နေပြည်တော် ဇန်နဝါရီ ၂၁
COVID-19 ကာလအတွင်း လူမှုဖူလုံရေးအဖွဲ့မှ လူမှုဖူလုံရေးအကျုံးဝင် ပုဂ္ဂလိကပိုင် စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းဌာနများရှိအာမခံအလုပ်သမားများအား လူမှုဖူလုံရေးထောက်ပံ့ငွေများအား ခွင့်ပြုထုတ်ပေးလျက်ရှိရာ COVID-19-19 1st Wave အတွက် ၁၃-၅-၂၀၂၀ရက်နေ့မှ ၁၉-၁-၂၀၂၁ ရက်နေ့အထိ စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းဌာန စုစုပေါင်း (၇၂၆၂) ဌာနမှ အာမခံ အလုပ်သမား (၈၂၅,၁၀၆) ဦးအတွက် ထောက်ပံ့ငွေကျပ်သန်း (၂၀,၇၆၃ . ၈၆၆) အား လည်းကောင်း။
COVID-19 2nd Wave အတွက် ၂-၁၀-၂၀၂၀ ရက်နေ့မှ ၁၉-၁-၂၀၂၁ ရက်နေ့အထိ စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းဌာနစုစုပေါင်း (၇,၀၅၁) ဌာနမှ အာမခံအလုပ်သမား (၇၀၄,၆၅၂ ဦးအတွက် ထောက်ပံ့ငွေကျပ်သန်း (၄၄,၅၇၄. ၈၀၁) အားလည်းကောင်း။ ။
Quarantine ဝင်ရောက်လျက်ရှိသည့် အာမခံအလုပ်သမား (၇.၉၆) ဦး အတွက် မကျန်းမာမှုအကျိုးခံစားခွင့် (၆၀ %) ခွင့်ပြုငွေကျပ်သန်း (၆၇ . ၅၈၆) အားလည်းကောင်း၊ COVID-19 ကာလအတွင်း အာမခံ အလုပ်သမား၊ ကိုယ်ဝန်ဆောင်မိခင် (၃,၆၂၀) ဦးအတွက် မကျန်းမာမှုအကျိုးခံစားခွင့် (၆၀ %) ခွင့်ပြုငွေကျပ်သန်း (၅၅၅ . ၅၁၅) အားလည်းကောင်း စုစုပေါင်း (၁,၅၃၄,၃၇၄) ဦးအတွက် ငွေကျပ်သန်းပေါင်း (၆၅,၉၆၁.၇၆၈) အား ခွင့်ပြု ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်