Skip to main content

ရွှေသွေးဂျာနယ်ထွက်ရှိ

နေပြည်တော် ဇွန် ၂၉

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ် စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။

၁ - ၇ - ၂၀၂၃ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၅)၊ အမှတ်(၂၆) တွင် စည်းကမ်းမရှိသည့်အတွက် ပုံဆွဲခဲတံလေးပျောက်ဆုံးသွားသော်လည်း ကံကောင်းစွာ ပြန်လည်တွေ့ရှိသွားသည့်အကြောင်း တင်ဆက်ထားသည့် “ကြွက်နှင့် ခဲတံလေး” မျက်နှာဖုံးကာတွန်း၊ မြန်မာ့ရိုးရာသိုင်းပညာကို သင်ချင်ပြီး သူတစ်ပါးကို ကူညီချင်သော နိုးတူးနှင့် သိုင်းဆရာကြီးတို့ တွေ့ဆုံမိသည့်အကြောင်း တင်ဆက်ထားသည့် “နိုးတူးနှင့် တုံတုံ” နှစ်မျက်နှာကာတွန်း၊ အမေဖြစ်သူက “သားသမီးမကောင်း ဘယ်သူ့ခေါင်းလဲ” ဟု ဖူးငယ်ကို မေးသောအခါ သူ့အတွေးဖြင့် ပြန်ဖြေထားသည့်အကြောင်း တင်ဆက်ထား သည့် “ဖူးငယ်” တစ်မျက်နှာကာတွန်း၊ ကလေးတို့သဘာဝ စူးစမ်းလေ့လာတတ်ပုံ၊ အမေးအမြန်းထူပုံကို တင်ဆက်ထားသည့် “မေးခဲ့ဖူးတယ်” နှစ်မျက်နှာကာတွန်း၊ ဗဟုသုတရမည့် စာအုပ်တွေဖတ်သင့်ကြောင်း တင်ဆက်ထားသည့် “ရန်ပိုင်စိုး” နှစ်မျက်နှာကာတွန်း၊ သူငယ်ချင်းအချင်းချင်း မိမိတို့၏အဘိုးများ အသက်ရှည်ကြပုံကို စကားနိုင်လု၍ ပြောဆို ခြင်းအကြောင်း တင်ဆက်ထားသည့် “အာတူး နဲ့လိပ်ပု” မျက်နှာဝက်ကာတွန်းကဏ္ဍ၊ ဝါဆိုလ တွင် ရဟန်းသံဃာများအား ဝါဆိုသင်္ဃန်း ဆက်ကပ်လှူဒါန်းပုံ၊ ဆည်မြောင်းချောင်းကန်များ ရေပြည့်လျှံ၍ သီးနှံများဖြစ်ထွန်းပုံနှင့် သစ်တောသစ်ပင်များ စိမ်းစိုပုံကို ရေးဖွဲ့ထားသည့် “လမြတ်ဝါဆို” ကဗျာကဏ္ဍ၊ သုတကဏ္ဍ၊ အင်္ဂလိပ်စာသင်ခန်းစာကဏ္ဍ၊ ဉာဏ်စမ်းကဏ္ဍ၊ ဝတ္ထုကဏ္ဍနှင့် ပုံပြင်ကဏ္ဍအပါအဝင် ကဏ္ဍစုံလင်စွာ ထွက်ရှိပြီဖြစ်ရာ တစ်စောင်လျှင် ငွေကျပ် ၄၀၀ ဖြင့် စာပေဗိမာန် စာအုပ်အရောင်းဆိုင်များတွင် ဝယ်ယူနိုင်ကြောင်း သိရသည်။

သတင်းစဉ်