Skip to main content

ရွှေသွေးဂျာနယ်ထွက်ရှိ

နေပြည်တော်  ဇန်နဝါရီ  ၂၁
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ် စနေနေ့တိုင်း ရွှေသွေးဂျာနယ် ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။
ဇန်နဝါရီ ၂၃ ရက်(စနေနေ့)တွင် ထုတ်ဝေမည့် ရွှေသွေးဂျာနယ်တွင် အတတ် ပညာတစ်ခုကို ထူးချွန်စွာတတ်မြောက်ပြီး ဉာဏ်ပညာနှင့် ပြည့်စုံပါက ပန်းပဲရွာ၌ပင် “အပ်”ကို ရောင်းချနိုင်သကဲ့သို့ အလိုရှိသည့် အရာကို ရယူနိုင်ကြောင်းကို ကလေးတို့ သင်ခန်းစာယူနိုင်ရန် ဥပမာပေးရေးဖွဲ့တင်ပြ ထားသည့် “သူစိ(အပ်)” မျက်နှာဖုံးကာတွန်း၊ အသက်ရှူလမ်းကြောင်း ကျန်းမာရေး အတွက် စားသုံးသင့်သည့် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများနှင့် ၎င်းတို့တွင် လူကို အကျိုးပြုသည့်ဓာတ်များ ပါဝင်ကြောင်းကို ကလေးတို့ ဗဟုသုတရစေရန် တင်ဆက်ထား သည့် “အသက်ရှူလမ်းကြောင်း ကျန်းမာရေး” သုတဆောင်းပါး၊ ကလေးတို့ကိုယ်တိုင် ရေးဆွဲ ထားသော ကာတွန်းလက်ရာများကို တင်ဆက် ထားသည့် “ရွှေသွေးတို့လက်ရာ” ကဏ္ဍ၊ စကားပြောဆိုရာတွင် ယဉ်ယဉ်ကျေးကျေး ပြောဆိုပါက လူချစ်လူခင်ပေါများပြီး မိမိ အကျိုးစီးပွားလည်း အောင်မြင်ပုံအကြောင်း ကို ပညာပေးရေးသားတင်ဆက်ထားသည့် “ယဉ်ကျေးပျူငှာ ပြောဆိုပါမည်” ပုံပြင်ကဏ္ဍ၊ မိမိတို့ မထင်မှတ်ဘဲ ပြုလုပ်လိုက်သည့် အလုပ် တစ်ခုသည် လူတစ်ယောက်၏အသက်ကိုပင် ကယ်တင်လိုက်နိုင်ကြောင်းကို တင်ဆက် ထားသည့် “ပုပုပါဝင်သည့် ဆယ်မိနစ်” နှစ်မျက်နှာကာတွန်း၊ “ကလေးတို့ နေ့စဉ် ပြောဆိုဆက်ဆံနေထိုင်ရာ လူမှုဘဝတွင် အမုန်းစကားမပြောခြင်း၊ သူတစ်ပါးထိခိုက် စေသည့် အပြုအမူ၊ အပြောအဆိုတို့ကို ရှောင် ရှားခြင်းဖြင့် ကောင်းမွန်သော လူမှုပတ်ဝန်း ကျင်ကို ဖန်တီးစို့” သုတကဏ္ဍ၊ ကလေးတို့၏ မျက်စိလျင်မြန်မှုနှင့်အတူ ဉာဏ်စွမ်းရည် ထက်မြက်စေရန် ဖော်ပြထားသည့် “မတူညီ ချက် ငါးချက်” ဉာဏ်စမ်းကဏ္ဍ အပါအဝင် အင်္ဂလိပ်စာကဏ္ဍ၊ ကဗျာကဏ္ဍ စုံလင်စွာဖြင့် ဖတ်စရာမှတ်စရာများ ပါရှိကြောင်း သိရှိရသည်။
သတင်းစဉ်