Skip to main content

ယနေ့တွင် မြဝတီနှင့်ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းတို့မှ အောက်ဆီဂျင်(အရည်) Bowser ယာဉ်တစ်စီးဖြင့် တန် ၂၀ နှင့် နှာခေါင်းစည်း (Mask) ၁၆ တန်တို့ကို တင်သွင်းခဲ့

နေပြည်တော် နိုဝင်ဘာ ၁၄

 စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေး အချိန်နှင့် တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေး လျက်ရှိရာ ယနေ့တွင် မြဝတီနှင့် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းတို့မှ တင်သွင်းရာ၌ ကုမ္ပဏီနှစ်ခုမှ ယာဉ်စီးရေ သုံးစီးဖြင့် အောက်ဆီဂျင်(အရည်) Bowser ယာဉ် တစ်စီးဖြင့် တန် ၂၀ နှင့် နှာခေါင်းစည်း (Mask) ၁၆ တန်တို့ကို တင်သွင်းခဲ့သည်။ မြဝတီကုန်သွယ်ရေးဇုန်မှတင်သွင်းသည့် အောက်ဆီဂျင် (အရည်) Bowser ယာဉ်တစ်စီး မှာ ရန်ကုန်မြို့သို့ဖြစ်ကြောင်း သိရှိရသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသ ရေးဆိုင်ရာပစ္စည်းများကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေး တင်သွင်းခွင့်ပြုပေးလျက်ရှိပါကြောင်းနှင့် ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်းနှင့် ဆက်စပ်သည့် အသိပေးကြေညာချက်များကိုလည်း အများပြည်သူ သိရှိစေရန်ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက် ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားပါကြောင်း သိရှိရသည်။

သတင်းစဉ်