း၌ ဆက်လက်ကျင်းပရာ ကျောင်းသား ကျောင်းသူများ၊ လူငယ်များ၊ ဝန်ကြီးဌာနများမှ ဝန်ထမ်းများနှင့် မိသားစုများ၊ MSME လုပ်ငန်းရှင်များ၊ ပြည်သူများ စိတ်ပါဝင်စားစွာဖြင့် တစ်ခဲနက်လာရောက်လေ့လာကြည့်ရှုကြသဖြင့် အထူးစည်ကားများပြားခဲ့သည်။
Feb 13, 2025
ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA) မှတစ်ဆင့် EPS စနစ်ဖြင့် မြန်မာလုပ်သား ၁၄၇ ဦးကို ယနေ့တွင်စေလွှတ်ခဲ့ကြောင်း ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သိရသည်။
Feb 13, 2025
တက္ကသိုလ်များနယ်မြေ (ရေဆင်း) ၌ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် တိုင်းရင်းသားရိုးရာပဒေသာကပွဲနှင့် စျေးရောင်းပွဲတော်ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် တက္ကသိုလ်များနယ်မြေ (ရေဆင်း) ရှိ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၌ ကျင်းပသည်။
Feb 13, 2025
(၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် နေပြည်တော်ကောင်စီ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ အားကစားပြိုင်ပွဲနှင့် နေပြည်တော် အမျိုးသမီးရေးရာအဖွဲ့ ထမနဲထိုးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံးဝင်းအတွင်းရှိ အားကစားကွင်း၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်ဇနီး၊ နေပြည်တော်ကောင်စီဝင်များနှင့် ဇနီးများ၊ ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ကြည့်ရှုအားပေးကြသည်။
Feb 13, 2025
လယ်ယာသုံးစက်ကိရိယာ ထုတ်လုပ်မှုညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲ ကျင်းပလျက်ရှိသည့် ဥပ္ပါတသန္တိ စေတီတော်အနီးရှိ တပေါင်းကွင်း ယာယီကွပ်ကဲရေးရုံး၌ ကျင်းပပြုလုပ်သည်။
Feb 13, 2025
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ ဖေဖော်ဝါရီ ၁၂ ရက်မှ ၁၄ ရက်အထိကျင်းပမည့် ပဲမျိုးစုံဆွေးနွေးပွဲ ၂၀၂၅ သို့တက်ရောက်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်းတို့သည် ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့မှလေကြောင်းခရီးဖြင့် နယူးဒေလီမြို့သို့ ထွက်ခွာသွားကြောင်း သိရသည်။
Feb 13, 2025
မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်း ၁၃၅ မျိုးတို့ စုပေါင်းနေထိုင်သည့် ပြည်ထောင်စုနိုင်ငံဖြစ်သည်။ ပြည်ထောင်စုကြီးအတွင်း မွေးဖွားရာဇာတိ၊ နေထိုင်ရာဒေသ၊ ကြီးပြင်းရာဝန်းကျင်၊ ယုံကြည်ကိုးကွယ်ရာဘာသာ၊ ပြောဆိုရာစကား၊ မြတ်နိုးရာစာပေ၊ ယဉ်ကျေးမှု၊ အနုပညာ၊ ဓလေ့ထုံးစံများမတူကွဲပြားကြသော်လည်း ပြည်ထောင်စုသွေးချင်းသားချင်းများဖြစ်သည်ဟူသော အသိစိတ်ဓာတ်ဖြင့် တစ်ဦးအပေါ်တစ်ဦးသံသယမထားဘဲ တန်ဖိုးထားလေးစား ချစ်ခင်ရင်းနှီးစွာ ပေါင်းသင်းဆက်ဆံနေထိုင်လာခဲ့ကြသည်။
Feb 13, 2025
နိုင်ငံ၏ ဂျီဒီပီတိုးတက်မြင့်မားရေးနှင့် ပြည်တွင်းကုန်စျေးနှုန်းများ ထိုက်သင့်သလောက်ကျဆင်းစေရေးတို့အတွက် စိုက်ပျိုးရေးလုပ်ငန်းများကို တိုးတက်စေကာ စိုက်ပျိုးရေး၊ ကုန်ထုတ်လုပ်မှုမြင့်မားလာအောင် မြှင့်တင်ဆောင်ရွက်ပေးရန်လိုသည်။ လက်ရှိ မိမိတို့နိုင်ငံ၏ ဂျီဒီပီမှာ အာဆီယံနိုင်ငံများနှင့် ဒေသတွင်းနိုင်ငံများထက် နည်းပါးလျက်ရှိနေပြီး နိုင်ငံ၏အဓိကလုပ်ငန်းဖြစ်သည့် လယ်ယာစိုက်ပျိုးရေးကဏ္ဍကြီးတွင်ပင် အခြားနိုင်ငံများထက် ထုတ်လုပ်မှုစွမ်းရည်အားနည်းလျက်ရှိသည်ကို တိုးတက်အောင်ဆောင်ရွက်သွားရမည်ဖြစ်သည်။
Feb 12, 2025
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ယနေ့တွင်ကျရောက်သည့် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အခမ်းအနားများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသအသီးသီးတို့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ကြရာ တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။
Feb 12, 2025
၂၀၂၅ ခုနှစ်၊ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံတင်အခမ်းအနားနှင့် နိုင်ငံတော်အလံအလေးပြုပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ မြို့တော်ခန်းမဥပစာရင်ပြင်၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီ မဟာသရေစည်သူ စိုးဝင်း တက်ရောက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှပေးပို့သော ပြည်ထောင်စုနေ့သဝဏ်လွှာကို ဖတ်ကြားသည်။
Feb 12, 2025
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှတို့က တည်ခင်းဧည့်ခံသည့် ၂၀၂၅ ခုနှစ် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကို ယနေ့ညပိုင်းတွင် နေပြည်တော်ရှိ မြို့တော်ခန်းမဥပစာရင်ပြင်၌ ကျင်းပသည်။