Skip to main content

Mar 19, 2022

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့နံနက်ပိုင်းက ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ရှိ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း (တောင်ကြီး)သို့ ရောက်ရှိကြည့်ရှုစစ်ဆေးပြီး သင်တန်းဆင်း သင်တန်းသူများကို အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေးအတွက် ဌာနဆိုင်ရာများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ချိတ်ဆက်ပေးရန်၊ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ ထူထောင်လုပ်ကိုင်လိုပါက လိုအပ်သည့် ငွေကြေးအရင်းအနှီးအား သမဝါယမအသင်းပုံစံ၊ အစုအဖွဲ့ပုံစံဖြင့် ဆောင်ရွက်နိုင်ရေး လိုအပ်သည်များ ကူညီပံ့ပိုးပေးရန်နှင့် ရက်ကန်းပညာရပ်များ တိုးတက်ဖွံ့ဖြိုးရေးအတွက် သုတေသနလုပ်ငန်းများဆောင်ရွက်ရန်မှာကြားကာ ကလောမြို့နယ်၊ မြောက်မြေခြားကျေးရွာနှင့် တောင်ပတ်ကျေးရွာ ကျေးရွာနှစ်ရွာ စုပေါင်းရေပေးရေးဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Mar 19, 2022

၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အလုပ်ခွင်ထိခိုက်မှုကြောင့်သေဆုံးခြင်း၊ အမြဲတမ်း မသန်စွမ်းဖြစ်ခြင်းတို့အတွက် ကျန်ရစ်သူအကျိုးခံစားခွင့်နှင့် ငွေလုံးငွေရင်း ခွင့်ပြုထုတ်ပေးသည့် အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်း ကျောင်း(ရန်ကင်း)၌ ကျင်းပရာ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တာဝန်ရှိသူများ၊ အလုပ်သမားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး တာဝန်ခံများ တက်ရောက် ကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 19, 2022

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန မွန်ပြည်နယ် ညွှန်ကြားရေးမှူးရုံး ဝန်ထမ်းအိမ်ရာ အဆောက်အအုံသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ ညနေ ၄ နာရီတွင် မော်လမြိုင်မြို့ မင်းရွာကျေးရွာအုပ်စု ရွာသစ်ကျေးရွာမော်လမြိုင်-ကျိုက်မရောလမ်းမဘေးရှိ အဆိုပါရုံးဝင်း အတွင်း၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 19, 2022

ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သည့် (၁၉)ကြိမ်မြောက် အာဆီယံ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ အစည်းအဝေး၊ (၁၂)ကြိမ်မြောက် အာဆီယံတပ်မတော် စစ်ဆင်ရေးမှူးချုပ်များ အစည်းအဝေးနှင့် (၁၉)ကြိမ်မြောက် အာဆီယံတပ်မတော် ထောက်လှမ်းရေးမှူးချုပ်များ အစည်းအဝေးများသို့ တက်ရောက်ခဲ့ကြသည့် ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး တို့ဦးဆောင်သော မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ညနေပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင် လေဆိပ်မှ နေပြည်တော်လေဆိပ်သို့ တပ်မတော် အထူးလေယာဉ်ဖြင့် ပြန်လည်ထွက်ခွာကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 19, 2022

အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော ဆော်ဒီအာရေဗျသံအမတ်ကြီး မစ္စတာ ဆာအု(ဒ်) ဘင် အဗ္ဗဒူ(လ်) လာ အယ်လ်စုတိုင်အား ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာနရှိ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Mar 19, 2022

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ဆော်ဒီအာရေဗျသံအမတ်ကြီး မစ္စတာ ဆာအု(ဒ်) ဘင် အဗ္ဗဒူ(လ်) လာ အယ်လ်စုဘိုင်အား ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Mar 19, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယနေ့မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့ရှိ တပ်နယ်ခန်းမ၌ ကလောတပ်နယ်မှ အရာရှိ/စစ်သည် မိသားစုဝင်များအား တွေ့ဆုံအမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Mar 19, 2022

