Skip to main content

Feb 26, 2025

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ ပန်းဥယျာဉ်နှင့် ကစားကွင်းများဌာနမှ အများပြည်သူ အပန်းဖြေအနားယူနိုင်မည့် ပန်းဥယျာဉ်တစ်ခုကို သိပ္ပံလမ်းနှင့် ၇၈ လမ်း ဆင်ဖြူကန်ကွင်းအတွင်း၌ ဖွင့်လှစ်ထားရှိပြီး မြမာလာဥယျာဉ်ဟု အမည်ပေးထားကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Feb 26, 2025

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို သီတင်းကျွတ်လပြည့်နေ့မှ ကဆုန်လပြည့်နေ့အထိ နှစ်စဉ်ကျင်းပလျက်ရှိရာ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများ စည်ကားသိုက်မြိုက်စွာဖြင့် နေ့စဉ်လာရောက်ဖူးမြော်နေကြပြီး ယခုနှစ်တွင် ယခင်နှစ်ကထက် လာရောက်ဖူးမြော်သူ ပိုမိုများပြားကြောင်း စေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံမှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Feb 26, 2025

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Feb 26, 2025

ပညာရေးဝန်ကြီးဌာန ဆရာအတတ်ပညာဦးစီးဌာန ကာယပညာနှင့် အားကစားနည်းပြ မွမ်းမံသင်တန်း (၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လယ်ဝေးအားကစား လေ့ကျင့်ရေးစခန်း၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 26, 2025

၂၀၂၄-၂၀၂၅ ပညာသင်နှစ်၏ သင်တန်းများ နှစ်ဆုံးတတ်မြောက်မှုစစ်ဆေးခြင်းစာမေးပွဲကို ဖေဖော်ဝါရီ ၁၄ ရက်မှ ၂၅ ရက်အတွင်း နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာနရှိ အစိုးရနည်းပညာအထက်တန်းကျောင်း ၃၅ ကျောင်းနှင့် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း ၅၆ ကျောင်း စုစုပေါင်း ၉၁ ကျောင်းတို့၌ ကျင်းပလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Feb 26, 2025

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Feb 26, 2025

ကျောက်ပန်းတောင်းမြို့နယ်နှင့် တောင်ကြီးမြို့နယ်တို့၌ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Feb 26, 2025

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် ဥက္ကံကံကုန်းကျေးရွာရှိ သံဃာတော်လေးပါးနှင့် ဒေသခံပြည်သူ ၁၂၃ ဦးတို့အား အဆိုပါကျေးရွာရှိ အောင်မြေကံကျောင်းတိုက်၌လည်းကောင်း၊ လှည်းကူးမြို့နယ် ဂွေးတောင်အိုင်ကျေးရွာရှိ သံဃာတော်ခြောက်ပါးနှင့် ဒေသခံပြည်သူ ၁၀၃ဦးတို့အား အဆိုပါကျေးရွာရှိ အုပ်ချုပ်ရေးမှူးရုံး၌လည်းကောင်း ရန်ကုန်တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့များက ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Feb 26, 2025

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားအနေဖြင့် အများပြည်သူလူထု ရထားဖြင့် ခရီးသွားလာမှု အဆင်ပြေချောမွေ့စေရေးအတွက် ရထားလမ်းပိုင်းများတွင် လူစီးရထားခရီးစဉ်များကို စီစဉ်ပြေးဆွဲပေးလျက်ရှိရာ ရန်ကုန် - နေပြည်တော် ခရီးစဉ်အမှတ် (၇) အဆန်ရထားနှင့် နေပြည်တော် - ရန်ကုန် ခရီးစဉ်အမှတ် (၈) အစုန် လူစီးရထားများအား ဂျပန်နိုင်ငံမှ ဝယ်ယူရောက်ရှိလာသည့် လေအေးပေးစက်ပါရှိသော ခေတ်မီ DEMU ရထားတွဲဆိုင်းသစ်များဖြင့်လည်းကောင်း၊ မန္တလေး - နေပြည်တော် ခရီးစဉ်အမှတ် (၂၈) အစုန်နှင့် နေပြည်တော် - မန္တလေး ခရီးစဉ်အမှတ် (၂၇) အဆန် လူစီးရထားများအား လေအိတ်ရထားတွဲဆိုင်းဖြင့်လည်းကောင်း ဖေဖော်ဝါရီ ၂၈ ရက်မှ စတင်ကာ ချိတ်ဆက်ပြေးဆွဲပေးသွားမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 26, 2025

ပညာရေးဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ပူးပေါင်း၍ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 26, 2025

အမျိုးသားမြေအသုံးချမှုကောင်စီ သတ္တမအကြိမ်အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာန အင်ကြင်းခန်းမ၌ ကျင်းပရာ အမျိုးသားမြေအသုံးချမှုကောင်စီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေး တက်ရောက်အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Feb 26, 2025

မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီဝင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယမန်နေ့နံနက်ပိုင်းက မွန်ပြည်နယ်အစိုးရ လူမှုရေးဝန်ကြီး ဦးစောကြည်နိုင်နှင့်အတူ မော်လမြိုင်တက္ကသိုလ်၌ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံ၍ လူငယ်ရေးရာကိစ္စများ ဆွေးနွေးမှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Feb 26, 2025

