Skip to main content

လက်မှတ်ရပြည်သူ့စာရင်းကိုင် (ဒုတိယပိုင်း) သင်တန်း အမှတ်စဉ် (၄၈) သင်တန်းဖွင့်

နေပြည်တော် အောက်တိုဘာ ၂၂

မြန်မာနိုင်ငံစာရင်းကောင်စီက ကြီးမှူးကျင်းပသည့် လက်မှတ်ရပြည်သူ့စာရင်းကိုင် (Certified Public Accountant – CPA) (ဒုတိယပိုင်း) သင်တန်းအမှတ်စဉ် (၄၈) သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပသည်။

သင်တန်းဖွင့်ပွဲတွင် ဒုတိယစာရင်းစစ်ချုပ် မြန်မာနိုင်ငံစာရင်းကောင်စီ ဒုတိယဥက္ကဋ္ဌ(၁) ဒေါ်နိုင်သက်ဦးက သင်တန်းသားများသည် မကြာမီကာလအတွင်း စာရင်းပညာရှင်များအဖြစ် ရပ်တည် ဆောင်ရွက်သွားကြရမည့်သူများ ဖြစ်သဖြင့် သင်တန်းမှပို့ချမှုများကို အလေးအနက်ထား၍ သင်ယူကြစေလိုပါကြောင်း၊ ပညာရှင်နှင့်လျော်ညီသည့် လုပ်ငန်းကျွမ်းကျင်မှုနှင့် ကျင့်ဝတ်ပိုင်းဆိုင်ရာ အရည်အချင်းများပြည့်ဝနေရန် လိုအပ်သည့်အပြင် နည်းပညာဆိုင်ရာ တိုးတက်မှုများကိုလည်း အမြဲမပြတ်လေ့လာဆည်းပူးရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် စာရင်းပညာကဏ္ဍမှ တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်နိုင်သည့် စာရင်းပညာရှင်များဖြစ်စေရေး ကြိုးစားကြစေလိုပါကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း၊ ရန်ကုန်သင်တန်းကျောင်းတာဝန်ခံက သင်တန်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းပြောကြားသည်။

အဆိုပါသင်တန်းကို အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း ရန်ကုန်၌ အောက်တိုဘာ ၂၅ ရက်မှ ၂၀၂၆ ခုနှစ် စက်တင်ဘာလအထိ Online ဖြင့် ဖွင့်လှစ်သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်