Feb 24, 2025
နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ (၁၇) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို စေတီတော်မြတ်ကြီး၏ တပေါင်းကွင်း၌ ၁၃၈၆ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက်မှ တပေါင်းလပြည့်နေ့အထိ (မတ် ၇ ရက်မှ ၁၃ ရက်အထိ) ခုနစ်ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့မှ သိရသည်။
Feb 24, 2025
ထမံသီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောရှိ တိရစ္ဆာန်မျိုးစိတ်များ ရှင်သန်ကျက်စားမှုကို လေ့လာသိရှိနိုင်ရန် နှစ်စဉ်ကင်မရာထောင်ချောက်များ တပ်ဆင်၍ မှတ်တမ်းယူလေ့ရှိရာ ယခုနှစ်တပ်ဆင်ထားသည့် ကင်မရာထောင်ချောက်များမှတစ်ဆင့် ရှားပါးမျိုးစိတ်ဝင်ဘင်္ဂလားကျားနှင့် ဝက်ဝံမျိုးစိတ်ရှင်သန်ကျက်စားမှုကို ဆက်လက်တွေ့ရှိရကြောင်း ထမံသီတောရိုင်းတိရစ္ဆာန် ဘေးမဲ့တောအုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။
Feb 24, 2025
အကြမ်းဖက်လုပ်ငန်းများဆောင်ရွက်နေသည့် PDF အဖွဲ့များအား တစ်ဖက်တစ်လမ်းမှ ထောက်ပံ့လှူဒါန်းစေရန်၊ လူငယ်လူရွယ်များ၏ မသိစိတ်များအတွင်း တပ်မတော်အပေါ် အထင်အမြင်လွဲမှားစေရန်နှင့် တော်လှန်လိုစိတ်တိုးပွားလာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် NUG,CRPH လက်အောက်ခံအကြမ်းဖက်အဖွဲ့အစည်းများက PDF Game Application များ တီထွင်ဖန်တီးအသုံးပြုလျက်ရှိကြောင်း စိစစ်တွေ့ရှိရသည့်အတွက် PDF Game ဆော့ကစားခြင်းသည် အကြမ်းဖက်အဖွဲ့အား ထောက်ပံ့ခြင်းဖြစ်၍ ဥပဒေအရ အရေးယူခံရနိုင်ကြောင်း အသိပေးအပ်ပါသည်။
Feb 24, 2025
လူမျိုး၊ ကိုးကွယ်ရာဘာသာ၊ ကျား/မ(သို့မဟုတ်) မည်သူမည်ဝါဖြစ်သည်ဆိုသည့် အကြောင်းအရာတို့အပေါ် အခြေပြု၍ လူပုဂ္ဂိုလ်တစ်ဦး(သို့မဟုတ်) လူအုပ်စုတစ်စုကို မျှတမှုမရှိစွာ ဝေဖန်သည့် (သို့မဟုတ်) မလိုမုန်းထားမှုကိုဖော်ပြသည့် ဆက်ဆံမှုတစ်မျိုးမျိုးကို ရည်ညွှန်းပြီး အကြမ်းဖက်ရန် လှုံ့ဆော်ခြင်းသည် အမုန်းစကားပင်ဖြစ်သည်။
Feb 24, 2025
ရန်ကုန်မြို့ ရေစီးရေလာစနစ်များ ပိုမိုကောင်းမွန်ရေးနှင့် မိုးရာသီအချိန်များတွင် လမ်းများ၊ ရပ်ကွက်များ၌ ရေကြီးရေလျှံမှုများ လျော့နည်းပပျောက်စေရေးတို့ကို ဦးတည်၍ လက်ရှိချောင်းများ၊ မြောင်းများ၊ အဓိကမြစ်ထွက်ပေါက်များကို ပြုပြင်ထိန်းသိမ်း အဆင့်မြှင့်တင်နိုင်ရန်အတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီရှိ အင်ဂျင်နီယာဌာနလေးဌာနအပြင် မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန၊ ကုန်စည်ပွဲရုံနှင့် ဈေးများဌာနတို့နှင့် ပူးပေါင်းပြီး စဉ်ဆက်မပြတ်အချိန်နှင့်တစ်ပြေးညီ ကြိုးပမ်းဆောင်ရွက် အကောင်အထည်ဖော်လျက်ရှိသည်။
Feb 24, 2025
လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ၎င်းတို့ အဓမ္မဝင်ရောက်နေထိုင်နေသည့် မြို့၊ ရွာများ၌ တပ်မတော်၏ တန်ပြန်ထိုးစစ်ဆင်မှုများကို ကာကွယ်ရန်အတွက် ပြည်သူတို့၏ နေအိမ်အဆောက်အအုံများ၊ အရပ်ဘက်အုပ်ချုပ်မှုဆိုင်ရာ အဆောက်အအုံများကို အသုံးပြုခြင်း၊ အပြစ်မဲ့ပြည်သူလူထုကို လူသားတံတိုင်းအဖြစ် အသုံးပြုနိုင်ရေး ယာယီနေရပ်စွန့်ခွာနေရသူများကို ပြန်လည်နေထိုင်ရန် ဆွဲဆောင်စည်းရုံးခြင်း၊ အတင်းအဓမ္မလူသစ်စုဆောင်းခြင်းများကို လုပ်ဆောင်လျက်ရှိကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို မဖြစ်မနေကာကွယ် စောင့်ရှောက်သွားမည်ဖြစ်ပြီး အဆိုပါလက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူများ၏ သတင်းရရှိမှုနှင့် အခြေအနေအရပ်ရပ်အပေါ် မူတည်၍ လိုအပ်သလို တုံ့ပြန် ဆောင်ရွက်သွားမည်ဖြစ်သဖြင့် ၎င်းတို့ အဓမ္မဝင်ရောက်နေထိုင်လျက်ရှိသည့် မြို့၊ ရွာများရှိ ပြည်သူများအနေဖြင့် ၎င်းတို့၏အသုံးချမှုမခံရစေရေးနှင့် ဘေးကင်းလုံခြုံမှုရှိစေရေးတို့အတွက် သတိပြုကြရန် လိုအပ်ကြောင်း။