မြန်မာ့ဓလေ့ရိုးရာယဉ်ကျေးမှုအစဉ်အလာကို ထိန်းသိမ်းစောင့်ရှောက်တတ်စေရန်၊ ဝန်ထမ်းများအချင်းချင်း ရုံးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အပြန်အလှန် ညီညွတ်မျှတစွာဖြင့် အသင်းအဖွဲ့စိတ်ဓာတ်ကို အရင်းခံပြီး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်တတ်စေရန်၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ချစ်ကြည်ရင်းနှီးမှုနှင့် ပျော်ရွှင်မှုတို့ကို ရရှိစေရန် ရည်ရွယ်ချက်များဖြင့် ပြန်ကြားရေးဝန်ကြီးဌာန၏ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန ယာဉ်ရပ်နားဝင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 26, 2025

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ပြန်ကြားရေးဝန်ကြီးဌာန မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဖေဖော်ဝါရီ ၂၆ ရက်မှ ၂၈ ရက်အထိ အိမ်ရှင်အဖြစ် တာဝန်ယူကျင်းပမည့် “ထိရောက်သော လူထုဆက်ဆံရေးအတွက် အစိုးရပြောရေးဆိုခွင့်ရှိသူများ စွမ်းဆောင်ရည်မြှင့်တင်ခြင်း” အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များအား ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ Horizon Lakeview resort ၌ ညစာဖြင့် တည်ခင်းဧည့်ခံသည်။

ဆက်လက်ဖတ်ရှုရန်

Feb 26, 2025

၁။ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၉ အရ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုထားပြီးဖြစ်သည့် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ညောင်ရွှေမြို့၊ ဝင်းရပ် (၃) ကွက်၊ ဖောင်တော်ဆိပ်လမ်းတွင် ပါတီရုံးချုပ်တည်ရှိသော အင်းအမျိုးသားအဖွဲ့ချုပ်ပါတီ (Inn National League Party) သည် ယင်းပါတီ၏ အလံနှင့် တံဆိပ်တို့ကို ဖော်ပြပါအတိုင်း ပြောင်းလဲအသုံးပြုမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ တင်ပြလာပါသည်။

ဆက်လက်ဖတ်ရှုရန်

Feb 26, 2025

မြန်မာနိုင်ငံသည် နိုင်ငံတကာနှင့်ဆက်စပ်၍ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ ချိတ်ဆက်ဆောင်ရွက်နိုင်ရေး၊ ကောင်းမွန်သည့် ကျင့်ထုံးများအား အဖွဲ့ဝင်နိုင်ငံအချင်းချင်း ဖလှယ်နိုင်ရေးတို့ကို ဆောင်ရွက်လျက်ရှိသည်။ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် ရေးဆွဲပြဋ္ဌာန်းထားသည့် “မြန်မာနိုင်ငံ၏ လူမှုကာကွယ်စောင့်ရှောက်ရေး အမျိုးသားအဆင့် မဟာဗျူဟာစီမံချက် (၂၀၁၄) ”ကို ရေးဆွဲဆောင်ရွက်လျက်ရှိရာ ယခုအခါ ဆယ်နှစ်ကာလသို့ ရောက်ရှိခဲ့ပြီဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 26, 2025

နေ့အပူရှိန်များ မြင့်တက်လာနေပြီး ခြောက်သွေ့သည့်ရာသီသို့ ရောက်ရှိလာပြီဖြစ်သည့်အလျောက် နိုင်ငံတစ်ဝန်းရှိ အမြို့မြို့အနယ်နယ်တို့တွင် သက်ဆိုင်ရာမီးသတ်ဌာန တာဝန်ရှိသူများက မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးမှု၊ အသိပေးနှိုးဆော်မှု၊ သရုပ်ပြလေ့ကျင့်မှုတို့ ပြုလုပ်နေကြသည်ကို တွေ့ရှိရသည်။ အမျိုးမျိုးသော အကြောင်းများကြောင့် ဖြစ်ပေါ်လာသည့် မီးလောင်မှုသတင်းများကိုလည်း မကြာခဏဆိုသလို တွေ့ရှိလာရသည်။

ဆက်လက်ဖတ်ရှုရန်

Feb 25, 2025

ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်၊ ဦးကြီးတော်ကျေးရွာမှ အခြေခံပညာကျောင်းတက်နေသည့် ကလေး ၂ ဦးကို စစ်မှုထမ်းဆောင်ရန် အကြောင်းကြားခံရကြောင်းနှင့် စာသင်ကျောင်းများတွင် အသက် ၁၈ နှစ်ပြည့်ရန် လပိုင်းလိုသေးသည့် ကျောင်းသားစာရင်းများပါ ကောက်ယူနေကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက သတင်းတု၊ သတင်းအမှားများ မဟုတ်မမှန် လုပ်ကြံရေးသားပြီး ဝါဒဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Feb 25, 2025

ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ် မြဝတီမြို့ - ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေများတွင် တရားမဝင် Online လောင်းကစားမှုများ၊ Online လိမ်လည်မှုများ၊ ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသူများကို စစ်ဆေးဖော်ထုတ်လျက်ရှိရာ ယနေ့တွင် ပြည်ပနိုင်ငံသား ၁၆၈ ဦးကို ထပ်မံထိန်းသိမ်းနိုင်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Feb 25, 2025

တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြား ထုတ်ယူခြင်းနှင့်ပတ်သက်သော သတင်းကြေညာချက်

ဆက်လက်ဖတ်ရှုရန်