ယနေ့ မတ်လ(၁၉) ရက်နေ့တွင် ကျရောက်သော (၄၈) နှစ်မြောက် မွန်ပြည်နယ်နေ့ မင်္ဂလာ အခါသမယ၌ မွန်ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသား သွေးချင်းညီအစ်ကို မောင်နှမများနှင့် နိုင်ငံတစ်ဝန်းရှိ ပြည်ထောင်စုဖွား မိဘပြည်သူညီအစ်ကိုမောင်နှမများ အားလုံး ကျန်းမာရွှင်လန်းပြီး ကောင်းကျိုးမင်္ဂလာအဖြာဖြာနှင့် ပြည့်ဝကြပါစေကြောင်း ဆုမွန်ကောင်း တောင်းလျက် ချစ်ကြည်လေးစားစွာ နှုတ်ခွန်းဆက်သအပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Mar 19, 2022

မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်အတွင်းရှိ ကျေးရွာများ၌ NLD ပါတီ ထောက်ခံသူ အစွန်းရောက် PDF အမည်ခံအကြမ်းဖက်အဖွဲ့၏ ဉပဒေမဲ့ခြိမ်းခြောက် လူသတ်မှု၊ မိုင်းထောင် ဖောက်ခွဲမှု၊ မီးရှို့မှုများကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရပြီး မိမိတို့၏ အသက်အန္တရာယ် လုံခြုံစိတ်ချရသည့် နေရာများတွင် ခေတ္တနေထိုင်နေကြသူများအား နေထိုင်စားသောက်မှု အဆင်ပြေစေရန်နှင့် ၎င်းတို့၏ ဒေသများတွင် ပြန်လည်တည်ထောင်နေထိုင်နိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Mar 19, 2022

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်နှင့် ကြည့်မြင်တိုင်မြို့နယ်များနေ ကောင်းကောင်း (ခ) ကောင်းမြတ်(ခ) စောကောင်းမြတ် (ခ) ဖြိုးမောင်မောင်(ဘ)ဦးရဲမြင့်၊ ဖြိုးကျော်ဇင် (ခ) ကိုဖြိုး(ဘ)ဦးအောင်ကျော်စိုး၊ ရဲလင်းစိုး(ခ) ကိုလင်း (ဘ) ဦးလှအုန်း၊ ရဲနိုင်(ခ) ကိုရဲ(ဘ) ဦးသန်းဇော်ဦး၊ လင်းလင်းထက်(ခ) ထက်ကြီး (ဘ)ဦးကျော်ဆွေ၊ ပြည့်ဖြိုးသူ (ခ) လူကာ(ဘ)ဦးပြည့်စုံဝင်း၊ ဇော်မင်းထွန်း(ခ) ကိုဇော်(ဘ) ဦးချစ်စိန်နှင့် ဇော်ကိုကို (ဘ)ဦးတင်ဝင်းတို့သည် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရှိ သောင်ကြီးနယ်မြေရဲစခန်းအား ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ အများပြည်သူများ သွားလာလျက်ရှိသည့်နေရာများ၊

ဆက်လက်ဖတ်ရှုရန်

Mar 19, 2022

မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ်ရှိ PDF အမည်ခံအကြမ်းဖက်သမားများက ယနေ့နံနက်ပိုင်းတွင် မြောက်ခင်ရန်းကျေးရွာကို ဝင်ရောက်စီးနင်းတိုက်ခိုက်ကာ လူနေအိမ်များ မီးရှို့ဖျက်ဆီး၍ အပြစ်မဲ့ပြည်သူများအား ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 19, 2022

မြန်မာ့တပ်မတော်သည် လွတ်လပ်ရေးကြိုးပမ်းမှုနှင့်အတူ ပြည်သူထဲမှ ပေါ်ပေါက်လာသော တပ်မတော်ဖြစ်သည်။ ၂၀ ရာစုအစတွင် ဗြိတိသျှကိုလိုနီ လက်အောက်သို့ကျရောက်ခဲ့သော မြန်မာနိုင်ငံအား နယ်ချဲ့လက်အောက်မှ လွတ်မြောက်ရန် ကြိုးပမ်းအားထုတ်ရင်း ဗမာ့ လွတ်လပ်ရေးတပ်မတော်ဟူ၍ စတင်သန္ဓေတည်ခဲ့သည်။ ထိုမှတစ်ဆင့် ဗမာ့ကာကွယ်ရေး တပ်မတော်အဖြစ် ပြောင်းလဲဖွဲ့စည်းပြီး လွတ်လပ်ရေးရသောအခါ မြန်မာ့တပ်မတော်အဖြစ် ပြောင်းလဲခဲ့သည်။

ဆက်လက်ဖတ်ရှုရန်