Feb 24, 2025
ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး ခန့်ထားခြင်း
Feb 24, 2025
ရန်ကုန်မြို့ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ သုခဒဂုံပြည်သူ့အငှားအိမ်ရာစီမံကိန်းဧရိယာသည် ၁၈၁ ဧက ကျယ်ဝန်းပြီး လေးထပ် ၁၆ ခန်း နှစ်လုံးတွဲအဆောက်အအုံ ၂၇၂ လုံး တည်ဆောက်သွားမည်ဖြစ်ရာ လက်ရှိတွင် အဆောက်အအုံ စုစုပေါင်း ၁၇၁ လုံး ပြီးစီးနေပြီဖြစ်ပြီး လျှောက်ထားသူများအနက် မဲပေါက်သည့် အိမ်ထောင်စုပေါင်း ၂၇၃၆ စုကို နေထိုင်ခွင့်ပေးထားကြောင်း သိရသည်။
Feb 24, 2025
နေပြည်တော်ရှိ နည်းပညာမြှင့်တင်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနမှ ဒြပ်ပစ္စည်းသိပ္ပံသုတေသနဌာန (အေလာ) ဝန်ထမ်းများ၏ မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါသုတေသနဌာန၌ ကျင်းပသည်။
Feb 24, 2025
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Feb 24, 2025
ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ၏ အကြံပေးပုဂ္ဂိုလ် H.E. Mr. Anton Kobyakov ၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့၌ ဖေဖော်ဝါရီ ၂၀ ရက်နှင့် ၂၁ ရက်တို့တွင် ကျင်းပခဲ့သော “တတိယအကြိမ်မြောက်အနာဂတ်နည်းပညာဖိုရမ် (3rd Future Technologies Forum)” သို့ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်နှင့် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်တို့ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။
Feb 24, 2025
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီကမ္ဘာ့ဈေးနှုန်း ဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီအဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံတွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိသည်။
Feb 24, 2025
ရန်ကုန်စက်မှုတက္ကသိုလ် (ယခု ရန်ကုန်နည်းပညာတက္ကသိုလ်) ၁၉၈၁-၈၄ စက်မှုအင်ဂျင်နီယာကျောင်းဆင်းများ၏ နှစ် ၄၀ ပြည့် မြတ်ဆရာပူဇော်ပွဲကို ယနေ့နံနက် ၁၀နာရီက ရန်ကုန်မြို့ ဗဟန်းမြို့နယ်ကြားတောရလမ်းရှိ သုခပြည့်စုံ၊ ဓမ္မဗိမာန်တော်ကြီး ဦးအရိယကျောင်းတိုက်၌ ကျင်းပသည်။
Feb 24, 2025
၁၉၇၃ ခုနှစ် ဇူလိုင်လမှ စတင်ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၅၀ ကျော် စာချစ်သူများ လက်ခံအားပေးလာခဲ့သော သုတပဒေသာစာစောင်ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှစ၍ သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်ဟု အမည်ပြောင်းလဲကာ မျက်နှာဖုံးဒီဇိုင်း၊ အကြောင်းအရာနှင့် စာအုပ်အပြင်အဆင်တို့ အပြောင်းအလဲများပြုလုပ်ပြီး ဆယ်ကျော်သက်လူငယ်များကို ဦးတည်ပရိသတ်အဖြစ်ထားကာ လစဉ်ထုတ်ဝေလျက်ရှိသည်။ နိုင်ငံတကာထုတ်စာအုပ်စာစောင်များမှ ကောင်းနိုးရာရာ ခေတ်မီအကြောင်းရပ်များနှင့် ယခုလအတွက်ဖော်ပြသည့် “ပြည်ထောင်စုကြီးငြိမ်းချမ်းဖို့ တစ်မျိုးသားလုံးညီညွတ်စို့” မျက်နှာဖုံးဆောင်းပါးကြီးများ ပါဝင်သော သုတပဒေသာနှင့် လူငယ်ရေးရာစာစောင် (ဖေဖော်ဝါရီလ) ကို ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က ဖြန့်ချိလိုက်ပြီဖြစ်သည်။
Feb 24, 2025
