Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းနှင့် ဂျပန်နိုင်ငံ၊ The Nippon Foundation အဖွဲ့ ဥက္ကဋ္ဌတို့ တွေ့ဆုံ

နေပြည်တော်    နိုဝင်ဘာ   ၁၄

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းနှင့် ဂျပန်နိုင်ငံ၊ The Nippon Foundation အဖွဲ့ဥက္ကဋ္ဌ Mr. Yohei Sasakawa နှင့် အဖွဲ့သည် ယနေ့ ညနေပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ဧည့်ခန်းမ၌ တွေ့ဆုံကြသည်။

တွေ့ဆုံစဉ် The Nippon Foundation မှ မြန်မာနိုင်ငံသို့ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးအပ်မည့်ကိစ္စ၊ ကိုဗစ်-၁၉ ရောဂါကာ ကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ဝန်ကြီးဌာနမှ လိုအပ်မည့် ဆေးနှင့်ဆေး ပစ္စည်း များ၊ ဆေးရုံ၊ ဆေးခန်းများ ဆောက်လုပ်လှူဒါန်းနိုင်မည့်ကိစ္စ၊ ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ လှူဒါန်းပေးအပ်နိုင်မည့်အခြေ အနေများ၊ ဂျပန်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန်ရန် ဆောင်ရွက်နိုင်မည့် ကိစ္စရပ်များ၊ ဂျပန်နိုင်ငံ၏ အကူအညီဖြင့် ဆောင်ရွက်နေသည့် ဆေးရုံဆောက်လုပ်ရေးနှင့် အဆင့်မြှင့်တင်ရေး လုပ်ငန်းများ ပြန်လည်ဆောင်ရွက်ပေးနိုင်ရေးကိစ္စများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 (သတင်းစဉ်)