Skip to main content

၇၄နှစ်မြောက်ပြည်ထောင်စုနေ့အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေးလုပ်ငန်း ညှိနှိုင်းအစည်း အဝေး ကျင်းပ

မြစ်ကြီးနား     ဇန်နဝါရီ   ၂၂

(၇၄) နှစ်မြောက်ပြည်ထောင်စုနေ့ အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား ယနေ့နံနက် (၁၀)နာရီက ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ပြည်နယ်ဝန်ကြီးများ၊ အစိုးရအဖွဲ့ညွှန်ကြားရေးမှူးနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။

ညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က (၇၄) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို အစိုးရအဖွဲ့ရုံးဝင်းအတွင်း၌ လူဦးရေအကန့်အသတ်ဖြင့်သာ ကျန်းမာ ရေးနှင့်အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသည့် စံလုပ်ငန်းလမ်းညွှန်ချက်၊ သတ်မှတ်ချက်များနှင့် အညီ ကျင်းပပြုလုပ်သွားမည်ဖြစ်သဖြင့် ဆပ်ကော်မတီအသီးသီးအနေဖြင့် ပြည်ထောင်စုနေ့အခမ်းအနား အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားရမည့် လုပ်ငန်းများနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးကြ ရန်လိုကြောင်း မှာကြားသည်။

ထိုနောက် ပြည်နယ်အစိုးရအဖွဲ့ညွှန်ကြားရေးမှူး ဦးဇော်ဇော်က ပြည်ထောင်စုနေ့လုပ်ငန်း ကော်မတီများ ဖွဲ့စည်းထားရှိမှုနှင့် စီမံဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းပြောကြားပြီး၊ တက်ရောက်လာကြသည့် သက်ဆိုင်ရာဆပ်ကော်မတီအသီးသီးမှ ပြည်ထောင်စုနေ့ ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားမည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ၇၄ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့သည်။

ပြည်နယ်(ပြန်/ဆက်)