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားအနေဖြင့် အများပြည်သူလူထု ရထားဖြင့် ခရီးသွားလာမှုအဆင်ပြေချောမွေ့စေရေးအတွက် အဓိကရထားလမ်းပိုင်းများဖြစ်သည့် ရန်ကုန် - မန္တလေးလမ်းပိုင်း၊ ရန်ကုန်-ပြည်လမ်းပိုင်း၊ ရန်ကုန်-မော်လမြိုင်လမ်းပိုင်းများနှင့် ရန်ကုန်မြို့ပတ်နှင့် ဆင်ခြေဖုံးလမ်းပိုင်းများတွင်သာမက အခြားလမ်းပိုင်းများဖြစ်သော ပုသိမ်-ဟင်္သာတ-ကြံခင်း လမ်းပိုင်း၊ ပျဉ်းမနား - တောင်တွင်းကြီး လမ်းပိုင်း၊ ရန်ကုန် - ပြည် - ပုဂံလမ်းပိုင်း၊ မြစ်ကြီးနား- မိုးကောင်းလမ်းပိုင်း၊ လက်ပံတန်း-သာရဝေါလမ်းပိုင်းနှင့် သာစည်-ရွှေညောင်လမ်းပိုင်း စသည့်လမ်းပိုင်းများတွင် လူစီးရထားခရီးစဉ်များကို စီစဉ်ပြေးဆွဲပေးလျက်ရှိရာ ဖေဖော်ဝါရီ ၂၈ ရက်မှစတင်၍ နေပြည်တော်- ရန်ကုန်- နေပြည်တော်ခရီးစဉ်အား ဂျပန်နိုင်ငံမှ ဝယ်ယူရောက်ရှိလာသည့် ခေတ်မီ DEMU ရထားတွဲဆိုင်းသစ်များဖြင့် စတင်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Feb 24, 2025
မန္တလေးတိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး မြေပြင်ကွင်းဆင်းကြီးကြပ်ရေးအဖွဲ့ခေါင်းဆောင် ဦးရွှေဇင်သည် ခရိုင်စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့ဥက္ကဋ္ဌ ဦးဇော်တင်မိုးနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့ဥက္ကဋ္ဌများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မိတ္ထီလာနှင့် မလှိုင်မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေး ဆွေးနွေးမှာကြားသည်။
Feb 24, 2025
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၂၁ ရက် မွန်းလွဲ ၃ နာရီတွင် ကျိုင်းတုံမြို့နယ် ပင်းတောက်ကျေးရွာအုပ်စု ဝမ်တာပုံကျေးရွာအနီးတွင် မိုင်းခတ်မှ ကျိုင်းတုံဘက်သို့ စိုင်းရီသန်းမောင်းနှင်လာသည့် TOYOTA HIACE အမျိုးအစားမော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ အိုက်စ် (မက်သ်အဖက်တမင်း) ၅၀ ကီလို(တစ်ကီလိုလျှင် ၈၀ သိန်းနှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ်သိန်း ၄၀၀၀) ကိုလည်းကောင်း၊ ထို့အတူ ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၂၂ ရက် မွန်းလွဲ ၁ နာရီခွဲတွင် တာချီလိတ်မြို့နယ် လွယ်တော်ခမ်းကျေးရွာအုပ်စု ပါကွေ့(အောက်)ကျေးရွာအနီးတွင် ဘာဘင်(ခ)အားဘူ မောင်းနှင်လာသော ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းစိမ်း ၂၄ ကီလို (တစ်ကီလိုလျှင် ခုနစ်သိန်းနှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၁၆၈ သိန်း) သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။
Feb 24, 2025
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၂၀ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အေးရှားဝေါလ်ကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ ကုန်သေတ္တာလေးလုံးအတွင်းမှ တရားဝင်စာရွက်စာတမ်းအထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၈၅၀၆၀၂၄၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
Feb 24, 2025
မကွေးတိုင်းဒေသကြီး ကံမမြို့နယ်အတွင်းရှိ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ပုဇင်းနိမ့်ကျေးရွာ၊ သူရတံခွန်လယ်ယာနှင့် အထွေထွေသမဝါယမအသင်းမှ အသင်းသားများ၏ ကြက်၊ ဝက်၊ ငါး၊ နို့စားနွားမွေးမြူရေးလုပ်ငန်းများကို ယနေ့တွင် တိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုသည်။
Feb 24, 2025
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် တာဝန်ရှိသူများသည် ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် သနပ်ပြင်ကျေးရွာရှိ ငမိုးရိပ်ဆည်ရေသောက်စနစ် နွေစပါးစံပြ ၁၄၈ ဧက စိုက်ကွင်း ကို ကွင်းဆင်းကြည့်ရှုသည်။